Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အို ဖ ခင်

အို...ဘယ် ဖခင်

မေးခွန်းများတဲ့ လောကကြ်ီးကို

အန်တုပြီး ချွေးစက်တွေနဲ့

ပျိုးပင်ငယ်လေး သူ..ပျိုးထောင်

ယုယမှု့တွေ ယူပေးခဲ့တယ်....။

အို...ဘယ် ဖခင်

ရန်လို့တက်တဲ့ လောကကြီးကို

အန်တုပြီး သွေးစက်နဲ့ရင်း

သူရဲကောင်း တစ်ဦးရဲ့ ရဲရင်းခြင်းနဲ့

ကာကွယ်ပေးခဲ့တယ်......။

အို....ဘယ် ဖခင်

သိန်းသန်းထောင်ပေါင်း များစွာသော

လောက လူသားတွေ

အမိမေတ္တာ ဖော်ကြူးနေချိန်

အပြုံးများနဲ့..သူ ဘေးမှာနေပေးခဲ့တယ်...။

အို...ဘယ် ဖခင်

မှောင်မိုက်လွယ်သော လောကကြီးကို

သူ့ရဲ့မေတ္တာ ရင်ခွင်ငယ်နဲ့

လမ်းမမှားရအောင် အခါခါဆုံးမ

ပမာယူအောင် ရှေ့ဆောင်လမ်းပြသူ

အို..ဘယ် ဖခင် 


အဖသာလျှင် လမ်ပြကြယ်ပေါ့.........။


အို....ဘယ် ဖခင်

အရောင်ပြောင်းတက်တဲ့

လောကကြီးကို အန်တုဖို့

အင်အားတွေ သူ..မျှဝေခဲ့တယ်

အောင်မြင်ခြင်းရဲ့ လမ်းစကို

ချော့တခါ ချောက်တလှည့်

တည့်မက်ပေးသူ အို ဖခင်

မြတ်နိုးရသော ဖခင်

အရာအားလုံး အတွက်

ထာဝရ ကျေးဇူးပါ ချစ်ဖခင်...........။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS