Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ဆန့် ကျင် ဖက်

ဟေ့ သူငယ်ချင်း
မင်း နေတဲ့အိမ်ကြီးက
နတ်ဘုံနတ်နန်းလောက်
ကြီးကျယ်ခန့်ငြားနေလား
ဒါပေမယ့် ငါစိတ်မဝင်စားနိုင်ဘူးကွာ
ဘာလို့လည်းဆိုတော့
ငါ့ အိမ်ခေါင်မိုး မိုးယိုနေတာလောက်
ရင်ခုန်ဖို့ မကောင်းလို့လေ ။

ဟေ့ သူငယ်ချင်း
မင်း စီးနေတဲ့ကားက
သိန်းထောင်ချီတန်တာလား
ဒါပေမယ့် ငါစိတ်မဝင်စားနိုင်ဘူးကွာ
ဘာလို့လည်းဆိုတော့
ငါ့ဖိနပ်သဲကြိုးပြတ်ကာနီးလာက်
ရင်ခုန်ဖို့ မကောင်းလို့လေ ။

ဟေ့ သူငယ်ချင်း
မင်း စင်္ကာပူကိုအလည်ခရီး
ရှော့ပင် တခေါက်ထွက်တာလား
ဒါပေမယ့် ငါစိတ်မဝင်စားနိုင်ဘူးကွာ
ဘာလို့လည်းဆိုတော့
ငါ ဘစ်ကားတိုးစီးတာလောက်
ရင်ခုန်ဖို့မကောင်းလို့လေ ။

ဟေ့ သူငယ်ချင်း
မင်းရဲ့ မွေးနေ့အတွက်
ပါတီပွဲကြီးတွေပေးနေတာလား
ဒါပေမယ့် ငါစိတ်မဝင်စားနိုင်ဘူးကွာ
ဘာလို့လည်းဆိုတော့
ငါ့အရှေ့က ငါးပိတခွက်လောက်
ရင်ခုန်ဖို့မကောင်းလို့လေ ။

ဟေ့ သူငယ်ချင်း
မင်းနေတဲ့ ကျောင်းက
ဘိုလိုပဲ သင်ပေးတယ်ဆို
ဒါပေမယ့် ငါစိတ်မဝင်စားနိုင်ဘူးကွာ
ဘာလို့လည်းဆိုတော့
ငါ့ရဲ့ သတ်ပုံမှားတဲ့ ကဗျာတွေလောက်
ရင်ခုန်ဖို့မကောင်းလို့လေ ။
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS