(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ကိုယ် ထူ ကိုယ် ထ
Labels:
poem
ငါတက်လှမ်းမယ့် လှေကားထစ်တွေ
ငါကိုယ်တိုင် ဖန်တီးခဲ့တယ်
ငါ့အနာဂါတ် ကောင်းကင်သစ်ကို
ငါကိုယ်တိုင် ဆေးဆိုးခဲ့တယ်
ငါလဲကျခဲ့တဲ့ နေ့ရက်တွေကို
ငါကိုယ်တိုင် ထူမခဲ့ရတယ်
ငါသိမ်ငယ်ခဲ့တဲ့ အချိန်နာရီတွေကို
ငါကိုယ်တိုင် ဖေးမခဲ့တယ်
ငါငိုကြွေးခဲ့တဲ့ နေ့ညတွေကို
ငါကိုယ်ထိုင် ကုစားခဲ့တယ်
ငါ့လက်ဖဝါးက အသမာတွေကို
ငါကိုယ်တိုင် ချွေးသိပ်ခဲ့တယ်
ငါ့ပခုံးထက်က အမာရွတ်တွေကို
ငါကိုယ်တိုင် ဖြေသိမ့်ပေးခဲ့တယ်
ဒုက္ခဆိုတဲ့ ဘဝသမားဘွဲ့က
ကဗျာဖွဲ့လို့ စာစီကောင်းပေမယ့်
လက်တွေ့မှာ ခံစားရခက်လိုက်တာကွာ ။