Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

သောကတွေဝေတဲ့ည

ငါလွှတ်ချချင်တဲ့ အမည်နာမတစကို

မျက်ကန်းတစ္ဆေတကောင်က

တိတ်တဆိတ်ခြေရာခံတယ်

ကောင်းကင်မှာ ကြယ်တွေစုံတာ

သူ..မနှစ်မြို့လို့ထင်ပါရဲ့ ။

လမင်းအလင်းရဲ့ ပွင့်ချပ်တွေကို

မျက်လွှာတဆုံး သိမ်းကြုံးကောက်

ဂစ်တာဟောင်း တလက်ရဲ့

ဒိုရေမီဖာသံဇဉ်တွေကြား အသာခိုစီး

ဗေဒင်ဆရာတယောက်ရဲ့ လက်ဆောင်

ဟောကိန်းဟောင်း ကံကြမ္မာသိုးကို

မ ပွင့် တ ပွင့် ပြုံး ပြ ပြီး

ရင်မှာဝှက်လာတဲ့ သံဇဉ်သီးကို

ဒီတညတော့ မြိန်မြိန်လေး

စားသောက်ချင်တယ်ကွာ ။

ကောင်းကင်ကိုမော့

လဝန်းပြာလဲ့လဲ့ကို ခခယယငေး

ရင်ဘက်ထဲက အသဲတဖဲ့စာနဲ့

ယစ်ပူဇော်ပြီး ဘဝတွေပြိုလဲခဲ့တဲ့

သက္ကရာဇ်ကို ကုစားဖို့

ဒီတစ်ညစာအတွက်

ဆေးတဖုံစာနဲ့ သွေးခဲလောက်တဲ့

အိပ်မက်တွေကို ချပေးခဲ့ပါ

ငါလွှတ်ချချင်ခဲ့တဲ့

အမည်နာမ သောကညတွေကို

ခဏတာလေးဖြစ်ဖြစ် မေ့ထားချင်လို့ပါ ။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS