ထိပ်ကပ်နာ (သို့မဟုတ်) နှာခေါင်းရောဂါ အကြောင်း သိကောင်းစရာ
ကျွန်တော်တို့ ကျန်းမာ နေစဉ်တွင် ၎င်း လှိုဏ်လေး များမှာ လေများဖြင့် ပြည့်နေ ပါသည်။ ထိုသို့ ဖြစ်နေခြင်း ၏ အကျိုးကြောင့် ကျွန်တော် တို့ ဦးခေါင်းရိုး အား နဂို ရှိရင်း အလေးချိန် ထက် ပေါ့စေပါသည်။ ထို့ပြင် အသံအိုး မှ လာသော အသံကို သည် လှိုဏ်လေး များ နဲ့ အကြောင်း ပြုပြီး ကွဲပြားသော အသံများ ထွက်လာ ပါသည်။
ဒီလှိုဏ် လေးတွေဟာ နှာခေါင်း လမ်းကြောင်းမှာ သွားပြီး ပွင့်နေ ရပါတယ်။ ဒါမှသာ ဒီ လှိုဏ်လေး တွေထဲမှာ ရှိတဲ့ လေတွေက ပြင်ပ လေနဲ့ လဲလှယ် နိုင်မှာ ဖြစ်သလို သူတို့ ထဲမှာ ရှိတဲ့ အချွဲ အကျိ အရည် တွေ ကလည်း နှာခေါင်း အတွင်းကို ကောင်းမွန်စွာ စီးကျ နိုင်မှာ ဖြစ်ပါတယ်။
အဲဒီတော့ လှိုဏ် အ၀လေးတွေ ပိတ်ပြီ ဆိုရင် လှိုဏ်နံရံ အမြှေးပါး ( sinus membrane) တွေ ယောင်ပြီးတော့ ထိပ်ကပ်နာ ရတော့ တာပါပဲ။ ဒီ အမြှေးပါး တွေ ယောင်ဖို့ ပိုပြီး အခွင့်အလမ်း ရှိတဲ့ အကြောင်းအရာ တွေ ကတော့ -
1. အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ရောဂါပိုး ၀င်နေတဲ့ သူတွေ (ဥပမာ – တုပ်ကွေး ၊ စသဖြင့်ပေါ့)
2. ဓာတ်မတည့် တတ်တဲ့သူတွေ (Allergic ရှိသူများ ၊ခြင်ဆေး အမွှေးတိုင် အမှုံအမွှား စသည် တို့်ဖြင့် ဓာတ်မတည့် သူများ … )
3. ရင်ကြပ်ရောဂါ ရှိသူများ
4. ဆေးလိပ်သောက်သူများ
5. ဟိုမုန်း hormone အပြောင်းအလဲ ဖြစ်တဲ့ကာလ (ဥပမာ – ကိုယ်ဝန် ဆောင်စဉ်)
6. သွေးချို ဆီးချို ရောဂါ ရှိတဲ့သူများ
7. နှာခေါင်း အတွင်း ပြင်ပရှိ ပစ္စည်း ၀င်နေသူများ (ဥပမာ – ချိုချဉ် သကြားလုံး ပဲစေ့)
8. ကိုကင်းရှူ သူများ
9. အကြောင်းကြောင်းကြောင့် နှာခေါင်းပိုက် ထည့်ထား ရသူများ
10. သွား ပြဿနာ ရှိသူများ (သွားကိုက်ခြင်း)
11. နှာခေါင်း နဲ့ ပါး တို့တွင် ထိခိုက် ဒဏ်ရာ ရှိနေသူများ
12. နှာခေါင်း ထဲမှာအဖုအကျိတ် တွေ ဖြစ်နေသူများ
မှာ လှိုဏ်ဝတွေ ပိတ်ပြီးတော့ ယောင်နိုင်ပါတယ်။
အကြောင်း အမျိုးမျိုးကြောင့် ဒီ လှိုဏ်ဝလေးတွေ ပိတ်ရင် လှိုဏ်(sinus) တွေ အ တွင်းမှာ bacteria တွေ ပေါက်ဖွား နိုင်ပြီးတော့ ထိပ်ကပ်နာ ဖြစ်နိုင် ပါတယ်။
၎င်းထိပ်ကပ်နာကို (၂) မျိုးခွဲပါတယ်။
1. ခဏတဖြုတ် (အာဂန္တု) ထိပ်ကပ်နာ နှင့်
2. နာတာရှည် ထိပ်ကပ်နာ ရယ်လို့ နှစ်မျိုး ခွဲထားပါတယ်။
ရက်သတ္တ လေးပါတ် အောက် ဆိုရင် ခဏတဖြုတ် လို့ သတ်မှတ်ပြီး လေး ပါတ် ထက် ကျော်ရင်တော့ အကြမ်း အားဖြင့် နာတာရှည် လို့ပဲ သတ်မှတ် ပါတယ်။ သူတို့ နှစ်မျိုး လုံးမှာ ဖြစ်တဲ့ လက္ခဏာ တွေကတော့ အတုတူပဲ ဖြစ်ပါတယ်။
1. နှာပိတ်နေခြင်း (သို့) နေ့ပိုင်းမှာ နှာရည် တတောက်တောက် နဲ့ ဖြစ်နေပါမယ်၊ နှာခေါင်းထဲမှာ ပြည့်နေ သလို မျိုး ခံစားရပြီး ခေါင်းငုံ့ရင် ပိုပြီး ခံစားရပါတယ်။
2. နှာခေါင်း ကနေ နှာရည် ပြစ်ပြစ် တွေ ထွက်နေ ပါမယ်။ (bacteria ကြောင့် ဆိုရင် နှာရည် က ပိုပြစ်ပြီး အရောင်က အစိမ်းရောင်(သို့) ၀ါကျင့်ကျင့် အရောင် ဖြစ်နေ နိုင်ပါတယ်။
3. မျက်နှာကြီး တင်းနေ သလို မျိုး ခံစားရပါမယ် ၊ မနက် အိပ်ရာ ထ ဆိုရင် ပိုဆိုး ပါမယ်။
4. မျက်လုံး ပတ်ဝန်းကျင်မှာ ရောင်နေ နိုင်ပါတယ်
5. မနက် အိပ်ယာ ထမှာ ဖြစ်စေ ခေါင်းငုံ့ လိုက်ရင်ဖြစ်စေ ခေါင်းကိုက် တတ်ပါတယ်
6. ပါးရိုးတွေ မျက်ရိုးတွေ ကိုက်တတ် ပါတယ်
7. ပါးရိုးက sinus တွေ ယောင်တာ ဆိုရင် သွားပါ ကိုက်နိုင်ပါတယ်
8. ကိုယ်ပူ တက်နိုင်ပါတယ်
9. တချို့ မှာတော့ ည အိပ်ရေး ပျက်လောက်အောင် ချောင်းခြောက် တွေဆိုးကြပါတယ်
10. တခါတလေ တော့လဲ အစာအိမ်မှာ ပြဿနာ တက်ပြီး ပျို့တာ အန်တာတွေပါ ဖြစ်နိုင်ပါတယ်
( မှ ) ကူးယူဖော်ပြသည်
ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် ဖြေရှင်းနည်း
ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် ဖြေရှင်းနည်းမိန်းကလေး တစ်ယောက် အတွက် ဆံပင်က သူရဲ့ အလှတရားပါ။ သုတေ သီတွေက ဆံပင်ဟာ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဖော်ညွှန်းနိုင်တယ်လို့ မှတ်ချက် ပြုပါတယ်။
၁။ သိုင်းရွိုက် ပြဿနာများ
သိုင်းရွိုက်ဆိုတာ သင့်လည်ပင်းရဲ့ အခြေလေးမှာ ရှိနေတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းတစ်ခုပါ။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု အတော်များများကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ အဲဒီဂလင်းက ပုံမှန် မဟုတ်ဘဲ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းတာ၊ များတာတွေ ဖြစ်တဲ့အခါ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်ကလည်း လွဲချော် သွားတတ်ပါတယ်။ ဒါပေမဲ့ သိုင်းရွိုက်ရောဂါကြောင့် ဆံပင်ကျွတ်တာကို တခြား ရောဂါလက္ခဏာတွေ ဖြစ်တဲ့ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ အပူ၊ အအေးဒဏ် မခံနိုင်တာနဲ့ နှလုံးခုန်နှုန်း ပြောင်းလဲတာတွေလောက် မတွေ့ရတတ်ပါဘူး။
၂။ ခန္ဓာကိုယ် ခုခံအားစနစ်က တိုက်ခိုက်ခြင်း
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဆံချည်မျှင် အိတ်တွေကို မှားယွင်း တိုက်ခိုက်တာကြောင့် ဆံပင်ကျွတ်ရတာပါ။ တွေ့ရခဲတဲ့ ရောဂါ တစ်ခုပါ။ ဒါပေမဲ့ ကျွတ်သွားတဲ့ ဆံပင်နေရာမှာ နောက်ခြောက်လကနေ တစ်နှစ်အတွင်း ဆံပင်အသစ်တွေ ထပ်ထွက်လာပါတယ်။
၃။ ပွေးပေါက်ခြင်း
ဦးရေပြားမှာ ပွေးပေါက်တဲ့အခါ မှိုပိုးကြောင့် ဦးရေပြား ယားယံတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ မှိုပိုးသတ်ဆေးနဲ့ ကုသရပါမယ်။ မှိုပိုးက တိုက်ရိုက် ထိမိတဲ့ နေရာတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။
၎။ ကလေးမွေးဖွားခြင်း
တချို့ မိန်းကလေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ များလာတတ်တာကို သတိပြုမိတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေ များလာတာကြောင့် ဆံပင်တွေ မကျွတ်ဘဲ ခဏတာ ရပ်တန့်နေတာပါ။ ဒါဟာ ပုံမှန်ပါပဲ။ ကလေးမွေးပြီးချိန်မှာတော့ ဟော်မုန်း ပမာဏက ပုံမှန် အခြေအနေကို ပြန်ရောက်သွားတာကြောင့် ရပ်တန့်နေတဲ့ ဆံပင်တွေက အလျင်အမြန် ကျွတ်ကျလာပါတယ်။ တစ်ချိန်တည်းမှာ ဆံပင်တွေ အများကြီး ကျွတ်သွားတာကြောင့် အံ့အားသင့်နိုင်ပါတယ်။ နောင်နှစ်နှစ် ကြာတဲ့အခါ ဆံပင်တွေ နဂိုအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။
၅။ ဆေးဝါးများ သောက်သုံးရခြင်း
ပဋိသန္ဓေတားဆေးတွေက ဆံပင် ကျွတ်စေပါတယ်။ သားဥကြွေတဲ့ ဖြစ်စဉ်ကို ဖိနှိပ်ထားတဲ့ ဟော်မုန်းတွေက တချို့ မိန်းကလေးတွေမှာ ဆံပင် ကျွတ်စေပါတယ်။ မိဘမျိုးရိုးမှာ ဆံပင်ကျွတ်ဖူးတဲ့ ရာဇဝင်ရှိရင် သင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ တချို့ မိန်းကလေးတွေကတော့ ပဋိသန္ဓေတားဆေး သုံးနေရာမှ ဖြတ်လိုက်တဲ့အခါ ဆံပင် ကျွတ်တတ်ပါတယ်။ သွေးကျဲဆေး၊ သွေးပေါင် ထိန်းညှိပေးတဲ့ တချို့ ဆေးဝါးတွေ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အရိုးအဆစ် ရောင်ရမ်းနာတွေအတွက် အသုံးပြုရတဲ့ တချို့ ဆေးတွေကလည်း ဆံပင်ကျွတ်တာနဲ့ ဆက်စပ်မှု အနည်းငယ်ရှိပါတယ်။
၆။ အစာ လျှော့စားခြင်း
သင်က ကိုယ်အလေးချိန် လျှော့ချချင်လို့ အစားအသောက်တွေ လျှော့ချ စားသောက်နေတာကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် လျှော့ချလိုက်တာ ၁၅ ပေါင် လျော့ကျသွားပြီး သုံးလကနေ ခြောက်လအတွင်း ဆံပင် ကျွတ်လာတာကို သင်သတိထားမိမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးရင် ဆံပင်တွေ ပြန်ပေါက်လာနိုင်ပါတယ်။
၇။ ဆံပင်စတိုင်
ဦးရေပြားကနေ ကျစ်ဆံမြီး သေးသေးလေးတွေကို တင်းတင်း ကျစ်ထားတာကလည်း ဆံပင်ကျွတ်စေပါတယ်။ ကျစ်ဆံမြီးကို ဖြေလိုက်ပါက တဖြည်းဖြည်းနဲ့ ပုံမှန် ဆံပင် အနေအထားကို ပြန်ရောက်နိုင်ပါတယ်။ ဒီဆံပင်စတိုင်ကို ကြာရှည် စွဲမြဲစွာ ပြုလုပ်ထားပါက ဆံပင် ကျွတ်တာကို ပိုဆိုးစေပါတယ်။
၈။ ကင်ဆာရောဂါ
ကုသနေခြင်း ကင်ဆာရောဂါ ကုသမှုနှစ်ခုဖြစ်တဲ့ ခီမိုဆေးတွေ ပေးတာနဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသတာတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဆံပင် ကျွတ်စေပါတယ်။ ဒီကုသမှု နှစ်ခုစလုံးက ဆံချည်မျှင် အိတ်တွေကို ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကျွတ်တာက အမြဲဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ကုသမှု ပြီးမြောက်လို့ ဆေးဖြတ်လိုက်တဲ့အခါ ဆံပင် ပြန်ပေါက်လာပါတယ်။
၉။ ဖိစီးမှု များလွန်းခြင်း
ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ အလွန်အမင်း များလွန်းတဲ့အခါ ဦးရေပြားမှာ ရှိနေတဲ့ ဆံပင်တွေရဲ့ လေးပုံတစ်ပုံလောက်က ရုတ်တရက် ကျွတ်နိုင်ပါတယ်။
၁၀။ ကျန်းမာရေး မကောင်းခြင်း
ကျန်းမာရေး မကောင်းတာကြောင့် ဆံပင်ကျွတ်တာက ခြောက်လကနေ ရှစ်လအထိ ဖြစ်နိုင်ပါတယ်။ ဥပမာ- အလွန်အမင်း နေမကောင်းဖြစ်ခြင်း၊ အကြီးစားခွဲစိတ်မှု ပြုလုပ်ထားခြင်း၊ ထိခိုက်မှုကြောင့် သွေးဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း၊ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရခြင်း စတာတွေကြောင့်လည်း ဆံပင် ကျွတ်နိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်းအတွက် ကုသမှု
၁။ ဆေးဝါးဖြင့် ကုသခြင်း
မိန်းကလေးတွေမှာ ဆံပင်ကျွတ်တာအတွက် ကုသဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက Minoxidil ဆေးကို အတည်ပြု ထားပါတယ်။ ဒီဆေးက မိန်းကလေးအများစုမှာ ဆံပင်ကျွတ်တာကို နှေးသွားစေတာ ဒါမှမဟုတ် လုံးဝ ရပ်တန့်သွားစေပါတယ်။ ဒါ့အပြင် ဆံပင် ပြန်ပေါက်စေဖို့လည်း အားပေးပါတယ်။ ဆံပင်ကျွတ်တဲ့ တချို့ မိန်းကလေးတွေမှာ ကော်တီကိုစတီးရွိုက်ဆေးက ဆံပင် ပြန်ပေါက်စေပါတယ်။ ခန္ဓာကိုယ်မှာ တခြားရောဂါတွေ ခံစားနေရပါက ကုသမှု ခံယူတာ၊ အာဟာရ မျှတအောင် စားတာတွေကလည်း ဆံပင် ပြန်ထွက်စေပါတယ်။
၂။ လေဆာဖြင့် ကုသခြင်း
ဆံပင်ကျွတ်တာအတွက် လေဆာနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ လေဆာရောင်ခြည် အနည်းငယ် ပေးပြီး ဆံပင်ပြန်ထွက်စေဖို့ လှုံ့ဆော်မှု ပြုလုပ် တာပါ။ ဆေးခန်း မှာ ပြုလုပ်နိုင် သလို အိမ်မှာ ကိုယ့်ဘာသာ ပြုလုပ်နိုင်တဲ့ ပစ္စည်းတွေလည်း ပေါ်နေပါပြီ။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက စမ်းသပ် မှုတွေ ပြုလုပ်နေ ပါတယ်။ မကြာခင်မှာ တိကျတဲ့ အဖြေထွက်ပေါ်လာမှာပါ။ ဆံပင်ကျွတ်တာအတွက် ရေရှည် သုံးစွဲပါက ထိရောက်မှု ရှိ၊ မရှိနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိကတော့ မသိရှိရသေးပါဘူး။
၃။ လိမ်းဆေးများဖြင့် ကုသခြင်း
ဆေးတွေကတော့ အမျိုးစုံ ပေါ်နေတာပါ။ သင်နဲ့ သင့်တော်မှုရှိတဲ့ အမျိုးအစားကို ရွေးချယ် အသုံးပြုရမှာပါ။ ဝယ်ယူတဲ့အခါ အရေပြား အထူးကုရဲ့ ထောက်ခံမှု၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနရဲ့ ထောက်ခံမှုတွေပါ ရှိ၊ မရှိ သေချာအောင် စစ်ဆေး ကြည့်ပြီးမှ ဝယ်ယူ သုံးစွဲပါ။
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
လက်သည်း ခြေသည်း များက ပြောသော ရောဂါများ
![]() | ![]() |
လက်သည်း ရင်းခုံး လာခြင်း(Clubbing):
လက်သည်း ရင်းခုံးခြင်း ဟာ ခန္ဓာကိုယ်တွင်း ရောဂါကြောင့် လက်သည်းခွံ
အောက်ခြေမှ တစ်ရှူးများ ထူထဲလာပြီး လက်သည်း ခွံရင်းမှ ထောင့်ချိုး
ပျောက်သွားခြင်းကို ခေါ်ပါတယ် ... အလွယ်တကူ စမ်းသပ်နည်း ကတော့ (ပုံပါ
အတိုင်း) လက် တစ်ဖက်စီ မှ လက်ချောင်းများအား လက်သည်းချင်း ကပ်၍ ထားပါက
လက်သည်း ရင်းကြားတွင် ပုံမှန် တွေ့ရသော စိန်ပုံ သဏ္ဍန် ကွက်လပ် (diamond
shape space) ပျောက်နေ ပါက လက်သည်း ရင်းခုံးခြင်း ဖြစ်ပေါ် နေပါတယ်
("Schamroth Sign") ........ ............ .......... ..........
............လက်သည်း ရင်းခုံးခြင်း ဖြစ်ရတဲ့ အကြောင်းတွေ ကတော့
| ![]() | |
![]() |
![]() |
လက်သည်းခွက်ခြင်း(Koilonychia): လက်သည်း ဟာ ဇွန်းလို ခွက်နေပါက အောက်ပါ ရောဂါများ ဖြစ်နိုင် ပါတယ် ...
|
လက်သည်း ကန့်လန့်ဖြတ် လိုင်းပေါ်ခြင်း (Beau's Lines):
လက်သည်း ရှည်ထွက်ခြင်း ကို အဟန့်အတား ဖြစ်စေသော အပြင်းအထန် နေမကောင်းပါက
လက်သည်းပေါ်မှာ ကန့်လန့်ဖြတ် လိုင်းပေါ် လာပါတယ် ... အောက်ပါ ရောဂါများဟာ
ကန့်လန့်ဖြတ်လိုင်း ပေါ်လာ နိုင်ပါတယ်..
| ![]() |
![]() |
လက်သည်း ကွာခြင်း(Onycholysis): လက်သည်းဟာ လက်သည်း အောက်ခြေ အရေပြားမှ ကွာဟ လာပါက အောက်ပါ ရောဂါများ ဖြစ်နိုင်ပါတယ် ...
|
လက်သည်း အောက်သွေး ယိုစီးကြောင်း ပေါ်ခြင်း (Splinter haemorrhage):
လက်သည်း အောက်တွင် ဒေါင်လိုက် သွေးယိုစီးကြောင်း ပေါ်ခြင်းကို ခေါ်ပါတယ် ...
အောက်ပါ ရောဂါများဟာ သွေးယို စီးကြောင်း ပေါ်လာ နိုင်ပါတယ်..
| ![]() |
![]() |
လက်သည်း ဖြူခြင်း (leukonychia):
လက်သည်း တစ်ခုလုံး (သို့) တစ်စိတ် တစ်ပိုင်း အစက် အပြောက် အားဖြင့်
ဖြူခြင်း ကို ခေါ်ပါတယ် ... အစက်အပြောက် အားဖြင့် ဖြူခြင်းကို လက်သည်း
ပွင့်သည် ဟုလည်း ခေါ်ကြပါတယ် ... အောက်ပါ အခြေအနေများ ကြောင့်
ဖြစ်နိုင်ပါတယ် ...
|
နှစ်ရောင်ချယ် လက်သည်း (Half and Half nails):
လက်သည်း အရင်းပိုင်းသည် အဖြူရောင် ဖြစ်နေပြီး အဖျားပိုင်းသည်
အညိုရောင်ဖြစ်နေခြင်းကို ခေါ်ပါတယ် ... အခု လို ဖြစ်ရခြင်း ရဲ့ အကြောင်း
ကတော့ နာတာရှည် ကျောက်ကပ် အလုပ် မလုပ် သောရောဂါ (Chronic Renal Failure)
ကြောင့်ပဲ ဖြစ်ပါတယ် ...
| ![]() |
ဝမ်းဗိုက်ရောဂါအကြောင်း
ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း သည် လူနာများ အဖြစ် အများဆုံးနှင့် ဆရာဝန်ထံ လာရောက် ပြသသည့် အများဆုံး
ရောဂါ လက္ခဏာဖြစ်သည်။ ပုံစံစုံ၊ ဝမ်းဗိုက်နေရာအနှံ့ နာလေ့ရှိ သည်။ မျှဉ်းမျှဉ်း နာသကဲ့သို့ ပြင်း ပြင်းလည်း နာတတ်
သည်...။ အများစု မှာ သာမန်နာ၊ ခဏနာလေ့ရှိသော် လည်း တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား၊ အချိန်ကြာကြာ နာတတ်
သည်။ ထို အခါ လူနာများက စိုးရိမ်ပူပန်လာကြ သည်။ ဘာကြောင့် နာသနည်းဟု သိလိုကြသည်။ ခွဲစိတ်ခံရမည်ကို
စိုးရိမ်လာကြသည်။ ပူပန်မှုအများဆုံးမှာ ဝမ်းဗိုက်အတွင်း ကင်ဆာကဲ့သို့သော ရောဂါရှိလေမလားဟူ၍ ဖြစ်သည်။
ဗိုက်နာလူနာကို ဆရာဝန်က ချဉ်းကပ်ရာတွင် ရောဂါ ရာဇဝင်ဖြစ်စဉ် ကို အသေးစိတ် မေးလေ့ရှိသည်။ နာ သည့်နေရာ၊
နာပုံနာနည်း၊ ဗိုက်နာ ခြင်း၏ ပြင်းထန်မှုနှင့် အချိန်ကြာမြင့်မှု စသည်တို့က ဘာကြောင့်နာသည်၊ ဘယ် ရောဂါဖြစ်နိုင်
သည်ကို ညွှန်းလေ့ ရှိသည်။ အသက်အရွယ်နှင့် ကျား၊ မ စသည်တို့ကလည်း ဗိုက်နာသည့် အကြောင်းကို ကွဲစေသည်။
လူနာကို စမ်းသပ်ရန်မလို၊ ရောဂါဖြစ်စဉ်ကို အသေးစိတ် မေးခြင်းဖြင့် ရောဂါအမည် ကို ဖော်ထုတ်နိုင်သည်ပင် ရှိသည်။
တစ်ခါတစ်ရံ စမ်းသပ်လျှင် မည်သည့် လက္ခဏာမျှ မတွေ့ရဘဲ ဖြစ်တတ် သည်။
ဗိုက်နာစေသည့် ဝမ်းဗိုက်ရောဂါများ
ဝမ်းဗိုက်တွင်းတွင် အသည်း၊ ကျောက်ကပ်၊ ဘေလုံး၊ အစာအိမ် အူလမ်းကြောင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း
စသည်ဖြင့် အင်္ဂါမျိုးစုံရှိသည်။ မည်မျှ အင်္ဂါအရေအတွက်များစေကာမူ အဓိက အုပ်စုနှစ်ခုသာရှိသည်။ အသည်း၊
ကျောက်ကပ်၊ ဘေလုံးကဲ့သို့သော အလုံး၊ အခဲသဏ္ဌာန်အင်္ဂါများနှင့် အစာအိမ်အူ လမ်းကြောင်း၊ ဆီးလမ်းကြောင်း၊
သည်းခြေလမ်းကြောင်းကဲ့သို့ ပြွန်၊ အခေါင်းသဏ္ဌာန် အင်္ဂါများဟူ၍ ဖြစ်သည်။
ယင်းအုပ်စုနှစ်ခု၏ နာပုံ၊ နာနည်းမှာ ကွာကြသည်။ ပြွန်သဏ္ဌာန် အင်္ဂါများသည် တင်းလျှင်၊ ညှစ်လျှင်၊ ဖောင်းကားလျှင်၊
ပိတ်လျှင် နာလေ့ရှိသည်။ သည်းခြေလမ်းကြောင်း၊ ဆီးလမ်း ကြောင်း ရောဂါများသည် ဤပုံစံ နာလေ့ရှိသည်။ ထိုးပြီး၊
ရစ်ပြီးနာသည် ဟု ပြောလေ့ရှိသည်။ နာလိုက် ပျောက်လိုက်၊ တစ်ခါနာလျှင် ဆိုးဆိုး ရွားရွားနာ၊ ဇောချွေးပြန်လောက်
အောင်နာ၊ ထိုင်မရ၊ ထမရဖြစ်အောင် နာ၊ နာလွန်းသဖြင့် သတိမေ့လုမတတ်ခံရသည်။ သန်ထိုး၊ လေထိုးသဖြင့် ဟိုလူး၊
ဒီလိမ့်နှင့် အော်နေသည့် ကလေးများကို တွေ့ဖူးကြမည်ထင်သည်။ ဝမ်းဗိုက်ကို လက်နှင့်၊ ခေါင်း အုံးနှင့် ဖိထားလျှင်
သက်သာသည်ဟု ဆိုကြသည်။
အနာပျောက်သွားချိန် တွင်တော့ အကောင်းပကတိ ဖြစ်နေတတ်သည်။ သန်ထိုး၊ လေထိုးက ဝမ်း ဗိုက်တစ်ပြင်လုံး
နာလေ့ရှိသော်လည်း ဆီးလမ်းကြောင်းပိတ်ခြင်းက ခါးတွင် နာပြီး၊ ဆီးစပ်သို့ ထိုးဆင်းသွားလေ့ ရှိသည်။ ဆီးအောင့်၊
ဆီးကျင်၊ ဆီး သွေးပါသည်တို့ကလည်း ဆီးလမ်း ကြောင်းရောဂါဟု ပြသည်။ သည်းခြေ ကျောက်တည်၊ ကျောက်ပိတ်
ခြင်း သည်လည်း အလားတူ နာစေသည်။ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင် နာခြင်း၊ မျက်လုံးနှင့် အသားဝါခြင်း၊
ချမ်းတုန်၍ ဖျားခြင်းတို့သည် သည်း ခြေလမ်းကြောင်းရောဂါကို ပြသည်။
အသည်းနာတာလား
အသည်းကဲ့သို့သော အလုံး၊ အခဲသဏ္ဌာန်ရှိ အင်္ဂါများသည်ကြီးလာ လျှင်၊ တင်းလာလျှင် နာလေ့ရှိသည်။ အောင့်သည်
ဟု ဆိုလေ့ရှိသည်။ အသည်းကြီးရောဂါများတွင် ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်းနေရာသည် တင်း နေသည်၊ ထောက်နေ
သည်ဟု ပြော လေ့ရှိသည်။ အလွန်အကျွံကြီးသော အသည်းရောဂါမှလွဲ၍ ပြင်းပြင်းထန် ထန် နာလေ့မရှိချေ။ မျှဉ်းမျှဉ်း
လေး နာသည်။ ဆက်တိုက်နာသည်။ လှုပ် လျှင် နာသည်။ အသည်းနေရာ ဖိမိ လျှင်လည်း နာလေ့ရှိသည်။
ဘယ်နေရာက နာတာလဲ
ဝမ်းဗိုက်တွင်း အင်္ဂါများသည် သူ့ နေရာနှင့်သူ သတ်သတ်မှတ်မှတ် တည်ရှိကြသဖြင့် ဝမ်းဗိုက်၏ မည်သည့် နေရာတွင်
နာသည်ကလည်း ဘာကြောင့်နာသည်၊ ဘယ်အင်္ဂါတွင် ရောဂါရှိသည်ကို ညွှန်းလေ့ရှိသည်။ ဝမ်းဗိုက်အပေါ်ပိုင်း
အလယ်တည့်တည့် ရင်ညွန့်တွင် နာလျှင် အစာအိမ်၊ ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းနာလျှင် အသည်း သို့မဟုတ်
သည်းခြေ၊ဝမ်းဗိုက်အလယ် ချက်တစ်ဝိုက်နာ လျှင် ဝမ်းဗိုက်ပိုင်းသွေးကြောမကြီး၊ အူလမ်း ကြောင်းနှင့် ပန်ကရိယ၊
ခါးတစ်ဖက်တစ်ချက်နာလျှင် ကျောက်ကပ်၊ ချက် အောက် ဆီးစပ်နာလျှင် ဆီးအိမ်၊ သား အိမ်၊ ညာဘက်အောက်
ပိုင်းနာလျှင်အူအတက်စသည်ဖြင့် ညွှန်းလေ့ရှိသည်။
ဗိုက်နာပေမယ့် ဝမ်းတွင်းရောဂါမရှိ
ဗိုက်နာတိုင်း ဝမ်းဗိုက်တွင်းရှိ အင်္ဂါတစ်ခုခုတွင် ရောဂါရှိနေပြီဟု တထစ်ချ တွက်၍မရ။ ရင်ခေါင်းတွင်းရှိ နှလုံးနှင့်
အဆုတ်ရောဂါကလည်း တစ်ခါတစ်ရံ ဗိုက်နာတတ်သည်။ အချို့ နှလုံးသွေးကြောကျဉ်းလူနာတို့သည် ရင်ဘတ်နာ
သည်ဟု မပြော၊ ဗိုက် အပေါ်ပိုင်း နာသည်ဟုဆိုတတ်သည်။ နှလုံးအနာက ညွှန်ပြရခက်သဖြင့် ဟိုပြ၊ ဒီပြ ပြသည်
လည်း ရှိသည်။ ထို့ကြောင့် နှလုံးလေဖြတ်ဖြစ် နိုင်ခြေ များသော သွေးတိုး၊ သွေးချို လူနာ တစ်ယောက် ဝမ်းဗိုက်
အပေါ်ပိုင်း နာ လျှင်လည်း နှလုံးလေလားဟု ဆရာဝန်က စဉ်းစားလေ့ရှိသည်။
ဝမ်းဗိုက်အရေပြားရောဂါ၊ အာရုံ ကြောရောဂါတို့ကလည်း ဗိုက်နာစေ သည်။ ခါးအာရုံကြော ညပ်ခြင်း၊ အရေပြား
ရေယုန်ပေါက်ခြင်းတို့တွင် ခါးနှင့် ဗိုက်ပတ်ပတ်လည် ပူစပ်ပူ လောင် နာလေ့ရှိသည်။ ရေယုန်တွင် နာပြီး နှစ်ရက်၊
သုံးရပ်အကြာ အရည် ကြည်ဖုလေးများပေါက်လာလေ့ရှိသည်။ ဝမ်းဗိုက်ပြင်ပရောဂါများတွင် လည်း ဗိုက်နာတတ်
သည်။ သွေးချို ဆိပ်တက်လူနာ ဗိုက်နာ၊ ပျို့အန် သည်ကို မကြာခဏ တွေ့ရလေ့ရှိ သည်။ ရုပ်ပိုင်းဆိုင်ရာရောဂါ
တစ်ခုမျှ မရှိ၊ စိတ်ကြောင့်လည်း ဗိုက်နာတတ် သည်။ စိတ်ဓာတ်ကျသူ၊ စိတ်ပူပန်မှု များသူများသည် ဗိုက်နာသည်
ဆိုပြီး မကြာခဏ ဆရာဝန်ထံ ရောက်လာ လေ့ရှိသည်။ ဟိုနာ၊ ဒီနာ ပြောင်းနာ လေ့ရှိသည်။ မည်သည့်ရောဂါဟု
သတ်သတ်မှတ်မှတ်ပြောရန် ခက် သည်။ စမ်းသပ်စစ်ဆေးမှုအားလုံးက လည်း ပုံမှန်ဖြစ်နေလေ့ရှိသည်။
စစ် ဆေးမှုအားလုံးကောင်းသည်ဆိုသည့် အဖြေက တစ်ခါတစ်ရံ လူနာကို ဗိုက်နာပျောက်စေသည်။ ဗိုက်နာသည့်
လူနာစမ်းသပ်တော့ ဘာလက္ခဏာမှ တွေ့လေ့မရှိ။ ထို့ကြောင့်လည်း နေမကောင်း အကြောင်းပြလိုသူတို့အတွက်
ဗိုက်နာခြင်းသည် လက်နက်တစ်ခုဖြစ်နေတတ်သည်။
အစာအိမ် ရောဂါ
အစာအိမ်ရောင်ခြင်း၊ အစာအိမ် အနာဖြစ်ခြင်းတို့သည် ဗိုက်နာစေသည်။ လေထိုးသည်၊ လေနာသည် ဟု အပြောများ
သည်။ လူလတ်ပိုင်း တွင် အတွေ့ရများသည်။ ဝမ်းဗိုက် အပေါ်ပိုင်း ရင်ညွန့်တွင်နာ၊ ပူစပ် ပူလောင်ဖြစ်။ ယင်း-ရင်ပူခြင်း
သည် အစားနှင့်ပတ်သက်နေသည်။ အချို့က ဗိုက်ဆာလျှင်နာ၊ အချို့က အစာစားလျှင် ပိုဆိုးတတ်သည်။ လူနာက နာ
သည့်နေရာ အတိအကျထောက်ပြနိုင်သည်။ ထူးခြားချက်မှာမကြာခဏ ပြန်နာခြင်းဖြစ်သည်။ အစာအိမ်ဆေးသောက်၍
သက်သာခြင်းကလည်း အစာအိမ်လေနာဟု ညွှန်ပြသည်။ သာမန် အစာအိမ်နာရောဂါကဲ့ သို့ပင် အစာအိမ်ကင်ဆာသည်
လည်း ဗိုက်နာတတ်သည်။ သို့ရာတွင် အစာအိမ်ကင်ဆာတွင် ထူးခြားချက်များရှိသည်။ အသက်ခပ်ကြီးကြီး၊ အစား ပျက်၊
ရက်ပိုင်းလပိုင်းအတွင်း အလွန် ပိန်ချုံးကျသွားလျှင် အစာအိမ်ရိုးရိုးနာ ထက် ကင်ဆာပိုဖြစ်ရန်များသည်။ သွေးအားနည်း
ခြင်းသည်လည်း လက္ခ ဏာတစ်ရပ်ဖြစ်သည်။ စောစောသိ၊ စောစောစမ်းသပ်မှုလုပ်၊ စောစော ကုပါက အကျိုးရှိသည်။
ခွဲစိတ်ရန်လိုသည့် ဗိုက်နာရောဂါ
ဗိုက်နာစေသည့် အချို့ဝမ်းဗိုက် တွင်းရောဂါများသည် ခွဲစိတ်ရန်လိုတတ်သည်။ ဝမ်းဗိုက်တွင်းရှိ ပြွန် သဏ္ဌာန် အင်္ဂါများ
ရောင်ခြင်း၊ ပိတ်ခြင်း၊ ပေါက်ခြင်းတို့သည် ခွဲရန်လိုလေ့ ရှိသည်။ အူအတက်ရောင်ခြင်း၊ အစာအိမ်ပေါက်ခြင်း၊ ဆီးလမ်း
ကြောင်းနှင့် သည်းခြေလမ်းကြောင်းပိတ်ခြင်းတို့မှာ ဥပမာများဖြစ်သည်။ ဗိုက်ခွဲရန်လိုသည့် ရောဂါများမှာ သီးသန့်ပြတ်
ပြတ်သား သား ရောဂါလက္ခဏာဟူ၍ မရှိ။ ဆရာဝန်စမ်းသပ်စစ်ဆေးမှ ဆုံးဖြတ်နိုင်သော အခြေအနေများဖြစ်သည်။
ခန္ဓာကိုယ်အင်္ဂါအများအပြားရှိသည့် ဝမ်းဗိုက်ရောဂါများသည် တစ်ခါတစ်ရံလူနာရော၊ ဆရာဝန်ကိုပါ လှည့်စားတတ်
သည်။ မျက်လှည့်ပြတတ်သဖြင့် ဝမ်းဗိုက်ကို မှော်ဝင်သေတ္တာဟု တင် စားလေ့ရှိသည်။ ထို့ကြောင့် ဗိုက်နာ လူနာများ
သည် ရမ်းကု၊ မှန်းကု လုပ်ရန်မသင့်တော်ဘဲ ဆရာဝန်နှင့်ပြသ၊ အကြံဥာဏ်ယူရန် လိုအပ်ပါသည်။
( မှ ) ကူးယူဖော်ပြသည်
ဦးဏှောက် အမြှေးရောင်ရောဂါ
ဦးဏှောက်အမှေးရောင် ရောဂါဟာ
ယနေ့အချိန်မှာ တော်တော် ကျယ်ပြန့်လာတာကိုတွေ့နေရပါတယ်။အမှတ်တမဲ့ အနေနဲ့ နေမိတဲ့ အတွက်ကြောင့်လည်း ရောဂါ အခြေအနေဆိုးမှ မရူနိုင် မကယ်နိုင်တွေ ဖြစ်ကြပါတယ် ။ ဘာလို့ အမှူမဲ့ အမှတ်မဲ့နေကြပါသလဲ ။ ရောဂါလက္ခဏာတွေ က တုပ်ကွေးနဲ့ ဆင်တူတဲ့ အတွက်ဖြစ်ပါတယ်။ဦးဏှောက် အမှေးရောင် ရောဂါရဲ့ လက္ခဏာတွေကို တုပ်ကွေးနဲ့ မမှားနိုင်ဖို့ ဗဟုသုတ အလို့ငှာ တင်ပြပါ့မယ် ။
တို့ပဲဖြစ်ပါတယ် ။အဆိုပါ လက္ခဏာများအနက် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းခိုင်ခြင်း စတာတွေဟာ ဦးနှောက်အမြှေးရောင် ရောဂါဖြစ်စေနိုင်တဲ့ အဓိက လက္ခဏာတွေ ဖြစ်ပါတယ်။အဲဒီ
လက္ခဏာတွေ တွေ့ကြပြီးနောက် ဝေဒနာရှင်မှာ ဗိုက်တွေ ရင်ဘတ်တွေ အောင့်လာမယ် ၊ ခေါင်းခနခန မူးလာမယ် ၊ တခါတခါမှာ သတိလက်လွတ်ဖြစ်နေမယ်(ကိုယ်ပြောလိုက်တဲ့စကားကို ကိုပြန်မမှတ်မိတာ..တခါတရံမှာအတွေးလွန်နေသလို ကြောင်တောင်တောင်ဖြစ်သွားတာတွေလည်းပါဝင်ပါတယ်
)၊ခြေဖျားလက်ဖျားတွေ အေးပြီးတော့ အသားအရောင်တွေ ပြောင်းလာမယ် ၊ အနီရောင် အညိုရောင်တွေ ဖြစ်လာမယ်ဆိုရင်တော့ ဝေဒနာရှင်
ဟာ သေစေလောက်တဲ့ သွေးဆိပ်သင့်တဲ့ အထိ ဖြစ်နေပြီဆိုတာ သိရပါ့မယ် ။
ဦးနှောက် အမြှေးရောင် ရောဂါ ခံစားနေရသူတွေမှာ ဦးခေါင်း အတွင်း ဖိအားတက်ခြင်း တွေဖြစ်လာပါတယ် ။အဲဒီအကျိုးဆက် ကတော့ သွေးခုန်နူန်း နှေးလာမယ် ၊သွေးတိုးမယ် မူးဝေခြင်းအော့အန်တာတွေ့ ဖြစ်လာပါတယ်။
ဒီရောဂါဟာ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေး ရောင်ရောဂါ ဟာ သာမန်အားဖြင့် (၃)ရက်ခန့် ကြာလျှင် သက်သာတတ်ပြီး (၂) ပတ်ခန့်ကြာလျှင်တော့ အရှင်းပျောက်ကင်သွား တတ်ပါတယ်။
ဘက်တီးရီးဟား ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေး ရောင်ရော ဂါ ဟာ ပို မို အန္တရာယ် များပါတယ်။ ဗိုင်းရပ် ပိုးကြောင့် ဆိုလျှင်ဖြင့် အဖျားကျအောင် နာကျင် ကိုက်ခဲမှုသက်သာအောင် ဆေးသောက်ရပါမယ်။ ခန္ဓာကိုယ် ရေဓါတ် ခန်းခြောက် မသွားအောင် ရေများများသောက်ဖို့လိုပါမယ်။ သို့ပေမယ့် လည်း အနီးကပ် သတိနဲ့ စောင့်ကြည့် နေဖို့ လိုပါတယ်။ ဓါတ်ခွဲ ခန်းစမ်းသပ် မှု မှာ ဘက်တီးရီးဟား ပိုးကောင် မတွေ့ရုံ နဲ့ ပေါ့ပေါ့ ဆဆ နေလို့ မရပါဘူး။
ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဦးနှောက်အမြှေးရောင် ရောဂါ ကိုတော့ အထူးကြပ်မတ်ကု သဖို့လိုပါတယ်။ရောဂါ ဝေဒနာ ပြင်ထန်ပြီး အသက် အန္တရာယ် ပေးနိုင်ပါတယ်။ပဋိဇီဝဆေးများ။ ပိုးသတ်ဆေးလို့လူသိများတဲ့ပဋိဇီဝ ဆေးတွေကို သွေးကြောထဲ သွင်းကုသဖို့လိုပါတယ်။ပဋိဇီဝဆေးတွေကို ပေးရာမှာ ဖြစ်နိုင်ရင်
ရောဂါပိုးကောင်ကို သတ်နိုင်တဲ့ သင့်တော်တဲ့ ဆေးဝါးကို ပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ Blood culture ခေါ် လူနာရဲ့ သွေး မှရောဂါ ပိုးကောင်မွေးမြူနိုင် ပေမယ့် အဖြေ ရဖို့ ခက်ခဲ လို့ များသောအားဖြင့်တော့ ခန့်မှန်းကုသ ကြတာများပါတယ်။
ဦးခေါင်း အတွင်း ဖိအားတက်နေတယ်လို့ ယူဆ တယ် ဆိုလျှင်ဖြင့် စတီးရွိုက် ဆေးဝါးများ အသုံးပြု ဖို့လိုပါတယ်။စတီးရွိုက် ဆေးဝါးများ ဟာ ခန္ဓာ ကိုယ် ခုခံအားစနစ်ကို ကျဆင်းစေတဲ့ အတွက် မလို အပ်ဘဲ သုံးမိလျှင် ရောဂါ ဝေဒနာ ပိုဆိုးစေနိုင်ပါတယ်။ အဖျားကျ ရန်အတွက် acetaminophen ကဲ့သို့ ဆေးဝါးများသုံးနိုင် ပါတယ်။
အခန်းအတွင်း လေ၀င်လေထွက် ကောင်းအောင် ဂရုစိုက်ဖို့ လိုပါတယ်။အဖျားအရမ်း တက်နေသူ များအတွက် ရေပတ်တိုက်ခြင်း ကလည်း များစွာ အထောက်အကူ ပြုပါတယ်။ တစ်ချို့ ဦးနှောက် အမြှေးရောင် လူနာတွေ ဟာ တက် တတ်ပါတယ်။ ဒီလို လူနာတွေ ကိုတော့ ဆိတ်ငြိမ် ပြီး အန္တရာယ် ကင်းတဲ့ အခန်းမှာ ထားဖို့လိုပါတယ်။Phenobarbital ကဲ့သို့ ဆေးဝါးများ ဖြင့်လည်းကု သနိုင်ပါတယ်။ အောက်ဆီဂျင် ကို တော့ ရောဂါဝေဒနာ ပြင်းထန်တဲ့ လူနာတိုင်း မှာ ပေးပါတယ်။တစ် ချို့ကို ပိုက်နဲ့ ပေးပြီး တစ်ချို့ ကိုတော့ အုပ်ဆောင်း(mask) နဲ့ ပေးနိုင်ပါတယ်။
ဦးနှောက် အမြှေးရောင်ရောဂါ ကြောင့် ခန္ဓာ ကိုယ် မှရေ ဓါတ်လို အပ် မှု များလာပါတယ်။ဒီလို အချိန် မှာ လူနာအနေ နဲ့ ရေ ကို လုံလောက်အောင် ဂရု တစ်စိုက် သောက်ဖို့လိုပါတယ်။ လူနာ ကိုယ်တိုင် ရေ သောက်နိုင်တဲ့ အနေ အထား မရှိလျှင်တော့ ရေ ဓါတ် မချို့တဲ့ အောင် ဂရုစိုက်ပေး ရပါမယ်။
ဦးနှောက် အမြှေးရောင် ရောဂါ သည်တွေကို အထူးကြပ်မတ် ကုသဆောင်မှာ ကုသဖို့ လိုပါတယ်။ ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တာကြောင့် ပြည်သူ ကျန်းမာရေး ဆရာဝန် တွေ အနေနဲ့ ရောဂါ မပြန့် ပွား အောင် လိုအပ်တဲ့ ကျန်းမာရေးပညာပေး ခြင်း ၊ ရောဂါ ရှာဖွေ ဖော်ထုတ်ခြင်း၊ မိသားစု ၀င်များ ကို ကာကွယ်ဆေးတိုက်ကျွေးခြင်း စတာတွေ ဆောင်ရွက် သင့် ပါတယ်။ လူနာ ကို ပြုစု ကုသ နေသော ဆေးဝန်ထမ်းများလည်းလိုအပ်လျှင်ကာကွယ်ဆေးများ သောက်သုံးရပါမယ်။
ဒါကြောင့် သာမာန်ရောဂါလက္ခဏာ တွေလို့ သဘောထားတတ်တဲ့ ဦးဏှောက်အမှေးရောင်ရောဂါဟာ
လူ့လောက ကနေ မြန်မြန်ထွက်ခွါအောင် လုပ်ပစ်နိုင်တယ်ဆိုတာ မြန်မာပြည်သားများ သဘောပေါက်နားလည်နိုင်ကြပါစေ ။
ရူမက်တစ် လေးဖက်နာ အဖျားရောဂါ
ဆိုတဲ့စကားလုံးကို ဆေးပညာဝေါဟာရမှာ တော်တော်များများ တွေ့ရပါတယ်။ရူမက်တစ်ဆိုတာ အကြော၊အဆစ်၊ကြွက်သားစတဲ့ တွယ်ဆက်တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် နာကျင်စေတဲ့အပြင် လှုပ်ရှားမှုကို ထိခိုက်စေတဲ့ သဘောမျိုးရှိပါတယ်။ လှုပ်ရှားသွားလာမှုကို ကန့်သတ်ပေးတယ်။ ဆေးပညာမှာ rheumatology ဆိုပြီး သီးသန့်ဘာသာရပ်ခွဲကို ရှိသေးတယ်။ autoimmuneခေါ်တဲ့ ခုခံအားအချင်းချင်းပြန်တိုက်တဲ့ ရောဂါတွေကိုပါ လေ့လာရတယ်။ဒါ့ကြောင့် ရူမက်တစ်နဲ့ ပက်သတ်တဲ့ ရောဂါတွေမနည်းလှသလို စိတ်ရှုပ်စရာလဲကောင်းလှတယ်။ ရောဂါတွေဘယ်လိုများပေမယ့် rheumatic နဲ့ ပတ်သက်တဲ့ အဓိကအချက်နှစ်ချက်က တူညီကြတယ်။ ပထမအချက်က နာကျင်မှုဟာ မကြာခဏ ပြန်ဖြစ်တတ်တယ်။ဒုတိယအချက်က ကုသရခက်ခဲတတ်တယ်။ရူမက်တစ်ခေါင်းစဉ်အောက်က ရောဂါ တော်တော်များများမှာ ဒီအချက်တွေ သွားတူတာတွေ့ရတယ်။နောက်သီအိုရီတခုက rheumatic ရောဂါတွေဟာ လေထုအပြောင်းအလဲနဲ့ သက်ဆိုင်နေတတ်ပြန်တယ်။ပတ်ဝန်းကျင်ရုတ်တရက်အေးလာတဲ့အခါ အထူးသဖြင့် မိုးတွင်းကာလတွေမှာ
လေထုဖိအားရုတ်တရက်ကျဆင်းတာကြောင့် ပိုမိုနာကျင်လာတတ်တယ်။ ဒီလိုအခြေအနေမျိုးကို ရူမက်တစ်ရောဂါတွေမှာ ပိုမိုတွေ့ရတယ်။ ရူမက်တစ်အမျိုးအစားတွေထဲကမှ ကလေးသူငယ်တွေမှာ ပိုမိုတွေ့ရတာက acute rheumatic feverခေါ်တဲ့ ရူမက်တစ်အဖျားရောဂါမျိုးပဲ။ အသက် ၅-၁၅နှစ် အရွယ်ကလေးတွေမှာ ပိုဖြစ်တယ်။ဒီအရွယ်တွေမှာ လည်ချောင်းနာပြီး ၂ပတ်-၁လအတွင်း(အထူးသဖြင့် ၃ပတ်အတွင်း) ရောဂါလက္ခဏာတွေစတင် ပေါ်ပေါက်လာတာ တွေ့ရတယ်။ ရောဂါကြောင့် နှလုံး၊ဦးနှောက်၊အရေပြား၊အဆစ်အမြစ်၊စတာတွေကို ထိခိုက်စေတယ်။ အမှန်က ဝင်လာတဲ့ပိုးကို ခုခံတိုက်ဖျက်ဖို့ ထွက်လာတဲ့ အင်တီဘော်ဒီက အချင်းချင်းပြန်တိုက်ခိုက်လို့ ရောဂါလက္ခဏာတွေ ရလာတယ်။ သိစေချင်တဲ့အချက်က ပိုးကြောင့် လက္ခဏာတွေ တိုက်ရိုက်ပေါ်ပေါက်လာတာ မဟုတ်ဘူး။ ပိုးကိုတိုက်ဖျက်ဖို့ ထွက်လာတဲ့ Antibody က နှလုံး၊အဆစ်အမြစ်တွေကို မှားယွင်းသတ်မှတ်ပြီး တိုက်ထုတ်ဖို့ ကြိုးစားရာက ဖြစ်လာတဲ့ အကျိုးဆက်တွေပဲ။နှစ်ရှည် ကာကွယ်ဖို့ပေးတဲ့ ပိုးသတ်ဆေးတွေ ရေရှည်သောက်ရခြင်းဟာ ဝင်မလာအောင် အစတည်းက ကာကွယ်ချင်တဲ့ သဘောမျိုးဖြစ်ပါတယ်။ acute rheumatic feverသေချာစေဖို့ modified Jones criteriaဆိုတဲ့ လက္ခဏာရပ်တွေကို သီးခြားစုစည်း သတ်မှတ်ထားတယ်။ နောက်ပိုင်းမှာ အမေရိကန်နှလုံးဆိုင်ရာ အဖွဲ့အစည်းက revised Jones criteriaဆိုပြီး ထပ်မံပြင်ဆင်ဖြည့်စွက်ခဲ့တယ်။ ရောဂါခွဲခြားဖို့ major criteria နဲ့ minor criteria ဆိုတာသိဖို့လိုပါတယ်။
Major criteriaအဓိက လက္ခဏာရပ်
၁။polyarthritis ခေါ်တဲ့ အဆစ်အမြစ်တွေရောင်ခြင်း
-တံတောင်၊လက်ကောက်ဝတ်၊ဒူး၊ခြေကျင်းဝတ်စတဲ့ အဆစ်ကြီးတွေသာ ရောင်တယ်။
- တနေရာရောင်ပြီး အရင်ရောင်တဲ့နေရာက သက်သာသွားတယ်။နောက်ထပ်တစ်နေရာပြောင်းရောင်မယ်။
-migratory polyarthritis ဟိုပြောင်းလိုက် ဒီပြောင်းလိုက် နာတဲ့သဘောမျိုး ဖြစ်ရမယ်။အများအားဖြင့် အထက်ဖက်ကို တဖြည်းဖြည်းချင်း ရွှေ့နာမယ်။
၂။carditis နှလုံးရောင်တာ
-ဘယ်အလွှာရောင်ရောင် မကောင်းဘူး။
-အတွင်းဆုံးလွှာ endocardium ရောင်ရင် နှလုံးအဆို့ရှင်ထိခိုက်မယ်။ အဆို့ရှင် ကျဉ်းတာ၊ကျယ်တာ ဖြစ်နိုင်တယ်။
-အလယ်က ကြွက်သားmyocardiumရောင်ရင် မောတာ၊အသက်ရှုမဝတာ ဖြစ်မယ်။
-အပြင်ဖက်ဆုံးက pericardiumရောင်ရင် တင်းကျပ်ကြီးနေတာ၊ ရင်ဘတ်အောင့်တာ ဖြစ်နိုင်တယ်။ သုံးလွှာလုံးရောင်ရင် pancarditis ခေါ်တယ်။
၃။subcutaneous nodules အရေပြားအောက်မှာ မာမာခဲခဲ အဖုလေးရှိတယ်။အထူးသဖြင့် လက်ကောက်ဝတ်၊တံတောင်၊ဒူး အပြင်ဖက်ပိုင်း အရိုးပေါ်တွေမှာ အတွေ့များတယ်။ ဖိကြည့်၊ကိုင်ကြည့်ရင် နာကျင်မှု မရှိတတ်ဘူး။
၎။erythema marginatumစက်ဝိုင်းပုံ အနီစက်လေးများ
အပြင်ဖက်ပိုင်းကွင်းက အနီရောင်ရှိတယ်။ အလယ်မှာအရောင်ဖျော့တယ်။
ခန္ဓာကိုယ်အထက်ပိုင်း၊လက်မောင်း စတာတွေမှာ အဓိကတွေ့ရတယ်။ တွန့်လိမ်ပြီး အကွက်လိုက်တည်ရှိတယ်။
၅။Sydenham's chorea လက်၊မျက်နှာစတာတွေ သိစိတ်မဲ့ ရုတ်တရက် လှုပ်ရှားမယ်။ တခါတရံ ကတာနဲ့တူလို့ St. Vitus' danceလို့ ခေါ်ပါတယ်။ကြွက်သား အားပျော့တာ၊ စကားပြော ဝေဝါးတာ ရှိတတ်တယ်။ ရောဂါပိုးဝင်ရောက်ပြီး ၃လခန့်ကြာမှ ပေါ်ပေါက်တတ်လို့ သိပ်အသုံးမဝင်ဘူး။ လက္ခဏာရပ်က ထူးခြားလို့ တွေ့ရင်တော့ ရူမက်တစ်အဖျားရောဂါသေချာတယ်လို့ ဆိုနိုင်ပါတယ်။ ဦးနှောက်မှာ ရှိတဲ့အာရုံကြောတွေ ထိခိုက်တဲ့သဘောဖြစ်ပါတယ်။
Minor criteria သာမည လက္ခဏာရပ်များ
၁။အဖျားကြီးမယ်။အနည်းဆုံး ၁၀၁-၁၀၂ ဒီဂရီ စင်တီဂရိတ် ရှိရမယ်။
၂။အဆစ်တွေ ကိုက်တာ၊ခဲတာ၊နာကျင်တာ ရှိမယ်။
၃။အရင်က အလားတူ လက္ခဏာတွေ ခံစားခဲ့ဘူးမယ်။
၎။သွေးစစ်ကြည့်ရင် ESR(သို့)CRP များမယ်။
၅။သွေးဖြူဥများတာ၊ECGပြောင်းလဲတာ ရှိမယ်။
တခြားလက္ခဏာရပ်တွေ
-တလအတွင်း လည်ချောင်းနာခဲ့ဖူးမယ်။
-ဗိုက်နာတာ၊နှာခေါင်းသွေး ယိုတာရှိနိုင်တယ်။
-မြန်မာတွေ အလွယ်ခေါ်တဲ့ လေးဖက်နာပိုး တမျိုး ASO titre(Antistreptolysin O)များနေမယ်။ အမှန်က ပိုးမဟုတ်ပါ။ ပိုးကိုတိုက်ဖျက်တဲ့ ဓာတ်တမျိုးသာဖြစ်ပါတယ်။အရင်တုန်းက ဝင်ခဲ့ဖူးတာကို သိမယ်။ASO များတိုင်း ရူမက်တစ်အဖျားရောဂါလို့ မသတ်မှတ်သင့်ပါ။
သတ်မှတ်ချက်အရ major criteriaအနည်းဆုံး ၂ချက်ရှိရင်(သို့) major criteria ၁ချက် နဲ့ minor criteria အနည်းဆုံး ၂ချက်ရှိရင် လေးဖက်နာ အဖျားရောဂါလို သတ်မှတ်ပြီး ကုသပါတယ်။ အခြားသီးသန့် လက္ခဏာတွေ တွေ့ရင်လည်း သတ်မှတ်တတ်ပါတယ်။
ရူမက်တစ် လေးဖက်နာ အဖျားရောဂါဖြစ်ရင် ဆရာဝန်နဲ့ သေချာကုပါ။
-လေးဖက်နာ တခါဖြစ်ဖူးသူဟာ နောက်တစ်ကြိမ်ပြန်ဖြစ်နိုင်လို့ အထူးသတိထားသင့်တယ်။
-ထပ်ဖြစ်ရင် လက္ခဏာတွေ ပိုဆိုးလာတတ်တယ်။ နှလုံးကို ဒုက္ခပေးမယ်။ အဆို့ရှင်ကျဉ်းတာ အဖြစ်များသလို မလုံတာလည်းဖြစ်နိုင်တယ်။ မောတာပိုဆိုးလာမယ်။ ကြာလာရင် အသက်ဆုံးရှူံးတာထိ ဖြစ်နိုင်တယ်။
-လက္ခဏာသက်သာစေဖို့ သောက်ဆေး၊ထိုးဆေး လိုလာတယ်။
-ယာယီသောက်ရတာရှိသလို နောက်ပြန်မဖြစ်အောင် သုံးစွဲရတာမျိုးလည်း ရှိမယ်။
ဖြစ်လာပြီ ဆိုရင်
-အိပ်ရာထဲမှာ ကောင်းကောင်း အနားယူသင့်တယ်။
-စိတ်အေးလက်အေးနေသင့်သလို စိတ်ညစ်စရာ မတွေးသင့်ဘူး။
-ရုတ်တရက် မောလာရင် ကျောမှီနဲ့ ၄၅ဒီဂရီ စောင်းပြီး ထားရတယ်။
-ဆရာဝန်က အဆစ်ရောင်တာသက်သာဖို့ သောက်ဆေး၊ထိုးဆေးပေးပါမယ်။aspirin၊ibuprofen၊naproxen စတာတွေနဲ့ သက်သာတတ်တယ်။ ပုံမှန်ထက် ဆေးပမာဏ ပိုပေးရတယ်။
-အဆစ်ရောင်တာ၊နှလုံးရောင်တာအတွက် steroid ဆေးတွေ လိုတတ်သေးတယ်။
-လည်ချောင်းနာတာရှိသေးရင် ပဋိဇီဝ ပိုးသတ်ဆေးတွေ ပေးပါလိမ့်မယ်။
ပိုးသတ်ဆေး ပေးတာ ရေတိုဖြစ်နိုင်သလို ရေရှည်လည်း ပေးရတတ်တယ်။
-ဆေးတွေ ရေရှည်ပေးတယ်ဆိုတာ ရောဂါကာကွယ်ဖို့သာဖြစ်ပါတယ်။ လုံးဝပြန်မဖြစ်ပါဘူးလို့ အာမခံတာ မဟုတ်ပါ။ လည်ချောင်းနာတဲ့ပိုးကို သာ မဝင်နိုင်အောင် ကြိုတင်ကာကွယ်တဲ့သဘော ဖြစ်ပါတယ်။
-တချို့က penicillin ထိုးဆေးလိုသလို သောက်ဆေးပေးရတာမျိုး လည်း ရှိပါတယ်။
-Benzathine penicillin တလ တကြိမ်ထိုးတာဟာ pen-V သောက်ဆေးနေ့စဉ်ပေးတာထက် အကျိုးပိုရှိတတ်ပါတယ်။
-ထိုးဆေးကို ၃ပတ်တကြိမ်ထိုးနိုင်ရင် ပိုအကျိုးရှိတယ်လို့ ဆိုပါတယ်။
-မကောင်းတဲ့ဖက်ကကြည့်ရင် နာတာ၊ဆေးမတဲ့တာ ရှိနိုင်ပေမယ့် ကောင်းတာက တလ တကြိမ်သာဆေးထိုးရလို့ လူနာအတွက် အဆင်ပြေပါတယ်။
-ဆေးကြောင့် အပိုလုပ်ရတာလို့ ယတိပြတ်မပြောနိုင်သလို သေချာပေါက် အကျိုးရှိပါတယ်လို့လည်း အာမခံ၍ မရနိုင်ပါ။ အခြားနိုင်ငံတွေလိုပဲ guideline လိုအပ်ချက်အရ ပေးရပါတယ်။ ပိုမဆိုးအောင်၊အဖြစ်နည်းအောင်တော့ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
-ဘယ်အချိန်ထိ ဆက်သောက်သင့်သလဲဆိုတာတော့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်အပြင် လူနာရဲ့ အသက်အရွယ်ပေါ်လဲ မူတည်ပါလိမ့်မယ်။
-အများစုဟာ မိမိဘာသာ ဖြတ်တတ်ကြသလို အခြားဆရာဝန်ရဲ့ ထင်မြင်ချက်အရ ဖြတ်တာမျိုးတွေ အဓိကတွေ့ရတယ်။
-လည်ချောင်းမကြာခဏ နာတတ်သူတွေတော့ အထူးသတိထားဖို့လိုအပ်ပါမယ်။ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါတယ်။ မကြာခဏဖြစ်တတ်သူဟာ ရေရှည်အတွက် မကောင်းတာတော့ အမှန်ပါပဲ။
-နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာအောင် ဆရာဝန်နဲ့ သေချာတိုင်ပင် ကုသဖို့တော့ အကြံပေးပါရစေ။
( မှ ) ကူးယူဖော်ပြသည်
A I D S ရောဂါအကြောင်း နှင့်စပ်ဆက်ရာများ
လူ့ သွေးထဲမှာ သွေးရည်ကြည်၊ သွေးဖြူဥနဲ့  သွေးနီဥများပါဝင် ဖွဲ့ စည်းထားပါတယ်။ သွေးဖြူဥများက
လူ့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ရောဂါပိုးများကို တိုက်ရိုက်တိုက်ဖျက်တာရော
အဲဒီရောဂါပိုးနဲ့ သက်ဆိုင်တဲ့ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပြီး
တိုက်ဖျက်တာရော၊ တိုက်ဖျက်မှုအမျိုးမျိုးနဲ့  ကာကွယ်တားဆီးပါတယ်။
၂။
သွေးဖြူဥထဲမှာ သွေးဖြူဥခေါင်းဆောင်က ဦးဆောင်ပြီး ကျန်တဲ့ သွေးဖြူဥတွေထဲမှာ ကိုယ်တိုင် အသေခံ
တိုက်ဖျက်တဲ့ သွေးဖြူဥများနဲ့ ကိုယ်ခံစွမ်းအား ထုတ်လုပ်ပြီး တိုက်ဖျက်တဲ့ သွေးဖြူဥဆိုပြီး နှစ်မျိုးရှိပါတယ်။
၃။
ဤသို့  နည်းလမ်းအမျိုးမျိုးဖြင့် ခန္ဓာကိုယ်အတွင်းကို ၀င်ရောက်တဲ့ ရောဂါပိုးမှန်သမျှကို သွေးဖြူဥ အဖွဲ့ များက
တိုက်ခိုက်ချေမှုန်းမှု ပြုပါတယ်။
၎။
HIV ဆိုတာ AIDS ရောဝါကို ဖြစ်စေတဲ့ အလွန်သေးငယ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။
အဲဒီပိုးက သွေးထဲမှာရှိတဲ့ သွေးဖြူဥများကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြင့် AIDS ရောဂါ၊ တစ်နည်းအားဖြင့်
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ခံစားရရှိစေပါတယ်။
၅။
HIV ပိုး လူ့ ခန္ဓကိုယ်အတွင်းသို့  ရောက်ရှိလာတဲ့အခါ သွေးဖြူဥများကို တိုက်ခိုက်ဖျက်ဆီးပစ်ပါတယ်။
၆။
ထိုအခါ သွေးဖြူဥခေါင်းဆောင်အပါအ၀င် သွေးဖြူဥများ ပျက်ဆီးသွားခြင်းကြောင့် အခြားရောဂါပိုးများကို
တိုက်ခိုက်ချေမှုန်းရန် အင်အားမဲ့သည့် အခြေအနေသို့  ဆိုက်ရောက်သွားပါတော့တယ်။
အဲဒီအချိန်မှာ အကာအကွယ်မဲ့နေတဲ့ ခန္ဓာကိုယ်အတွင်းသို့  အခြားပိုးများ ၀င်ရောက်လာပြီး ရောဂါလက္ခဏာ
ပေါင်းစုံကို ခံစားရရှိစေပါတော့တယ်။ လူ့ ခန္ဓာကိုယ်ရဲ့ ခုခံမှု စွမ်းအားစနစ် ပျက်စီးသွားတာကို အခွင့်အရေးယူပြီး
ဝင်ရောက်လာတဲ့ ရောဂါများရဲ့  ရောဂါလက္ခဏာပေါင်းစုံ ရရှိခံစားလာရခြင်းကို ခုခံအားကျဆင်းမှု ကူစက်ရောဂါ
ဖြစ်တယ်လို့  ခေါ်ပါတယ်။
၇။
HIV ပိုးကို အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့  သွေး၊ အမျိုးသမီးလိင်အင်္ဂါမှ ထွက်သောအရည်နှင့် အမျိုးသားသုတ်ရည်တို့ တွင် တွေ့ ရှိနိုင်ပါတယ်။
၈။
ဒါကြောင့် HIV ပိုးရှိနေတဲ့ လူတစ်ဦးဦးနဲ့  လိင်တူ လိင်ကွဲ ဆက်ဆံမှုပြုမယ်ဆိုရင် ....
၉။
HIV ရောဂါပိုးရှိသူနဲ့  ဆေးထိုးအပ်၊ ပြွန်များမျှဝေသုံးစွဲပြီး မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းမှုပြုမယ်ဆိုရင်၊
စနစ်တကျ ရောဂါပိုးသန့် စင်မှု ပြုမထားတဲ့ ဆေးထိုးအပ်၊ ပြွန်များနဲ့  ဆေးထိုးခံမယ်ဆိုရင်....
၁၀။
ရောဂါပိုးကူးစက်ခံရနိုင်တဲ့ အောက်ဖော်ပြပါ အပြုအမူမျိုးတွေရှိတဲ့ လူရဲ့ သွေး သွင်းမိမယ်ဆိုရင်
ရောဂါပိုး ကူးစက်နိုင်ပါတယ်။
- အဖော်များစွာ ( ယောက်ျား၊ မိန်းမ) နဲ့  လိင်မှုကိစ္စ လိုက်စားသူ
- မူးယစ်ဆေး အကြောထဲ ထိုးလေ့ရှိသူ
၁၁။
HIV ရောဂါပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ လည်း ကူးစက်နိုင်ပါတယ်။
၁၂။
လူတစ်ယောက်ကို သာမန်အပြင်ပန်းကြည့်ရုံနဲ့  ရောဂါပိုး ရှိ၊ မရှိ ပြောလို့ မရပါဘူး။
ကာယကံရှင် ကိုယ်တိုင်တောင် ကိုယ့်ကိုကိုယ် ရောဂါပိုးကူးစက်ခံနေရသူလို့  သိချင်မှ သိပါလိမ့်မယ်။
၁၃။
HIV ရောဂါပိုးရှိသူနဲ့ - လက်တွဲနှုတ်ဆက်ရုံ၊ ပွေ့ ဖက်နမ်းရှုပ်ရုံ၊ အတူကစားရုံ၊ ရေကူးရုံ၊ အတူ အလုပ်လုပ်ရုံ၊
အတူ ဘတ်စ်ကားစီးရုံနဲ့  HIV ပိုး မကူးစက်နိုင်ပါဘူး။ တယ်လီဖုန်း၊ အိမ်သာနဲ့  ခြင်၊ ယင်၊ ကြွက်၊ ပိုးမွှားများမှ
တဆင့်လည်း ဒီရောဂါပိုး မကူးစက်နိုင်ပါဘူး။
၁၄။
ကိုယ်ခန္ဓာအတွင်း၌ ရောဂါပိုး ရှိနေသော်လည်း ချက်ချင်း ရောဂါပိုးလက္ခဏာ ထင်ရှားစွာ မပြသဖြင့် မိမိ၌
ရောဂါပိုးရှိနေကြောင်း မသိနိုင်ပါ။ ရောဂါပိုးဝင်ရောက်ပြီး ( ၅ )နှစ်မှ ( ၁၀ ) နှစ်အတွင်း ရောဂါလက္ခဏာများ
စတင်ပေါ်ပေါက်လာနိုင်ပါတယ်။ HIV ပိုး ကူးစက်ခံရပြီဆိုလျှင် ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးပါ။
၁၅။
လိင်အပျော်အပါး လိုက်စားရာမှ ဆီးပူညောင်း( ပြည်)ကျခြင်း၊ လိင်အင်္ဂါ ယားယံရောင်ယမ်းခြင်းများကို ကာလသားရောဂါ ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်လာရင် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာန၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးဌာနများထံ အမြန်ဆုံးပြသပြီး ထိရောက်သော ဆေးဝါးကုသမှုများ ခံယူရန် လိုအပ်ပါတယ်။
၁၆။
အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် HIV ပိုး ကူးစက်မှု အန္တရာယ်ကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
အဖော်တစ်ယောက်သာထားပါ၊ ( အိမ်ထောင်သည် ဖြစ်ပါက တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ)၊ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုကို ပြုကျင့်ပါ၊ ကွန်ဒုံး စနစ်တကျ သုံးစွဲပါ။ ဆေးထိုးအပ်၊ ပြွန်များကို အခြားသူများနဲ့  မျှဝေသုံးစွဲခြင်း မပြုပါနဲ့ ။ မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စားခြင်းကို ရှောင်ပါ။
စာပေသူငယ်ချင်းများ၊ စာဖတ်သူများအားလုံး ကျန်းမာပျော်ရွှင်သော လူမှုဘ၀များကို ပိုင်ဆိုင်ကြပါစေ...
ခင်မင်လေးစားလျက်
နန္ဒ ( တောင်ငူ )
HIV ဝေဒနာရှင်တွေ ခရီးသွားခွင့်ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာတောင်းဆို
ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၄၆ နိုင်ငံက ချမှတ်ထားတဲ့ ဒီလို ကန့်သတ်မှု စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှု ဖြစ်သလို၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခြေအနေဆိုး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ၆ ရက်ကြာ လုပ်မယ့် နိုင်ငံတကာ AIDS ညီလာခံ စတင်တဲ့ ဒီနေ့မှာ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံအရပ်ရပ်က AIDS ရောဂါ သုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ အခြား ရောဂါတိုက်ဖျက်ရေးမှာ ဆက်နွယ် ပတ်သက်သူတွေ စုစုပေါင်း နှစ်သောင်းငါးထောင် လောက် ဒီညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။
ဒီညီလာခံကို အခု အသံလွှင့်ချိန် အမေရိကန်စံချိန် ည ၇ နာရီမှာ စတင် ဖွင့်လှစ် ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ ညီလာခံ တတ်ရောက် လာသူတွေကို ၀ါရှင်တန်ဒီစီ မြို့တော်ဝင်က ကြိုဆို မိန့်ခွန်းစကား ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အဖွင့် ဗွီဒီယိုမိန့်ခွန်း ပြောသလို၊ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ၀န်ကြီး Kathleen Sebelius လည်း ကိုယ်တိုင် တတ်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသမီးနဲ့ AIDS ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ဗွီဒီယိုမိန့်ခွန်း ပြောဆိုဖို့ရှိပါတယ်။ ၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။
ကျော်ဇောလေး

HIV antibody test (အင်တီဘော်ဒီ) စမ်းသပ်နည်းဟာ လူကြီးတွေမှာ HIV ရှိ-မရှိကို အသင့်တော်ဆုံးနဲ့ အသုံးအများဆုံး စစ်ဆေးနည်း ဖြစ်တယ်။ ဈေးလဲ မကြီးတဲ့ပြင် တိကျတယ်။ ဒီနည်းကို ELISA (Enzyme-Linked Immunoabsorbent) နဲ့ EIA (Enzyme Immunoassay) ခေါ်တယ်။ ရှိနေတာ ရှာတွေ့တယ်ဆိုတဲ့ သဘောက အဲဒီလူမှာ HIV ပိုး ဝင်နေပြီ။
ဒါပေမဲ့ ချွင်းချက် ၂ ခုရှိတယ်။
1. ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာ မအေဆီက (အင်တီဘော်ဒီ) တွေလဲ ပါလာတာမို့ ၁၈ လ အထိ ဆေးစစ်ရင် အပေါင်းလက္ခဏာ ပြမယ်။ တကယ်တော့ ဒီကလေးမှာ ပိုးရှိနေတာတော့ မဟုတ်ဘူး။ ဒီလို ကလေးမျိုးတွေကို PCR test ဆိုတာ လုပ်ပါတယ်။
2. HIV vaccine trials ကာကွယ်ဆေး စမ်းသပ်တာကို ခံယူနေသူတွေမှာလဲ အဲလိုပြမယ်။
HIV ပိုး ဝင်ထားသူ အများစုဟာ ကူးစက်တာခံရပြီး ၆-၁၂ ပါတ်အတွင်း စမ်းသပ်လို့ရတဲ့ (အင်တီဘော်ဒီ) တွေရှိလာမယ်။ ၆ လ နေမှ တွေ့တာ ရှားတယ်။ ဒိထက် ပိုကြာမယ်ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒီလို ပိုးဝင်နေပေမဲ့ စမ်းလို့ မတွေ့သေးတဲ့ ကာလကို Window period ပြူတင်းပေါက်ကာလ၊ ကြားကာလ ခေါ်တယ်။ ဒါ့ကြောင့် ပိုးဝင်မယ်လို့ သံသယဝင်တဲ့နောက် ၃ လ အကြာမှာ စမ်းတာ သင့်တော်တယ်။ အဲဒီအချိန်မှာ မတွေ့သူဟာ ဥပမာ စိတ်မချရတဲ့ လိင်-ဆက်ဆံနည်းကနေ ပိုး မဝင်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ၆ လ နေလို့မှ မတွေ့ရင်တော့ သေခြာပါတယ်။ ပိုးမကူးခဲ့ပါ။ နောက်တခါတော့ စိတ်ချရတဲ့ ဆက်ဆံနည်းကိုသာ သုံးပါ။
သတိကြီးဘို့ လိုတာက Window period မှာ တကယ်လို့ ပိုးရှိနေရင် သူများကို ကူးနိုင်တယ်။ Subtype B ပိုးမျိုးအတွက် HIV-1 antibody tests နည်းရဲ့ ပျမ်းမျှကြားကာလဟာ ၂၅ ရက်ရှိတယ်။ Antigen testing နည်းဆိုရင် ၁၆ ရက်နဲ့ NAT (Nucleic Acid Testing) နည်းက ၁၂ ရက်ကြာတယ်။ Window period မှာ Antiretroviral therapy (ဗိုင်းရပ်စ်) ဆေးသောက်လိုက်ရင် Antibodies ဖြစ်လာမှာကိုပါ နှေးစေလို့ ကြားကာလက ၁၂ လလောက်အထိ ကြာနိုင်တယ်။
ELISA test က တိကျလို့ မှားပြီး အပေါင်းပြတာ မရှိသလောက် ဖြစ်တယ်။ တကြိမ်စစ်လို့ အပေါင်းပြသူ အားလုံးကို Western blot (Protein immunoblot) နဲ့ Indirect immunofluorescence assay စမ်းသပ်နည်းတွေကို ဆက်လုပ်မယ်။ ဥရောပမှာ Line immunoassay ကိုပါ လုပ်မယ်။ ဆက်စစ်လို့လဲ အပေါင်းပြနေရင် ဝ့၁% ထက် မလွဲနိုင်တော့ပါ။ သူ့မှာ ပိုးရှိနေပြီ။
Antigen test (P24 test) (အင်တီဂျင်) စမ်းသပ်နည်းနဲ့ သေခြာစေနိုင်တယ်။ (အင်တီဂျင်) ဆိုတာ ကိုယ့်ပစ္စည်း မဟုတ်တဲ့ ပိုးမွှားလိုဟာ ဖြစ်တယ်။ ဒါမျိုး ဝင်လာရင် ကိုယ်ခန္ဓာကနေ (အင်တီဘော်ဒီ) ထုတ်စေမယ်။ HIV ပိုးရဲ့ အဲလိုဟာကို Protein P24 လို့ ခေါ်တယ်။ HIV ဝင်တာနဲ့ ၂-၈ ပါတ်အတွင်း P24 တွေ များများလာမယ်။ သွေးကို စစ်ရင် တွေ့မယ်။ ရောဂါ ရလာချိန်မှာတော့ သူတို့ ပျောက်ပျောက်သွားမယ်။ ဒါ့ကြောင့် P24 antigen test ကို အမြဲမလုပ်ဘဲ၊ စတုတ္ထ-မျိုးဆက် စမ်းသပ်နည်း အနေနဲ့သာ သုံးတယ်။ Fourth generation tests ဆိုတာ P24 antigen test နဲ့ Antibody test တွဲလုပ်တာကို ခေါ်တယ်။ ပိုတိကျတယ်။
PCR (Polymerase Chain Reaction) test ဆိုတာ HIV ပိုးရဲ့ မျိုးဇီဇကို စစ်တာဖြစ်တယ်။ ပိုးဝင်ပြီးနောက် ၂-၃ ပါတ် အကြာ စမ်းလို့ ရလာတယ်။ Viral load test နဲ့ HIV NAAT (Nucleic acid amplification testing) လို့လဲ ခေါ်တယ်။ ပိုးရှိ မိခင်ကနေ မွေးတဲ့ ကလေးကို PCR test လုပ်ရတယ်။ အမေဆီက Antibodies တွေရနေတယ်။ Antibody test က မတိကျလို့၊ ဈေးလဲကြီးတာမို့ လူတိုင်းကိုတော့ မစစ်ပါ။ ချမ်းသာ-တိုးတက်တဲ့ နိုင်ငံတွေမှာ သွေးလှူရာမှာလဲ PCR test ပါ လုပ်တယ်။
• Rapid HIV tests ဆိုတာ နည်းပညာအရ ELISA tests နဲ့တူပေမဲ့ စစ်ရတာ မိနစ် ၂ဝ သာကြာတယ်။ သွေး ဖြစ်ဖြစ် သွားရည် ဖြစ်ဖြစ် စစ်နိုင်တယ်။ Rapid Antibody Test ကို Rapid or point-of-care test ခေါ်တယ်။ Qualitative immunoassays အရေအတွက်ကို စစ်တာ ဖြစ်တယ်။
• Home testing နည်းက ကိုယ့်ဖါသာကိုယ် အိမ်မှာတင် သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ်နဲ့ စမ်းလို့ အဖြေကို မိနစ်ပိုင်းအတွင်း သိနိုင်တယ်။ ပိုသေခြာအောင်တော့ ဓါတ်ခွဲခမ်းမှာ ထပ်စစ်သင့်တယ်။
• Home sampling kit ဝယ်၊ ကိုယ့်သွေးနဲ့ စမ်းပြီး၊ ဓါတ်ခွဲခမ်း ပို့နိုင်တယ်။ ရက် သိပ်မကြာခင် အဖြေကို ဖုန်းဆက် မေးနိုင်တယ်။ သူများ မသိအောင် လုပ်နည်းတခုပေါ့။ နိုင်ငံအတော်များများမှာ HIV ဆေးစစ်တာကို လှို့ဝှက်ဘို့နဲ့ ကာယကံရှင်က စမ်းခြင်မှ စမ်းဘို့ သတ်မှတ် ထားတယ်။
• Home Access Express HIV-1 Test ကို FDA က အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ OraQuick ဆိုတာ မိနစ် ၂ဝ သာ ကြာတဲ့ Antibody test ဖြစ်တယ်။ Blood သွေး၊ Plasma (ပလာစမာ) သွေးရည်ကြည် နဲ့ Oral fluid ပါးစပ်က အရည် တခုခုကို စမ်းနိုင်တယ်။ HIV 1 နဲ့ HIV 2 ပိုးတွေကို စမ်းတာဖြစ်တယ်။
• Uni-Gold နည်းက ၁ဝ-၁၂ မိနစ်သာကြာတဲ့ Rapid HIV antibody test ဖြစ်တယ်။ သွေးစက်ကို စမ်းတာ။ FDA က အသိအမှတ် ပြုထားတဲ့ HIV 1 ကို စစ်ဆေးနည်း ဖြစ်တယ်။
• Clearview Complete HIV 1/2 နဲ့ Clearview HIV 1/2 Stat-Pak နည်းတွေက သွေး၊ သွေးထဲက (ပလာစမာ)၊ (စီရမ်) ကို စမ်းရတဲ့ အမြန်နည်း၊ ၁၅ မိနစ်သာ ကြာတယ်။
• iDiagnostics Rapid HIV Test နည်းကို အသိအမှတ် မပြုရသေးဘူး။
HIV Antibodies တခါ မတွေ့ယုံနဲ့ ကူးစက်မှု ကင်းတယ်လို့ ချင်ချင်း ပြောမရသေးပါ။ ၂-၆ ပါတ်ကြာမှာ တွေ့လာ နိုင်တယ်။ ဆေးစစ်လို့ အပေါင်းဖြစ်နေသူဟာ တချိန်မှာတော့ Antiretroviral treatment ဆေးကုဘို့ လိုလာမယ်။ ဆေးဆိုတာက ဗိုင်းရပ်စ်ကို နှေးသွားအောင်နဲ့ ခုခံအားကို ထိန်းဘို့ဖြစ်တယ်။ ပိုးရှိနေပေမဲ့ Safer sex စိတ်ချရတဲ့ လိင်ဆက်ဆံရေး လုပ်နိုင်ပါတယ်။ ကိုယ်အရင်က လိင်ဆက်ဆံခဲ့ဘူးသူတွေကိုလဲ အသိပေးသင့်တယ်။ အိမ်ထောင်ပြုမယ်ဆိုရင်လဲ ရောဂါ အကြောင်း သိအောင်လုပ်ပါ။ ကာကွယ်နည်း၊ ကုသနည်းတွေ ကြိုတင်ပြင်ဆင်ပါ။
CD4 T-cell count စစ်ဆေးနည်းဟာ HIV ရောဂါရှာတာ မဟုတ်ဘူး။ HIV-positive ပိုးရှိနေသူတွေရဲ့ Immune system ခုခံအား-စနစ်ကို စောင်ကြည့်တာသာ ဖြစ်တယ်။ ရောဂါအခြေအနေ တိုးတက်မှု-ဆုတ်ယုတ်မှုကို တိုင်းထွာတာ ဖြစ်တယ်။ CD4 T-cell counts နည်းတယ်ဆိုတာ ဒီရောဂါတခုထဲမှာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ပါရာဆိုက် ဝင်တာ၊ အနာရင်းတာ၊ တီဘီ ရှိတာ၊ မီးလောင်တာ၊ ခိုက်မိတာ၊ (ပရိုတင်း) ကို အကြောဆေးထိုးတာ၊ အာဟာရချို့တဲ့တာ၊ အားကစား လုပ်တာ လွန်ကဲတာ၊ ကိုယ်ဝန်ဆောင်တာ၊ စိတ်ပိုင်း ဖိစီးမှုများတာ နဲ့ အထီးကျန် နေရတာတွေကြောင့်လဲ များနိုင်တယ်။
CD4 counts ပုံမှန်ဆိုရင် 500 ကနေ 1500 CD4+ T cells/microliter ရှိတယ်။ ယေဘုယျ ပြောရရင် အမျိုးသမီးတွေက ပိုနည်းတယ်။ HIV ပိုးရှိနေသူမှာ CD4 T-cell count က 200 cells/μL ထက် နည်းတာ၊ ဒါမှမဟုတ် Opportunistic infections အခွင့်ကောင်းယူ ကူးစက်တာ တခုခုရှိမှသာ ၁၉၉၂ ကတည်းက AIDS လို့ တရားဝင် သတ်မှတ်ပါတယ်။
Dr. တင့်ဆွေ
|
ချစ်ခြင်း မေတ္တာ နှင့် HIV ရောဂါပိုး
29-03-2011
ရောဂါ
တစ်ခုခု ဖြစ်လာခြင်းဟာ လူ့သဘာဝ တစ်ယောက် နဲ့ တစ်ယောက် ကြားမှာ ရှိတဲ့
ချစ်ခြင်း မေတ္တာ ကို မပျက်ပြယ် စေနိုင်ပါဘူး။ HIV ရောဂါ ပိုး ရှိတဲ့
သူတွေမှာလဲ လူတိုင်းလိုပဲ ချစ်ခင် ကြင်နာမှု ကို လိုအပ် နေတာပါပဲ။
တချို့ကျတော့လဲ HIV ပိုး ရှိတယ်လို့ သိပြီးတဲ့ လူ တစ်ယောက် အနေနဲ့
အိမ်ထောင် မပြုသင့်ဘူး လို့ ယူဆတတ် ပါတယ်။ ဒီကိစ္စမှာ အဓိက အဆုံးအဖြတ်
ပေးရမှာကတော့ ကာယကံရှင် နှစ်ဦး ပါဘဲ။ တစ်ခုတော့ ရှိတာပေါ့။ ရောဂါပိုး
မရှိသေးသူ အနေနဲ့ မကူးစက်အောင် ဘယ်လို နေထိုင် သင့်သလဲ ဆိုတာ ကိုတော့
နားလည် တတ်ကျွမ်းသူ တွေကို မေးမြန်း သင့်ပါတယ်။
ကော့ကရိတ် မှာ နေတဲ့ အသက် ၂၆ နှစ် ခန့်ရှိ ကျောင်းဆရာမ တစ်ဦး ကတော့ ဒီလို ပြောပြ ပါတယ်။ "လူ့ဘဝ ဆိုတာ တိုတောင်း လွန်းလှပါတယ်။ ကျွန်မတို့ လက်ထပ်တော့မယ့် ဆဲဆဲမှာ သူ နေမကောင်း စ ဖြစ်တယ်။ နှစ်ဖက် မိဘတွေက ကျွန်မ တို့ကို မယူဖို့ တားကြတယ်။ သူ့ကို ကုပေးနေတဲ့ ဆရာဝန် ကို သေချာ မေးမြန်းပြီး ရောဂါ မကူးအောင် နေကြဖို့ ဆုံးဖြတ်ပြီး ကျွန်မတို့ လက်ထပ် လိုက်ကြ ပါတယ်။ ကျွန်မ နဲ့ ယူပြီး မှ သူ နေပိုကောင်း လာပါတယ်။ အလုပ် လဲ ခုထိ ဆက်လုပ် နေနိုင် ပါသေးတယ်။ မိဘ ဆွေမျိုး အသိုင်း အဝိုင်း အားလုံးက ကျွန်မ ကို နားမလည် နိုင်ဘူး။ ဒီ ရောဂါ ကြောင့် ကျွန်မတို့ နှစ်ယောက် ရဲ့ ချစ်ချင်း ကွေကွင်း ရ မှာလား။ ရောဂါ မကူးအောင် ဘယ်လို နေထိုင် ရမယ် ဆိုတာ ကျွန်မ သိတယ်။ မကူးအောင် နေလို့ ရတယ် ဆိုမှတော့ ဘာကို ကျွန်မ ကြောက်နေရ ဦးမလဲ။ သူ့အတွက်တော့ ကျွန်မ သူ့ကို လက်ထပ် ကူလိုက်ခြင်းဟာ ဆုလာဘ် တစ်ခု ပါဘဲ" တဲ့။ ကိုယါ့ ဘဝကို နားလည် စာနာပေးမဲ့၊ ကိုယ့် ခံစားချက်တွေ ကို ဝေမျှနိုင်မဲ့ အဖေါ် ဆိုတာ ကို လူတိုင်း တမ်းတ တတ်ကြမှာပါ။ ရောဂါ ရှိတဲ့ သူ အနေနဲ့ ကိုယ့် ရောဂါပိုး မကူးစက်အောင် နေထိုင်နည်း ကို သေသေ ချာချာ သိထားပြီး ဂရုစိုက်မယ် ဆိုရင် အန္တရာယ် မရှိနိုင် ပါဘူး။ ရောဂါပိုး ရှိသူ ကို လက်ထပ်ခြင်း အားဖြင့် ရောဂါ မရှိသူမှာ ရောဂါ ကူးနိုင်သဘား ဆိုတာ မေးစရာ ဖြစ်လာ ပါတယ်။ လိင်ဆက်ဆံရာ မှာ ကွန်ဒုံး သုံးမယ်၊ ဒါမှမဟုတ် စိတ်ချရတဲ့ လိင်ဆက်ဆံမှု မျိုးနဲ့ ပြုမူ နေထိုင်မယ် ဆိုရင် ရောဂါ မကူးနိုင်ပါဘူး။ နှစ်ဦး စလုံးမှာ ရောဂါပိုး ရှိနေတဲ့ စုံတွဲတွေ အနေနဲ့ ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံ လို့လည်း မရနိုင်ဘူးလား လို့ မေးနိုင်ပါတယ်။ ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံ ခြင်းဟာ မလိုလား အပ်တဲ့ ပြဿနာ တွေကို လက်ယပ် ခေါ်သလို ဖြစ်နေနိုင် ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ရောဂါ ပိုဆိုးတဲ့သူ က ကိုယ့် အဖေါ်ကို ရောဂါ မျှပေးနိုင် သလို အခြား ရောဂါများ၊ လိင်ဆက်ဆံခြင်းကြောင့် ရတဲ့ အခြား ရောဂါပိုး များ ကို ရသွားဖို့ အခွင့် သာနိုင် လို့ ပါဘဲ။ ဒီလို ရောဂါတွေ ကူးမယ် ဆိုရင် ကိုယ်ခံအား စနစ် ကို ထပ်ပြီး ဖိစီး နှိပ်စက် သလိုမျိုး ဖြစ်နိုင် ပါတယ်။ ဒီနေရာ မှာလည်း နောက်ဆုံး ဆုံးဖြတ်ချက် က ကာယကံရှင် နှစ်ဦးနဲ့ဘဲ သက်ဆိုင်ပါ လိမ့်မယ်။ ကိုဇော်ဇော် နဲ့ မသီတာ တို့ လက်ထပ် ခဲ့တာ အခုဆို (၃)နှစ် ဝန်းကျင် ရှိပါပြီ။ သူတို့ နှစ်ဦး စလုံးမှာ HIV ပိုးရှိ နေတယ် လို့ သိလိုက်ရပါတယ်း ဒါပေမယ့် ကလေး ချစ်တတ်ကြတဲ့ အတွက် အိမ်ထောင်သက် ရ လာချိန်မှာ သားသမီး ယူချင်စိတ် ပေါ်လာပါတယ်။ သူတို့ သားသမီး ယူလို့ ရ မရ၊ ယူတဲ့ ကလေးမှာကော ရောဂါပိုး ရှိနိုင် မရှိနိုင် သိချင်တဲ့ အတွက် လာရောက် ဆွေးနွေး အကြံယူ ကြပါတယ်။ HIV ပိုး ရှိတဲ့ စုံတွဲတွေ အတွက် ရှေ့ဆက် စဉ်းစားဖို့ အချက်ကတော့ သားသမီး ယူသင့် မယူသင့် ဆိုတာပါဘဲ။ HIV ပိုး ရှိနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေ၊ ကိုယ်ဝန်ဆောင် လိုတဲ့ အမျိုးသမီး တွေ အတွက် အမေကနေ ကလေးကို ကူးစက်ဖို့ အခွင့်အလမ်း နည်းသွားအောင် ကာကွယ်ပေးတဲ့ AZT ဆိုတဲ့ ဆေးတစ်မျိုး လွန်ခဲ့တဲ့ နှစ် အနည်းငယ် က ပေါ်လာခဲ့ ပါတယ်။ တချို့က HIV ပိုး ရှိနေတဲ့ အမေကနေ မွေးတဲ့ ကလေးတိုင်းဟာ HIV ပိုး ရှိနေနိုင်တယ် လို့ ထင်ကြပါတယ်။ ဆေးပေးပြီး ကာကွယ်နိုင်ခြင်း မရှိခင် က ရောဂါပိုး ရှိတဲ့ မိခင်တွေ က မွေးတဲ့ ကလေးတွေရဲ့ ၃၀-၃၅% သာ ရောဂါပိုး ပါလာနိုင်ပါတယ်။ ကလေးကို မိခင်နို့ မတိုက်ခဲ့ရင်၊ ဆေးဝါးနဲ့ ကာကွယ်မယ် ဆိုရင် မိခင်ကနေ ကလေးကို ကူးစက်မှု နှုန်းကို တဝက်ကျော်ကျော် လောက် လက်လျော့ချ ပေးနိုင်ပါတယ်။ ဆေးဝါးနဲ့ ကာကွယ်ရင်း ဗိုက်ခွဲ မွေးတာမျိုးလို တခြား ကုထုံးတွေနဲ့ ပါ ပေါင်းစပ် ပေးလိုက်မယ် ဆိုရင် ရောဂါ ရနိုင်တဲ့ နှုန်းဟာ ၀% အထိ ကျဆင်းသွား နိုင်ပါတယ်။ ဒါက ကလေးမှာ HIV ပိုး ကူးနိုင် မကူးနိုင် ဆိုတဲ့ အကြာင်း တစ်ခုတည်း ရှိပါသေးတယ်။ ဆက်ပြီး စဉ်းစားရမှာ က ကလေးရဲ့ အနာဂတ် ပါဘဲ။ ကိုယ်က အသက်ရှင်ဖို့ ကန့်သတ်ချက် ရှိနေတော့ ကလေးမှာ တွေ့ရနိုင်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေ ကို ကြိုတင် စီစဉ် ပေးထားဖို့လည်း လိုပါလိမ့် မယ်။ တကယ်လို့ ကလေးကို ကိုယ်က မပြုစု မစောင့်ရှောင် နိုင်တော့ဘူး ဆုပါစို့။ သူ့ကို ဘယ်သူက ဆက်လက် ပြုစု စောင့်ရှောက် ထားပေး နိုင်မလဲ။ ဆက် ကြည့်ရှု စောင့်ရှောက် ပေးမယ့်သူ အနေနဲ့ရော ငွေကြေး တောင့်တင်းမှု ရှိရဲ့လား။ မေတ္တာကော အပြည့်အဝ ပေးနိုင်မယ် လို့ ထင်ပါသလား။ ကိုယ့်ကြောင့် လူ့လောက ထဲကို ရောက်လာမဲ့ ကလေးတစ်ယောက် အတွက် စဉ်းစား တွေးတော စရာ တွေ အများကြီး ရှိပါတယ်။ ကလေးတစ်ယောက် အတွက် အခြေခံ လိုအပ်ချက်တွေ က စလို့ သူကြီးပြင်းလာမယ့် အချိန်ထိကို သေသေချာချာ စဉ်းစားပြီးမှ ကလေး ယူသင့် မယူသင့် ဆိုတာကို ဆုံးဖြတ်သင့် ပါတယ်။ ဒီကိစ္စမျိုးကို ဆရာဝန်၊ နှစ်သိမ့်ဆွေးနွေး အကြံပေးသူ တစ်ယောက်ယောက်၊ ဒါမှမဟုတ် ကိုယ့်လို အခြေအနေမျိုး ကြုံဖူးနဲ့သူ တစ်ယောက်ယောက် နဲ့ ပြောဆို ဆွေးနွေး ရမှာ ဖြစ်ပါတယ်။ HIV ပိုး ရှိနေသူ တစ်ဦးဦး နဲ့ ကိုယ်ဟာ ပတ်သက် ဆက်နွယ်မှု ရှိနေတယ် ဆိုရင် HIV ပိုး ကူးစက်နိုင်တဲ့နည်း၊ ကာကွယ်နည်း၊ အန္တရာယ် ကင်းတဲ့ လိင်ဆက်ဆံနည်း၊ လိုအပ်လို့ ဆေးထိုးရမယ် ဆိုရင်လည်း အန္တရာယ် မရှိအောင် ဘယ်လို ဆေးထိုးရမယ် ဆိုတာတွေကို သိထား သင့်ပါတယ်။ HIV ပိုး ဘယ်လို ရနိုင်သလဲ အဓိက သုံးနည်းနဲ့ ကူးနိုင် ပါတယ်။ ၁။အကာ အကွယ်မဲ့ လိင်ဆက်ဆံ ခြင်းက တဆင့် ကူးစက်ခြင်း ၂။ရောဂါပိုးရှိသူ အသုံးပြုထားသော အပ်၊ ဆေးထိုးပြွန် များကို အတူ သုံးစွဲခြင်း ဖြင့် သွေးမှ တဆင့် ကူးစက်ခြင်း ၃။HIV ပိုး ရှိသော မိခင်မှ ကလေးဖြစ်သူအား ကိုယ်ဝန် ဆောင်စဉ် အတွင်း၊ ကလေးမွေးစဉ် သို့မဟုတ် နို့တိုက်စဉ် တွင် ကူးစက်ခြင်း တို့ ဖြစ်ပါတယ်။ |
အူအတက်ရောင် ရောဂါ
ဗိုက်နာတာ၊ ဗိုက်အောင့်တာ ဗိုက်ရဲ့ညာဘက်အောက်ပိုင်း Right
Iliacfossaဆိုတဲ့နေရာမှာ ဗိုက်နာရင်၊ အောင့်ရင်တော့ ယေဘုယျ အားဖြင့် Acute
Appendicitis အူအတက်ရောင်ရောဂါလို့ ခေါ်ပါတယ်။ လူအများခေါ်ဝေါ်ကြတာကတော့
အူအတက်ပေါက်ရောဂါလို့ အများက ခေါ်ကြပါ...တယ်။
ဗိုက်ညာဘက်နာတာအပြင် ဗိုက်အမြှေးပါးရောင်တဲ့ လက္ခဏာတွေလည်း တွေ့ရတယ်။ Sign of Peritonitisလို့ခေါ်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့ -
(၁) ဗိုက်ညာဘက်နာတယ် (PAIN)
(၂) အဖျားဝင်လာတယ် (FEVER)
(၃) နာတဲ့နေရာထိလိုက်ရင် ပိုနာတယ်၊ TENDERNESS လို့ခေါ်တယ်။
(၄) နာတဲ့နေရာကို အသာလေးဖိလိုက်ပြီး ရုတ်တရက်ဖိထားတာကို လွှတ်လိုက်ရင်
ပိုနာလာလို့ လူနာက 'အမယ်လေးဗျ'လို့ အော်တော့ တာပါပဲ။ ဒီလိုနာတာမျိုးကို
REBOUND TENDERNESS လို့ ခေါ်ပါတယ်။
(၅) ဗိုက်ဘယ်ဘက်က တင်းမနေဘဲ ညာဘက်က တင်းမာနေတယ်၊ RIGIDITY လို့ခေါ်ပါတယ်။
(၆) ဆရာဝန် လူနာနားကပ်လိုက်ရင်ကိုပဲ မျက်နှာက နာတဲ့ပုံသဏ္ဌာန်
ပြလိုက်ပါတယ်။ CONSCIOUS PAIN လို့ခေါ်ပါတယ်။ GUARDING လို့လည်း
ပြောကြပါတယ်။
အထက်ပါ လက္ခဏာတွေအားလုံးဟာ အူအတက်ရောင်(အူအတက်ပေါက်) နာတွေရဲ့ လက္ခဏာတွေဖြစ်ကြောင်း တင်ပြလိုက်ပါရစေ။
တိတိကျကျ ပြောလို့မရပါ
အူအတက်ရောင်ရောဂါ ဟုတ် ၊ မဟုတ်ကို တိတိကျကျ ပြောလို့မရပါဘူး။ အကြောင်းရင်းကတော့ -
(၁) အထက်ပါလက္ခဏာတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘဲ အမျိုးမျိုးခြားနားကြလို့ဖြစ်တဲ
(၂) အူအတက်ရောင်ရောဂါက အူသိမ်နေရာ(ILEUM)နဲ့ အူမကြီး (CAEUM) တို့
တွေ့ဆုံဆက်တဲ့နေရာမှာရှိလို့ ဗိုက်ရှေ့ပိုင်းမှာလည်း ရှိတတ်တယ်။
ရှေ့မှာဆိုရင် ဗိုက်ရှေ့က သိပ်နာတတ်ပါတယ်။ နောက်မှာရောက်နေခဲ့ရင်
ဗိုက်ရှေ့မှာ မနာမအောင့်ဘဲ နောက်ဘက်မှာ နာတတ်အောင့်တတ်ပါတယ်။
ဗိုက်နောက်ပိုင်းမှာ အောင့်ရင်၊ နာရင် အူအတက်နာအောင့်တယ်လို့မထင်ဘဲ
သည်းခြေအိတ်ထဲ ကျောက် တည်တဲ့ရောဂါကြောင့် အောင့်တယ်ထင်တတ်တာရယ်၊
ကျောက်ကပ်ထဲက ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်ရောဂါတို့နဲ့ အူ
အတက်ပေါက်ရောဂါတို့ မှားယွင်းကုသတတ်တဲ့အကြောင်း ဆေးပညာမှာ
ဆိုရိုးစကားရှိပါတယ်။
ဗိုက်ခွဲပြီးမှ အူအတက်ပေါက်တာ မတွေ့လို့၊ မဟုတ်လို့ မထူးပါဘူးဆိုပြီး အခြေအနေကောင်းရင် အူအတက်ကို ဖြတ်တောက်လိုက် တတ်ကြပါတယ်။
အူအတက်ပေါက်တာဟုတ်၊ မဟုတ်ကိုတော့ အခုစမ်းသပ်စစ်ဆေးတဲ့ (FACILITY) စက်တွေ ပေါ်နေပါပြီ။ ဥပမာ - ULTRASOUND စမ်းသပ်စက်တို့ဖြစ်ပါတယ်။
အဲဒီလို အာထရာဆောင်းစက်ဖြင့် ဖိစမ်းသပ်လိုက်တဲ့အခါမှာ လူနာက နာတယ်နာတယ်
လို့ထအော်တတ်ပါတယ်။ စက်ကလည်း ကောင်းမယ်၊ စမ်းသပ်တဲ့ဆရာဝန်ကလည်း
တော်မယ်ဆိုလို့ရှိရင် အူအတက်ရောင်တာ၊ ပေါက်နေတာတို့ကို ကောင်းကောင်း မြင်ရ
တယ်လို့ ပြောပါတယ်။ အဲဒီလို အူအတက်ပေါက်ခြင်း သိသိသာသာ သိသာရင်တော့
ခွဲစိတ်ဖို့ကို ခွဲစိတ်အထူးကုဆရာဝန်ကြီးတို့က လုပ်ပေးကြပါတယ်။
အူအတက်မခွဲရင် ဘာဖြစ်တတ်သလဲ
အူအတက်ရောင်တာကို မခွဲစိတ်ဘူးဆိုပါရင် နောက်ထပ် ဘာတွေဖြစ်နိုင်ပါသလဲဆိုတာကို ကျွန်တော်ပြောပြရပါတော့မယ်။
အူအတက်ရောင်တာကို မခွဲရင် ကောင်းတာလည်းဖြစ်နိုင်တယ်။ မကောင်းတာလည်း
ဖြစ်နိုင်ပါတယ်။ တချို့အူအတက်ရောင်တာမှာ လည်း Type တွေက
အမျိုးမျိုးရှိတယ်။
(၁) Catarnal Type မှာတော့ နည်းနည်းလေးရောင်ပြီး အနည်းငယ် Partially
ပိတ်နေပါတယ်။ Catarnal နာတာလည်း သိပ်အဆိုးကြီး မဟုတ်ပါဘူး။ Type အနေနဲ့
မပိတ်ဆို့နေတဲ့ Non Obstructive အမျိုးအစားဖြစ်လာတယ်။
(၂) Obstructed Type မှာတော့ ပိတ်တဲ့ဟာတွေက Faeces တို့၊ စမြင်းတုံးတွေ၊
နောက် မာလကာသီးအစေ့တွေ၊ ဆီးစေ့တွေဖြစ်ပါ တယ်။ ဒါတွေနဲ့ မပိတ်ရင်တောင်မှ
အဲဒီ Appendix မှာရှိတဲ့ Lyphoid Follicles ကြီးလာပြီး ပိတ်တတ်ပါတယ်။
အဲဒီတော့ အူအတက်ကြွက်သားတွေက ညှစ်ရတယ်။ ညှစ်ရတဲ့အခါကျတော့ တစ်ချက်တစ်ချက်
ပိုနာပြီး Complication တွေလည်း ဖြစ် တတ်တယ်။ ကံကောင်းတဲ့လူနာတွေမှာ
သူ့ဘာသာ Resolve ဖြစ်ပြီး သူ့ဟာသူပျောက်သွားတယ်။ တကယ်လို့
ရောင်ပြီးပိတ်နေရင် တော့ ဒီရောင်တဲ့ဟာက ပိုပိုကြီးလာပြီး
အူအတက်ကိုသွားတဲ့ သွေးကြောလေးတွေပါရောင်ပြီးတော့ သွေးခဲနဲ့ ပိတ်သွားပါတယ်။
အဲဒီသွေးမစီးတဲ့အခါကျတော့ ရောင်နေတဲ့အူအတက်က ပုပ်သွားတယ်။ ပုတ်ပြီးတော့မှာ ပေါက်ထွက်သွားတယ်။ Burst Appendix ပေါ့။
အဲဒါဆိုရင် အူအတက်ထဲမှာရှိတဲ့ ပိုးတွေ၊ မစင်တွေက
ဝမ်းဗိုက်ခေါင်းထဲပျံ့နှံ့ပြီး Peritonium ၀မ်းဗိုက်အမြှေးပါးပါ
ရောင်ရမ်းကာ ပိုးတွေ က ထုတ်ပေးတဲ့ အဆိပ်တွေကြောင့် သွေးဆိပ်တတ်လာပြီး
ဒုက္ခရောက်တတ်ပါတယ်။
လူနာက Resistant ကိုယ်ခံအားကောင်းတယ်၊ ရောင်တဲ့အချိန်မှာ ဘေးနားကအူတွေနဲ့
Omentum လို့ခေါ်တဲ့ ၀မ်းတွင်းအဆီပြင်တွေက လာရောက်ဖုံးအုပ်တဲ့အခါကျတော့
Appendicular Mass ဖြစ်သွားပါတယ်။
Appendicular Mass ကနေပြီးတော့မှ ဆေးတွေပေးတဲ့အခါမှာ ရောဂါပျောက်ကင်းပြီး
Resolve ရနိုင်တယ်။ တချို့ကျတော့ Appendicular Mass ကနေတစ်ဆင့်
ပေါက်ထွက်ပြီးတော့မှ ပြည်တည်နာ ဖြစ်သွားတယ်။
ပြည်တည်တာ ဖြစ်လာပြီဆိုရင်တော့ အဖျားကလည်း ပိုတက်လာတယ်။ Mass ကလည်းပဲ
ပိုပြီးတော့နာလာတယ်။ အဲဒီအခါမှာ သမားတော်အနေနဲ့ လူနာရဲ့အခြေအနေကို
ကြည့်ရပါတယ်။
ဒီမှာလည်း ကျွန်တော်တို့က Two Schools of Thought ပေါ့။
အယူအဆနှစ်မျိုးရှိတယ်။ မခွဲသင့်သေးတဲ့ အခြေအနေနဲ့ ခွဲသင့်ပြီဆိုတဲ့
အခြေအနေ နှစ်မျိုးပါပဲ။
Caurse and Complication ရောဂါအခြေအနေနဲ့ ပြောမယ်ဆိုရင် -
နံပါတ်(၁)က ရောဂါပျောက်ကင်းပြီး ကောင်းသွားနိုင်တယ်။
နံပါတ်(၂)က ပေါက်ကွဲ Burst ဖြစ်သွားနိုင်တယ်။
နံပါတ်(၃)က Mass အလုံးအကျိတ် ဖြစ်သွားနိုင်တယ်။
နံပါတ်(၄)က Abscess ပြည်တည်နာဖြစ်နိုင်တယ်။
နံပါတ်(၅) ကတော့ လူကို ဒုက္ခအများကြီးပေးနိုင်တဲ့ အခြေအနေလို့ပဲပြောလိုက်ပါရစေ။
ဒါကြောင့် စောစီးစွာ ခွဲစိတ်ကုသလိုက်တာ အကောင်းဆုံးပါပဲလို့ ပြောလိုပါတယ်။
ကျွန်တော်ပြောချင်တာ နောက်တစ်မျိုးကတော့ မာလကာစေ့တွေ၊ ခရမ်းချဉ်သီးအစေ့၊
ငရုတ်သီးခြောက်အစေ့ ဒါတွေကြောင့် Appendicitis ဖြစ်တတ်တယ်ဆိုတာကိုတော့
ကျွန်တော် ပြောပါရစေဦး။
Appendicitis မဖြစ်အောင်တော့ ထူးခြားတဲ့ ကာကွယ်နည်း သီးသန့်မရှိပါဘူး။
ဝမ်းချုပ်မခံဘူး။ အစေ့ပါတဲ့ မာလကာသီး၊ ဆီးသီး စတာတွေကို မစားရဘူး။
Viral Infection ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို
ထိထိရောက်ရောက် ကုသပေးရင်တော့ ထိုက်သင့်သလောက် အဖြစ်နှုန်း
လျော့သွားနိုင်ပါတယ်။
Appendicitis မဖြစ်အောင် အခုနတုန်းက မာလကာသီးက အစေ့တွေ၊ ဆီးစေ့တွေပါအောင်
မစားတော့ဘူးဆိုရင်တော့ အဲဒီဟာတွေ ကြောင့်ဖြစ်မယ့် လူနာတွေအတွက်တော့
ကာကွယ်လို့ရမှာဖြစ်ပါတယ်။
တချို့ Viral Infection ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ (Dengue Virus)
ဆိုတာတွေမှာလည်း အူအတက် အနည်းငယ်ရောင်နေတတ် ပါတယ်။ သတိထားသင့်တဲ့
ကိစ္စတစ်ရပ်ပါပဲ။
လူတွေအများဆုံးသိလိုတဲ့ အကြောင်းတစ်ရပ်ကတော့ Appendix က
ခန္ဓာကိုယ်အတွ့် သိပ်မလိုအပ်ဘူး။ အဲဒါကြောင့် Appendicitis မဖြစ်ခင်
တချို့ကလည်း ကြိုပြီးတော့ ခွဲသင့်တယ်ပေါ့။ အခုနောက်ပိုင်းကျတော့လည်း
Appendix ကမလိုအပ်ဘူးရယ် မဟုတ်ဘူးပေါ့။ သူက Micro Organism တွေ
ခိုအောင်းလို့ရတယ်။ ဒီ Organism တွေက အူလမ်းကြောင်းအတွက် အကျိုးပြုတယ်။
နောက်ပြီးတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရာတစ်ခုအနေနဲ့ဖြစ်လာေ
ဘယ်လိုလူမျိုးတွေမှာ အကြံပြုနိုင်မလဲဆိုရင် ဥပမာ တချို့ခရီးဝေးသွားရမယ်။
Medical Facility ကမရှိဘူး။ တောတွေဘာတွေမှာ အလုပ်သွားလုပ်ရတယ်။
မိုင်းတွေဘာတွေ သွားရှာရတဲ့ မိုင်းလုပ်တဲ့လူတွေက သွားရေးလာရေး ခက်ခဲတယ်။
ဒီဟာမျိုးတွေမှာတော့ လူနာရဲ့ဆန္ဒရှိရင်တော့ လုပ်ပေး၊ ခွဲပေးသင့်ပါတယ်။
စာဖတ်ပရိသတ်တွေကို အကြံပြုပြောကြားချင်တာကတော့ Acute Abdomen ဆိုတာဟာ
လူတွေ့ရဲ့အသက်ကိုပါ အန္တရာယ်ပေးနိုင် ပါတယ်။ ဒါနံပါတ်(၁)အချက်ပေါ့။
နံပါတ်(၂)ကတော့ Acute Abdomen ဖြစ်နိုင်တဲ့ Causes တွေကလည်း
အများကြီးရှိတာကြောင့် တိတိကျကျ ဘာကြောင့်နာတယ်ဆိုတာ မပြောနိုင်ပါဘူး။
ရောဂါအဆင့်ဆင့် အခြေအနေနဲ့ စမ်းသပ်ပုံကို ပြောပါရစေ။
(၁) ဗိုက်နာတဲ့အခါ အသာဖိကြည့်ပါ။ ဖိကြည့်လိုက်လို့ နာတာက အဖိကိုခံနိုင်တယ်၊ ဖိထားရင် သက်သာတယ်ဆိုရင် သိပ်အရေးမကြီး ပါဘူး။
(၂) ဒါပေမဲ့ ဗိုက်နာခြင်းက ပြင်းထန်မယ်၊ စဉ်ဆက်မပြတ် နာကျင်မှုဖြစ်မယ်၊
အသက်ရှူရင် လူနာက ရင်ဘတ်နဲ့ရှူပြီး ၀မ်းဗိုက်မှာ တင်း မာမယ်၊
အသက်ရှူတဲ့အခါ ဗိုက်က မလှုပ်ရှားဘူး၊ ဗိုက်ကို လက်ဖ၀ါးနဲ့စမ်းသပ်ရင်
အထိမခံနိုင်ဘဲ နာကျင်မယ်ဆိုပါက ဖြစ်နိုင်ရင် ဆေးရုံ ကို အမြန်ပြဖို့
လိုအပ်ပါတယ်လို့ ကျွန်တော် အူအတက်ရောင်ရောဂါအကြောင်း ပြောကြားခြင်းကို
နိဂုံးချုပ်လိုက်ရပါတယ်။
( မှ ) ကူးယူဖော်ပြသည်
ဆီး နှင့် ကျောက်
လူ့ခန္ဓာကိုယ်ရှိ အင်္ဂါများတွင် ကျောက်တည်သည့်ရောဂါမှာ ကမ္ဘာဦး အစကပင်
ရှိသည့် ရောဂါဟု ဆိုနိုင်သည်။ အီဂျစ်နိုင်ငံ၌ တွေ့ရှိရသည့် မံမီရုပ်
အလောင်းအတွင်းတွင် ကျောက်တည်မှုကို တွေ့ရသည်ဟု ဆိုသည်။
ကျောက်တည်ခြင်းသည် သည်းခြေအိတ်နှင့် ဆီးလမ်းကြောင်းတို့တွင် ဖြစ်ပွားလေ့ရှိသည်။
ဆီးလမ်းကြောင်းတွင် ကျောက်ကပ်၊ ဆီးပြွန်နှင့် ဆီးအိမ်တို့ ပါရှိသည်။
ကျောက်တည်ခြင်းသည် ဆီးလမ်းကြောင်း မည်သည့်နေရာတွင် မဆို ဖြစ်နိုင်သည်။
ဆီးကျောက်တည်ခြင်းသည် ယခင်က အမျိုးသားများတွင် အဖြစ်များခဲ့သော်လည်း ယခုအခါ
အမျိုးသမီးများတွင်လည်း အဖြစ်များလာသည်ကို တွေ့ရသည်ဟု သိရသည်။
အကြောင်းရင်း---
ဆီးတွင်း၌ ကျောက်ဖြစ်စေသည့်ဓာတ်များ၊ ဥပမာ ကယ်လ်စီယမ်ဓာတ် အလွန်အမင်း
ပါရှိခြင်းကြောင့် ကျောက်တည်နိုင်သည်။ ဆီးလမ်းကြောင်း ကျဉ်းခြင်း၊
ပိတ်ခြင်းတို့ကြောင့် ဆီးအသွားနှေးပြီး အနည်ထိုင်ကာ ကျောက်တည်တတ်သည်။
ဆီးလမ်းကြောင်းအတွင်း ရောဂါပိုး ၀င်ရောက်ခြင်းသည် ဆီးကျောက်တည်ရန် အားပေးနေသည်။ ကလေးများ ဆီးအိမ်ရောင်သည့်အခါ ဆီးကျောက်တည်နိုင်သည်။
ကယ်လ်စီယမ် ခေါ် ထုံးဓာတ်အများအပြား ပါသည့် အစားအသောက်များကို ကာလကြာရှည်စွာ အမြဲစားသောက်သူတို့တွင် ဆီးကျောက်တည်တတ်သည်။
ဆီးကျိတ် (Prostate gland) ကြီးနေသော သက်ကြီးရွယ်အို အမျိုးသားများတွင် ဆီးအိမ် ကျောက်တည်ခြင်း များပြားသည်။
ဂေါက် (gout) ခေါ် ဒူလာ ရောဂါ ဖြစ်သူတို့တွင် ယူရစ် အက်ဆစ်ဓာတ် များပြားပြီး ကျောက်တည်သည်။
ချွေးထွက်များပြီး ဆီးနည်းသူများတွင်လည်း ဆီးကျောက်တည်တတ်သည်။
လေ့လာမှုတခုက ၀သူများတွင် ဆီးကျောက်တည်မှု ပိုလာနိုင်သည်ဟု ဆိုသည်။
ရောဂါလက္ခဏာ---
ဆီးလမ်းကြောင်းတွင် ကျောက်တည်သည့်အခါ ခါးနာခြင်း ဖြစ်လေ့ရှိသည်။
ပြင်းထန်စွာ ခါးနာပါက ပျို့အန်တတ်သည်။ ဆီးပူ၍ ဆီးသွားသည့်အခါ သွေးပါတတ်သည်။
လူနာသည် ချမ်းတုန်၍ ဖျားနိုင်သည်။
ရောဂါလက္ခဏာများသည် ကျောက်တည်သည့် နေရာပေါ်တွင် မူတည်၍ ပေါ်ပေါက်လာသည်။
ကျောက်ကပ်တွင် ကျောက်တည်ပါက ခါးနာခြင်း၊ ခါးအောင့်ခြင်း ဖြစ်၍
ဖျားလာနိုင်သည်။ ဆီး မကြာခဏ သွားပြီး ဆီးပူခြင်း ဆီးထဲတွင် သွေးပါခြင်းတို့
ဖြစ်နိုင်သည်။
ဆီးအိမ်တွင် ကျောက်တည်လျှင် ဆီးသွားရာ၌ ခက်ခဲနိုင်သည်။
ဆီးပြွန်အတွင်း၌ ကျောက်တည်သည့်အခါ ခါးတွင်းမှ ထိုးအောင့်ခြင်း၊
ပျို့အန်ခြင်း၊ ဆီးတွင် သွေးပါခြင်းတို့ ဖြစ်နိုင်သည်။ နာကျင်မှုသည်
ပြတ်တောင်းပြတ်တောင်း ဖြစ်ကာ မကြာခဏ ပြန်နာနိုင်သည်။
နောက်ဆက်တွဲ ရောဂါများ---
ကျောက်သည် ဆီးလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပြီး ကာလကြာရှည်လျှင်
ကျောက်ကပ် ထိခိုက် ပျက်စီးနိုင်သည်။ ထို့အပြင် ဆီးလမ်းကြောင်းတွင်လည်း
ရောဂါပိုးများ လွယ်ကူစွာ ၀င်ရောက်နိုင်သည်။ ကျောက်ကပ် မပျက်စီးသည့်တိုင်
ကျောက်ကပ် ရောင်ရမ်းနိုင်သည်။
ရောဂါ ရှာဖွေခြင်း---
ဆီးကျောက် တည်ခြင်း ရှိ-မရှိကို ဆီးစစ်ခြင်း၊ ရိုးရိုး ဓာတ်မှန်ရိုက်ခြင်း။
ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်း၊ ပိုက်ထည့်၍ ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့်
ရောဂါရှာဖွေနိုင်သည်။
ထို့အပြင် ဆီးအိမ်တွင်းကြည့် ကိရိယာဖြင့် ကြည့်ခြင်း (cystoscopy) ဖြင့်လည်း ဆီးကျောက် ရှိ-မရှိ သိနိုင်သည်။
ကုသခြင်း---
ကျောက် သေးငယ်လျှင် ဆီးနှင့် အတူ အလိုအလျောက် ထွက်နိုင်သဖြင့် ဆီးများများ သွားစေရန် ရေများများ သောက်ပေးရသည်။
ကျောက်ကို ခွဲစိတ် ထုတ်ယူခြင်းကို ပြုလုပ်နိုင်သည်။ ကျောက်အလွန်ကြီးပြီး
ကျောက်ကပ်မှာလည်း ပျက်စီးနေပါက ကျောက်တည်သည့် ကျောက်ကပ်ကိုပါ
ခွဲထုတ်ပစ်ရသည်။
ဆီးပြွန်ချောင်း အောက်ပိုင်းရှိ ကျောက်အား ချိတ်နှင့်ချိတ်၍ ချူယူနိုင်သည်။
ကျင်ချောင်းဝရှိ ကျောက်ကို ခြေပြီး ထုတ်ပစ်နိုင်သည်။ ဆီးအိမ်၌ ရှိသော
ကျောက်သည် အရွယ်ကြီးပါက ဆီးအိမ်ကို ခွဲ၍ ကျောက်ကို ထုတ်ယူရသည်။ အသံလွန်
အသံလှိုင်းဖြင့် ဆီးကျောက်ကို ခြေဖျက်နိုင်သည်။
ကာကွယ်ရေး---
ရေများများ သောက်ခြင်းက ဆီးကျောက်တည်စ အချိန်တွင် သက်သာပျောက်ကင်းစေနိုင်သည်။
ထုံးဓာတ်ပါသည့်ရေနှင့် အစားအစာများကို ကာလကြာရှည်စွာ နေ့စဉ်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
ချွေးအထွက် မလွန်စေရန်လည်း သတိပြုသင့်ပါသည်။
( မှ ) ကူးယူဖော်ပြသည်
နာတာရှည် အသည်းရောဂါဆိုတာ ဘာလဲ
၁။ နာတာရှည် အသည်းရောဂါဆိုတာ ဘာလဲ။
နာတာရှည်အသည်းရောဂါ (CHRONIC LIVER DISEASE) ဆိုရာမှာ နာတာရှည်အသည်းရောင်ရောဂါ (CHRONIC HEPATITIS) မှသည် အသည်းခြောက်ရောဂါ (CIRRHOSIS) ဆီသို့ အဆင့်ဆင့်ကူးပြောင်းနေသော ရောဂါများကိုခေါ်ပါတယ်။ နာတာရှည်အသည်း ရောင်ရောဂါများ၏ လမ်းဆုံးရာ (END STAGE LIVER DISEASE) သည် အသည်းခြောက်ရောဂါဟု ပြောကြပါတယ်။ အသည်းခြောက် ရောဂါမှတဆင့် အချို့လူများတွင် အသည်းကင်ဆာ (HEPATOCELLULAR CARCINOMA) အဖြစ် ကူးပြောင်းနိုင်ပါတယ်။
၂။ နာတာရှည်အသည်းရောဂါများ ဘာကြောင့်ဖြစ်ရသလဲ။
အသည်းရောင်ဘီပိုး (HEPATITIS B)၊ အသည်းရောင်စီပိုး (HEPATITIS C)၀င်ခြင်း၊ အရက်၊ ဆေးဝါး၊ အဆိပ်အတောက် ရိုးရာဆေးဝါးများကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ခံစွမ်းအားမူမမှန်မှုကြောင့်ဖြစ်သော အသည်းရောဂါများ၊ ဥပမာ AUTOIMMUNE HEPATITIS, PRIMARY BILIARY CIRRHOSIS စသည်တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားသော မွေးရာပါ ဓာတ်သဘာဝ မှားယွင်း ဖောက်ပြန်မှုကြောင့် ဖြစ်သောရောဂါများ (HAEMOCHROMATOSIS, ALPHA 1-ANTITRYPSIN DEFICIENCY, WILSON’S DISEASE) အချို့သော အသည်းအဆီဖုံးရောဂါ (STEATOHEPATITIS) များမှလည်း နာတာ ရှည် အသည်းရောဂါသို့ ကူးပြောင်းနိုင်ပါတယ်။
၃။ ဘယ်လို ကာကွယ်မလဲ။
အစကတည်းကမဖြစ်အောင် ကာကွယ်ခြင်းနဲ့ နာတာရှည်အသည်းရောဂါ မြန်မြန်တိုးမသွားအောင် ကာကွယ်ခြင်းတို့ ဖြစ်ပါတယ်။
၎။ နာတာရှည်အသည်းရောဂါ ဘယ်လိုတိုးသွားသလဲ၊ ဆိုးသွားသလဲ။
ရောဂါဖြစ်သောအကြောင်းပေါ် မူတည်ပြီး နာတာရှည်အသည်းရောင်မှ အသည်းခြောက်ရောဂါသို့ တိုးနှုန်းမှာ တစ်ခုနှင့် တစ်ခုမတူပါ။ (NTURAL HISTORY) မတူပါ။ အချို့မှာမြန်၍ အချို့မှာ နှေးပါတယ်။ နှစ် ၂၀ မှ ၄၀ မျှ ကြာတတ်ပါတယ်။
၅။ သေချာပေါက်ပျောက်ရန် ကုထုံးများ ရှိပါသလား။
မရှိပါ။ ရောဂါတိုးလိုက်၊ ရောဂါဆုတ်လိုက်နှင့် အဆင့်ဆင့် ပြောင်းသွားပါတယ်။ သို့သော် ဤသို့ပြောင်းသွားချိန်ကြာရန် အချိန်ဆွဲနိုင်သမျှ ဆွဲပေးခြင်းဟာ ကာကွယ်နည်းကုထုံးတစ်ရပ် ဖြစ်ပါတယ်။
၆။ နာတာရှည် အသည်းရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
ဘီပိုးအတွက် ထိရောက်တဲ့ ကာကွယ်ဆေးရှိပါတယ်။ မွေးကင်းစကလေးအားလုံးထိုးရပါမယ်။ ၏ “ဘီပိုး” ပါသော သွေးနဲ့ ထိမိ၍ အန္တရာယ်ရှိသူတိုင်း ကာကွယဆေးထိုးဖို့လိုပါတယ်။ “ဘီပိုး” ရှိသူ မိခင်မှ မွေးသောကလေး၊ “ဘီပိုး”ပါသည့် သွေးစွန်းသော အပ်ထိမိသူ၊ “ဘီပိုး”ပါသော သွေးသွင်းမိသူတို့သည် သွေးရည်ကြည်ကာကွယ်ဆေး (HBIG) နှင့် ဘီပိုးကာကွယ်ဆေး နှစ်မျိုးစလုံး ထိုးရန်လိုပါတယ်။ သွင်းမည့်သွေးတိုင်းကို “ဘီပိုး” နှင့် “စီပိုး” သွင်းပေးရပါမယ်။ မလိုအပ်ဘဲ ဆေးမထိုးရပါ၊ မလိုအပ်ဘဲ သွေး မသွင်းရပါ။
လိင်အပျော်မကျူးရပါ။ မဆင်ခြင်နိုင်ပါက ကွန်ဒုံးသုံးပါ၊ အရက်၊ သေရည်မသောက်ရပါ။ အရက်အချိန်အဆ အတန် အသင့်များလျှင် နေ့စဉ် ရေရှည်သောက်သုံးပါက အရက်စွဲသည်ဖြစ်စေ၊ မစွဲသည်ဖြစ်စေ အသည်းရောဂါရနိုင်ပါတယ်။ လူငယ်များ အရက်သောက်ခြင်း စိတ်မ၀င်စားရန် အခြားစိတ်ဝင်စားဖွယ် နည်းလမ်းများ လုပ်ဆောင်ရပါမယ်။ အရက်ကြော်ငြာများ ဟန့်တားရပါ မယ်။ အချို့ရောဂါသည်များ၏ ဆွေမျိုးသားချင်းများတွင် ရောဂါရှိမရှိ စစ်ဆေးသော နည်းရှိပါတယ်။ ဥပမာ-သံဓာတ်များသော (HEMOCHROMATOSIS) ရောဂါရှင်၏ ဆွေမျိုးများကို စစ်ဆေး၍ သံဓာတ်များပါက မကြာခဏ သွေးဖောက်ခြင်းဖြင့် နာတာရှည် အသည်းရောဂါမဖြစ်ရန် ကာကွယ်နိုင်ပါတယ်။
၇။ ရောဂါတိုးနှုန်းနည်းသွားရန် ဘယ်လိုကာကွယ်မလဲ။
နာတာရှည် အသည်းရောင်ရောဂါများဟာ တိုးခြေ၊ ဆုတ်ခြေဖြင့် အသည်းခြောက်ရောဂါသို့ ဦးတည်နေပါတယ်။ တိုးစေ၊ ဆိုးစေသော အချက်များကို ရှောင်ရပါမယ်။ ဥပမာ-အရက်၊ သာမန်လူများတွင် အန္တရာယ်မဖြစ်သော အချို့ဆေးများ၊ ဥပမာ-အကိုက်အခဲပျောက်ဆေးများ၊ အတက်ရောဂါအတွက် သုံးသောဆေးများ၊ စိတ်ရောဂါဆေးများ၊ အဆီကျဆေးများ၊ အချို့ဆီးချိုထိန်း ဆေးများ၊ ဟော်မုန်းဆေးများနဲ့ အချို့သောပိုးသတ်ဆေးများ ဖြစ်ပါတယ်။ အထင်ကရမှာ တီဘီဆေးဖြစ်ပါတယ်။ ဆေးပေးစဉ် ပထမလတွင် ၂ ပတ်တစ်ခါ၊ နောက်တွင် လတိုင်း ၃ လ၊ နောက်တွင် ၃လတိုင်း အသည်းရောဂါများအတွက် ဆိုးမဆိုး (LIVER FUNCTION TESTS) များ လုပ်ရပါမယ် မျက်လုံးဝါ၊ ပျို့၊ အန်၊ ယား၊ နုံးစသည်တို့ကို အမြဲသတိပြုရပါမယ်။
၈။ အခြားအချက်အလက်များ ရှိပါသေးသလား။
ဗီတာမင်များနှင့် ပရဆေးများကို ကြော်ငြာကောင်းတိုင်း၊ လူတကာညွှန်းတိုင်း မသုံးပါနဲ့။ အချို့မှာ အသည်းအဆိပ် အတောက်ဖြစ်ပါတယ်။ ဗီတာမင်အေသည် လွန်ကျွံပါက အသည်းထိခိုက်ပါတယ်။ သံဓာတ်သည် အသည်းရောဂါကို ဆိုးစေပါတယ် အထူးသဖြင့် အရက်ကြောင့် ဖြစ်သော အသည်းရောဂါ၊ အသည်းရောင်စီရောဂါ၊ အဆီစုအသည်းရောင်ရောဂါ (STEATOHEPTI TIS) သံဓာတ်များရောဂါတို့ ဖြစ်ကြပါတယ်။
၉။ ရောဂါရှိသူ ကာကွယ်ဆေးထိုးလို့ ရပါသလား။
ထိုးသင့်ပါတယ်။ အရက်ကြောင့် ဖြစ်စေ၊ စီပိုးကြောင့်ဖြစ်စေ အသည်းရောဂါရှိပါက ဘီပိုးမ၀င်ရန် ကာကွယ်ဆေးထိုးရပါ မယ်။ အခြားသော အသည်းရောဂါများတွင်လည်း ထိုးထားသင့်ပါတယ်။ ကျောက်ကပ် (STEATOHEPTITIS) သံဓာတ်များ ရောဂါတို့ ဖြစ်ကြပါတယ်။
၁၀။ အစာအာဟာရနှင့် လေ့ကျင့်ခန်းတို့သည် အသုံးဝင်ပါသလား။
အစာအာဟာရပြည့်ဝအောင် သင့်တင့်မျှတစွာ စားရပါတယ်။ ၀လွန်းလျှင် ကိုယ်အလေးချိန်ချရပါမယ်။ အဆီလျှော့ရန် သင့်တင့်မျှတသော လေ့ကျင့်ခန်း လုပ်ရပါမယ်။
အသည်းခြောက်ပြီဆိုလျှင် ကိုယ်ဖောကိုယ်ရောင် တိုးစေသောကြောင့် ဆားများသော ငန်သောအစာ (ဥပမာ-ငါးပိ၊ ငါးခြောက်၊ ငံပြာရည် . . .)၊ ဆိုဒါပါသောအစာများ (ဥပမာ-ကိတ်ခြောက်၊ ဘီစကစ် . . .)၊ ဘိလပ်ရည်၊ ဂက်(စ်)ပါသော အချိုရည်ဘူးများကို ရှောင်ရပါမယ်။
၁၁။ အသည်းခြောက် ရောဂါရှင်များအတွက် အထူးသတိထားရမည့် အချက်များရှိပါသလား။
အရက်မသောက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ အသည်း ထိခိုက်သော ဆေးများရှောင်ခြင်း၊ သံဓာတ်ပါသော ဆေးများ ရှောင်ခြင်း၊ ပရဆေးများ မလိုအပ်ဘဲစားခြင်းတို့ဟာ အရေးပါပါတယ်။ ဒါ့အပြင် သွေးအန်တက်သဖြင့် အစာအိမ်မှန်ပြောင်း နှင့် ကြည့်ဖို့လိုပါတယ်။ သွေးကြောထုံးများကြီးပါက PROPRANOLOL ဆေးပေးရပါတယ်။ သွေးကြောထုံးသေးပါက မပေးပါ။ တစ်ကြိမ်သွေးအန်ဖူးလျှင်၊ ၀မ်းအမည်းသွားဖူးလျှင် မကြာခဏ မှန်ပြောင်း ကြည့်ရန်လိုပါတယ်။ ရေဖျဉ်းထဲတွင် ပိုးဝင်တတ်သဖြင့် ဖျားနာတိုင်း စနစ်တကျကုရန်လိုပါတယ်။ ခွဲစိတ်မှုလိုတိုင်း ခွဲရန်အခြေအနေ သင့်တော်အောင် ပြုပြင်ပြီးမှ ခွဲသင့်ပါတယ်။
အသည်းကင်ဆာသို့ ကူးပြောင်းပါက စောစောသိနိုင်ရန် ခြောက်လကြာတိုင်း ALPHA FETOPROTEIN စမ်းသပ်မှုနှင့် ULTRASOUND တီဗီဓာတ်မှန်ရိုက် စမ်းစပ်မှုလုပ်ရန်လိုပါတယ်။ ဤနည်းများမှာ အသည်းရောဂါမဖြစ်စေရန်နှင့် နာတာရှည်အသည်း ရောဂါ တိုးဆိုးမသွားစေရန် ယေဘုယျနည်းများ ဖြစ်ကြပါတယ်။
ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းပါတယ်။ သို့သော် အချို့ကုသမှုများဟာ ထိရောက်သော ကာကွယ်မှု အခြား နည်းလမ်းများမရှိသေးပါက ကုသမှု (ဥပမာ-အသည်းရောင်စီကုသမှု) သည်ပင်လျှင် ရောဂါပြန့်ပွားမှုကို ကာကွယ်ခြင်း ဖြစ်ပါ တယ်။
( မှ ) ကူးယူဖော်ပြသည်
ဘဝမီးစာကုန်ချိန်အထိ ပျော်ရွှင်စွာ နေထိုင်သွားကြပါစို့
ပေါ့လျော့လွန်းနေတာ သတိထားမိပါတယ်၊ ဆင်းရဲတာကို အကြောင်းပြပြီး လူအသက်တချောင်းကို
တန်ဖိုးထားရကောင်းမှန်း မသိဖြစ်နေပါတယ်၊ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ အချက်ပါပဲ။
ကံခေ အကြောင်းမလှလို့ ဆင်ရဲခဲ့တာက ရောဂါတခုခုဖြစ်လာဖို့ အကြောင်းအရင်းလားတောင်
ထင်မှတ်ရပါတယ်၊ ဟုတ်ပါတယ် ဒီခေတ် ဒီကာလမှာ ဆေးပေးခန်း ဒါမှမဟုတ် ဆေးရုံဆိုတာ
ငွေကြေးကို တံတားခင်းရတယ်ဆိုတာ ကျတော်တို့ မြန်မာပြည်မှာက ထုံးစံလိုဖြစ်နေပါပြီ။
ဒါဆိုရင် ဘာလုပ်ရင် အကောင်းဆုံး နည်းလမ်းဖြစ်မလည်းလို့ အဖြေရှာကြရအောင်
ကျတော်ရှာတွေ့ထားတဲ့ အဖြေကတော့ အခြေခံငွေကုန်ကြေးကျနည်းတဲ့ န ည်းလမ်းတွေပါပဲ။
၁. နေ့စဉ် ကိုယ်လက်လှုပ်ရှား အားကစားလိုက်စားနည်း
၂. အဟာရများကို သင့်တင့်လျောက်ပတ်အောင် ဖြည့်တင်းနည်း
၃. သေရည်သေရက်နှင့် ဆေးလိပ်ကို တက်နိုင်သမျှရှောင်တဲ့နည်း
၎. အချိန်မှန်မှန်အိပ် အချိန်မှန်မှန်စားပြီး အနားယူတဲ့နည်း
၅. နောက်ဆုံးအချက်ကတော့ တခုခုဖြစ်လာရင် အောင့်အင်းမနေပဲ တက်ကျွမ်းနားလည်သူများကို ပြသပြီး
ကြိုတင်ကာကွယ်သင့်က ကြိုတင်ကာကွယ် ရောဂါနုနယ်ချိန်မှာ ဆေးထိုးတန်ထိုး သောက်တန်သောက်
ရောဂါဆိုးများလက်မှ လွတ်အောင်ရုန်းထွက်ပြီ မိမိတို့ရဲ့ အဖိုးအနဂ္ဂထိုက်တန်တဲ့ ရခဲလှတဲ့လူဘဝကြီးရဲ့
သက်တမ်း ဆုံးခန်းတိုင်သည့်အထိ နေထိုင်သွားကြပါဆို့ မိတ်ဆွေ ။
...............................................................................................................
ကင်ဆာရောဂါ သတိပေးလက္ခဏာများ click
အမည် အမျိုးမျိုးနှင့် အသည်း ခြောက် ရောဂါ click
ကင်ဆာရောဂါ ဖြစ်တည်မှု အစ click
အရိုးကင်ဆာ ရောဂါသည် ပျံ့နှံ့လွယ်သော ရောဂါဖြစ် click
အစာအိမ်ရောဂါ ကင်ဆာဖြစ်နိုင်သည့်အဆင့်အမှတ်(၁
သွေးကင်ဆာ အကြောင်း သိကောင်းစရာ click
ကင်ဆာနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ click
သွေးတိုး နှလုံး ဆီးချို သွေးချို အဆုတ် click
ဆီးချို သွေးချို ရောဂါရှိသူ များ သိထားသင့်သော click
သွေးတိုး ရောဂါ အကြောင်း သိကောင်းစရာ click
ဆီးချို ရောဂါ သမားများအတွက် ကျန်းမာရေးဗဟုသုတ click
သွေးတိုး ရောဂါ ထိန်းသိမ်း နည်း(၇)ချက် click
နာတာရှည် အသည်းရောဂါဆိုတာ ဘာလဲ click
ကျောက်ကပ် အကြောင်း click
ကျောက်ကပ် အလုပ်မလုပ် ခြင်း click
မပေါ့ဆသင့်သော အစာအိမ် ဝေဒနာ click
အူအတက်ရောင် ရောဂါ click
ဝမ်းဗိုက်ရောဂါအကြောင်း click
ဆီး နှင့် ကျောက် click
ရင်ဘတ်အောင့်ခြင်း အကြောင်းသိကောင်းစရာ click
ဆင်ခြေထောက်ရောဂါ click
မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ် click
တုပ်ကွေး တွန်းလှန်နိုင်သည့် ခွန်အားပြည့် အစာများ click
လေးဖက်နာ ရောဂါ ရှိသူ များ နှလုံး ရောဂါ ဖြစ်ပွားမှု click
လေးဖက်နာ ရောဂါအကြောင်း သိကောင်းစရာ click
ရူမက်တစ် လေးဖက်နာ အဖျားရောဂါ click
ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် click
လက်သည်း ခြေသည်း များက ပြောသော ရောဂါများ click
အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး click
သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော click
အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော click
မျက်နှာပေါ်မှ သင်စိတ်တိုင်းမကျသော အချက်များ click
ထိပ်ကပ်နာ (သို့မဟုတ်) နှာခေါင်းရောဂါ အကြောင်း click
ခေါင်းကိုက် ခြင်းသက်သာစေရန် နည်းလမ်းများ click
ဦးဏှောက် အမြှေးရောင်ရောဂါ click
သင့် ကျန်းမာရေး (မျက်လုံး) click
ကျန်းမာရေးအတွက် သတိထားသင့်သော အချက်များ click
ငှက်ဖျားရောဂါအကြာင်း စုစည်းတင်ပြချက် click
A I D S ရောဂါအကြောင်း နှင့်စပ်ဆက်ရာများ click
ရေနွေးကြမ်းနှင့် လူသား click