Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ကျောက်ကပ် အလုပ်မလုပ် ခြင်း

ကျွန်ုပ်တို့ ခန္ဓာကိုယ် တွင်ရှိသော ကျောက်ကပ်သည် အညစ်အကြေးစွန့် ထုတ်သော အင်္ဂါ တစ်ခုဖြစ်ပေသည်။ ရုတ်တရက် ဖြစ်ပြီး အချိန်မှီဆေးဝါး ကုသ မှုခံယူပါက ကျောက်၏ အလုပ်များပြန် လည်ကောင်းမွန်လာနိုင်ပါသည်။ အဲဒီလို အညစ်အကြေးစွန့်ထုတ်မှု မလုပ်နိုင်တဲ့ အတွက်သွေးထဲမှာ Creatinine ဓာတ် တွေ 200 umol ထက်များခဲ့ရင် ရုတ် တရက် ကျောက်ကပ်အလုပ်မလုပ်ခြင်း ကိုသတ်မှတ်နိုင်ပါတယ်။ အဲဒီလိုအလုပ် မလုပ်ရင် ဆီးပမာဏကျဆင်းလာပါ တော့ တယ်။ အဲဒီလိုကနေ ပြန်ကောင်း လာခဲ့ရင်လည်း ပုံမှန် သို့မဟုတ် ပုံမှန် နီးပါးကျောက်ကပ်အလုပ်ပြန်လုပ်နိုင်ပါ တယ်။ ဒီလိုကျောက်ကပ်ပျက်စီးတာဟာ ကျောက်ကပ်ကြောင်းမဟုတ်ဘဲ၊ ကျောက်ကပ်ကိုယ်တိုင်က ကျောက် ကပ်မှ ထွက်လာတဲ့ ဆီးတွေရဲ့ သွား ရာလမ်းကြောင်းကြောင့် စသဖြင့် ၃ ပိုင်းခွဲနိုင်ပါတယ်။ ကျောက်ကပ်ကြောင့် မဟုတ်ဆို သည်မှာ နှလုံးအလုပ်မလုပ်၍ သတိ လစ်၍ ကျောက်ကပ်ကိုပို့တဲ့ သွေးလွှတ် ကြောပိတ်၍ (သို့) ကျဉ်း၍ နှင့် တစ် ခြားအကြောင်းကြောင့် ကျောက်ကပ်ကို ထိခိုက်ပျက်စီးခြင်းဖြစ်ရပါတယ်။
ကျောက်ကပ်ကိုယ်တိုင်ထိခိုက် ခြင်းတွင် ကျောက်ကပ်၏ အနုစိပ်လှ သောြွပန်ငယ်လေးများပျက်စီး၍ လည်း ကောင်း၊ စွန့်ထုတ်မဲ့ အညစ်အကြေးကို စစ်ယူတဲ့ဇကာများပျက်စီး၍လည်း ကောင်း၊ ဆီးသွားရြွာပန်ငယ်များ၏ အပြင်ဘက်တွင်ရှိ ကျောက်ကပ်တစ် သျှူးများပျက်စီး၍လည်းကောင်း၊ ကျောက်ကပ်ကိုယ်တိုင်ထိခိုကင်တဲ့အတွက် အလုပ်မလုပ်နိုင်ဘဲ ဖြစ်ရပါသည်။
ကျောက်ကပ်မှ ဆီးများစစ်ယူ ထုတ်ပြီးအောက်ဘက်သို့ စွန့်ထုတ်ရာ လမ်းကြောင်းတွင် ကျောက်ဖြင့်ပိတ်ဆို့ ခြင်း ကင်ဆာကြောင့် ဖိမိ၍လည်း ကောင်း ယောင်ရမ်း၍ ၎င်းဆီးလမ်း ကြောင်းပိတ်သွားပြီး နောက်ပြန်ဆန်ဖိ အားကြောင့် ကျောက်ကပ်ကိုထိခိုက်ပြီး ပျက်စီးသွားရပါတော့တယ်။ ခန္ဓာကိုယ်သွားလာနေတဲ့ သွေးပ မာဏနည်း၍ဖြစ်ဖြစ် နှလုံးအလုပ်မလုပ် ၍ဖြစ်ဖြစ်၊ ကျောက်ကပ်သွေးလွှတ်ကြော ကျဉ်း၍ဖြစ်ဖြစ် ကျောက်ကပ်သို့ စွန့် ထုတ်ပစ္စည်းရောက်ရှိနိုင်မှုနည်းလာပါ မယ်။
အဲဒီလိုသွေးရောက်ရှိမှုများရလေ အောင် ကျောက်ကပ်တွင်ရှိ သွေးကြော မျှင်များပွယောင်းပြီး သွေးများများ ရောက်အောင်လုပ်ပါတယ်။ ဒီလိုသွေး ကြောတွေပွရောင်းအောင် Prostaglandin ဓာတ်တစ်မျိုးက ထမ်းဆောင်ပါ တယ်။ အဲဒီဓာတ်ကို မထွက်အောင် လုပ်တာက NSAID လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်ပါ တယ်။ အဲဒီလိုသွေးတွေကျောက်ကပ်ထဲ ရောက်တာနည်းနေတာကိုများအောင် လုပ်ပေမဲ့ လုပ်လို့မရရင်နောက်ဆုံးတစ် ခုကတော့ ကျောက်ကပ်ကနေ ပြန် ထွက်လာတဲ့ သွေးကြောမျှင်တွေ ကျဉ် ပစ်တဲ့နည်းဖြစ်တယ်။
ဒီလိုလုပ်လိုက် တော့ သွေးတွေမြန်မြန်ပြန်မစီးတော့ ဘဲ ရနိုင်သမျှ အညစ်ကြေးတွေ ကျောက်ကပ်ကနေ စွန့်ထုတ်ပါတော့ တယ်။ သွေးပေါင်ကျဆေး Ace-Inhibitor ဆေးဝါးက ဒီနည်းလမ်းကို ဟန့်တားပေးပါတယ်။ အဲဒီနည်း(၂) ခုနဲ့ ကျောက်ကပ်က ဆီးကိုစွန့်ထုတ်နိုင်မှု လုပ်ငန်းပျက်သွားပြီဆိုရင် ဆီးထွက်ရှိမှု နည်းတော့တာပါပဲ။ ကျောက်ကပ်ကြောင့်မဟုတ်တဲ့ တစ်ခြားအနေကြောင့်ဖြစ်တာဆိုရင် သွေးရည်ပမာဏကျဆင်းတာဆိုရင် သွေး (သို့) သွေးရည်ကြည် (သို့) ဝ ဒသမ ၉ ရာခိုင်နှုန်းရှိတဲ့ အငံရည်စတာ တွေကို သွင်းပြီး ပြန်ပြည့်အောင်ဖြည့် ရပါတယ်။
နှလုံးကြောင့်ဖြစ်ရင် နှလုံး အချိန်မီကုသရသလို ရောဂါပိုးသွေးထဲ ရောက်လို့သတိလစ်တာမျိုးဆိုရင် ပိုး သတ်ဆေးခပ်ပြင်းပြင်းနဲ့ အမြန်ကုသရ ပါတယ်။ အဲဒီလိုအမြန်ကုသနိုင်ခဲ့ရင် ကျောက်ကပ်အလုပ်ချက်ခြင်းပြန်လုပ် နိုင်ပါလိမ့်မယ်။ သွေးပေါင်ကျလို့ ကျောက်ကပ်ဆီ ကိုသွေးမရောက်တော့ ကျောက်ကပ် ပျက်စီးတတ်သလို ဓာတုပစ္စည်းဆေးဝါး တွေကလည်း ကျောက်ကပ်ကို ထိခိုက် စေပါတယ်။ သွေးကြောရောင်ခြင်း၊ သွေး ပေါင်တက်ခြင်း၊ သွေးကြောထဲသွေးခဲ ပြီး တစ်နေရာမှတစ်ခြားတစ်နေရာသို့ ရောက်သောရောဂါတို့ကြောင့် ကျောက် ကပ်ထိခိုက်တက်ပြန်ပါတယ်။
အဲဒီလူ နာတွေက တစ်နေ့ကို ဆီးသွားတဲ့ ပမာ ဏ ရေသန့်ဘူးတစ်ဝက်ဘဲရှိကြပါတယ်။ ဒီလိုဆီးသွားနည်းတဲ့အတွက်UREA နဲ့ Creatinine တွေ သွေးထဲမှာတက် လာပါတော့တယ်။ အဲဒီလိုဆီးအိပ်တက် လာတဲ့အတွက် သွေးနီဥအလိုလိုကွဲ ထွက်ခြင်း၊ သွေးထဲပိုက်တက်ဆီယမ် တက်လာမယ်၊ သတိမေ့မယ်၊ နှလုံးခုန် နှုန်းမြန်မယ်။ ပျို့မယ်၊ အန်မယ်၊ မစား ချင်မသောက်ချင်ဖြစ်မယ်၊ ဂျို့ထိုးမယ်၊ိငိုက်မြည်းမယ်၊ တက်ခြင်းလည်းဖြစ် တတ်ပါတယ်။ သွေးထဲအက်ဆစ်ဂုဏ် သတ္တိများတဲ့အတွက် အသက်ရှူမှုမြန် မယ်။အဆုတ်ထဲ ပိုးဝင်ခြင်း၊ အဆုတ် ဖောရောင်ခြင်းလည်းဖြစ်တတ်ပါတယ်။ ကျောက်ကပ်ကိုထိခိုက်တဲ့အတွက် သွေးအားနည်းခြင်း၊ သွေးယိုစီးခြင်းလည်း ဖြစ်တတ်ပါတယ်။
ကုသပုံ
၁။ အရေးပေါ်ကုသခြင်း ပိုတက်ဆီယမ် > 6 mmol/lit ဖြစ်တဲ့ အတွက် သွေးထဲများနေတဲ့ ပိုတက်ဆီ ယမ်ဓာတ်ကို အမြန်လျော့ချရပါတယ်။ များလွန်းတဲ့ အဲဒီဓာတ်က နှလုံးခုန် နှုန်းမြန်စေတတ်ပါတယ်။ -သွေးပမာဏနည်းရင် ပုံမှန်ပြန် ဖြစသ်အောင်လိုအပ်တဲ့သွေး၊ အရည် သွင်းရပါတယ်။ အဆုတ်တွင်ရေဝင်နေ ရင် အမြန်သွေးလှည်ခြင်းကိုလုပ်ရပါ တယ်။
၂။ ရောဂါဖြစ်ရတဲ့အကြောင်းကို ရှာဖွေကုသခြင်း ကျောက်ကပ်ထဲရှိ ပြွန် ငယ်များပျက်စီးခြင်းကိုထိရောက်တဲ့ကု သမှုတော့မရှိပါ။ ဆီးကျောက်တည်၍ ထွက်ပေါက်ပိတ်နေလျှင် ဖယ်ရှားခြင်း လုပ်နိုင်ပါတယ်။ သွေးကြောရောင်ခြင်း ကြောင့်ဖြစ်တာဆိုရင် စတီးရွိုက်၊ ခုခံ အားဖိနိပ်သော ဆေးဝါးများပေးကြပါ တယ်။ သွေးပေါင်အလွန်အမင်းတက်နိုင် တဲ့အတွက် သွေးပေါင်ကိုသေချာစွာထိမ်း ဖို့လိုအပ်ပါတယ်။
၃။ ခန္ဓာကိုယ်ရေဓာတ်ထိန်းညှိခြင်း ဆီးသွားတဲ့ပမာဏအတိုင်း ရေ သောက်ရပါတယ်။ ဒါ့အပြင် ရေသန့် ဘူးဝက်ခန့်အပိုဆောင်း၍ သောက်ရပါ တယ်။
၎။ နေ့စဉ်ကိုယ်အလေးချိန်ချိန် ခြင်း ကိုယ်အလေးချိန်ပြောင်းနေမယ်၊ ဖောယောင်နေမယ်၊ ရေဓာတ်ခမ်း ခြောက်မှုရှိနေလျှင်ျ တိုက်ကျွေးထား သောရေကို ပြန်လည်စစ်ဆေးရပါမယ်။
၅။ အသားဓာတ် တစ်နေ့ကိုအ သားဓာတ် (Protein) ကို ၄ဝ ဂရမ် ထက်ပို၍ မထားရပါ။
ကျောက်ကပ်ရုတ်တရက် အလုပ်မလုပ်ခြင်းမှ ပြန်ကောင်း လာခြင်း
ဆီးပုံမှန်ပြန်သွားမယ်၊ Creatinine, Urea, K ဓာတ်တွေပုံမှန်ဖြစ်မယ် ဆိုရင် ပြန်ကောင်းလာတဲ့ လက္ခဏာ တွေဖြစ်ပါတယ်။
ရောဂါ၏အလားအလာ
ရိုးရိုးကျောက်ကပ်အလုပ်မလုပ်ရုံ ဘဲ ဆိုရင် အလားအလာကောင်းနိုင်ပေ မဲ့ ရောဂါပိုးပြင်းထန်စွာဝင်နေမယ်၊ တခြားဝမ်းတွင်ကလီစာတွေ အတော် ထိခိုက်နေမယ်ဆိုရင် လူ (၁ဝဝ) မှာ ၅ဝ-၇ဝ ထိ သေဆုံးနိုင်ပါတယ်။ ရောဂါ ရဲ့ အလားအာကို ကျောက်ကပ်ထိတာ နဲ့ ဆုံးဖြတ်ခြင်းထက် ရောဂါဖြစ်ရတဲ့ အခြေခံအကြောင်းတရားပြင်းထန်မှု ပမာဏနှင့် နောက်ဆက်တွဲထိခိုက်မှု http://www.blogger.com/blogger.g?blogID=30917655644989919#editor/target=post;postID=450979799960434655များဖြစ်/မဖြစ်က ဆုံးဖြတ်ပေးပါတယ်။ နိဂုံးချုပ်ပြောလိုတာက ရောဂါ မကျွမ်းခင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုအပ်ပါ တယ်။ ဆေးဝါးသောက်သုံးရင်လည်း ဆရာဝန်နှင့်တိုင်ပင်ပြီး သင့်/မသင့် ဆွေးနွေးပါ။ ရမ်း၍ မသောက်သင့်ပါ။


           ( မှ ) ကူးယူဖော်ပြသည်
                      

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS