Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ငယ်သံယောဇဉ်

ကျောင်းအပြန်လမ်းမှာ

သူ့ရဲ့စကားတစ်ခွန်းကို

နားထဲမှာစွဲနေတာက

နင့်ကိုသာအခင်ဆုံးတဲ့

မှတ်မှတ်ရရ အဲ့ဒီနေ့က

ကျောင်းအပြန်လမ်း

မိုးရေသည်းသည်းမှာ

ငါ့လက်ဖဝါးလေးနဲ့

နင့်ခေါင်းပေါ်မိုးပေးခဲ့တယ်

ခိုက်ခိုက်တုန်နေတဲ့နင့်ကို

ထွေးပွေ့ထားချင်မိတဲ့

ဒီရင်ကသံယောဇဉ်တွေ

အဲ့ ဒီ တုန်း က

အဖြူရောင်မှဟုတ်ရဲ့လား

သေချာတာကတော့

လမင်းငယ်တစ်စင်း

ငါ့နှလုံးသားထဲ ၀င်လာခဲ့တာ

အဲဒီအချိန်မှာထဲကပါ

မိုးသည်းထဲမှာ ငါ့ရင်ဘက်ထဲ

လျှပ်စီးတစ်လက်လက်နဲ့

ပန်းနှရောင် သင်္ကေတတွေ

ရွာချတာ ငါပဲသိတယ်ဟာ

ခင်မင်ရုံသက်သက်ပါပဲလို့

သူငယ်ချင်းတွေကို ညာမိတဲ့

နှလုံးသားကသံယောဇဉ်ကြိုး

နင်မသိအောင်ဝှက်ထားပေမယ့်

ကလေးဘဝထဲကမြဲခဲ့တာပါဟာ။




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS