Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အ တွေး တ စ

ရွာဦးကျောင်းက
အုန်းမောင်းခေါက်သံကို လွမ်းသလို
အာရုံဦးငှက်ရဲ့ တေးသီသံကို လွမ်းတယ်
ရွာအဝင်လမ်းက ဟဲ့ငညိုငနီလို့ ညာသံပေးတဲ့
ဦးကြီးကိုလည်း လွမ်းတယ်

ဒီမြေမှာ မွေးလို့ 
ဒီရေ သောက်ပြီး ကြီးခဲ့တယ်
ဒီ ဒေသ လေးက နွေးထွေးတယ်
အမေလည်းရှိတယ် အဖေလည်းရှိတယ်
မိသားစုတွေ စုဝေးနေထိုင် တဲ့ 
ဒီ နေရာလေး ကို
သားတစ်နေ့  ပြန်ခဲ့မယ်
အမေလည်း မျှော်နေသလို
အဖေကလည်း ပြန်စေချင်တယ်
မိသားစုတွေ စုဝေးနေတာ
အကောင်းဆုံးလို့  ပြောကြပေမယ့်
မပြည့်စုံသေး တဲ့  ဘ၀ မို့  အဝေးကပဲ
ခဏ လွမ်းနေအုံးမယ်
ကလေး အရွယ်က ပျော်ရွှင်မြူး
ကူးလူး ဆော့ကစား ခဲ့တဲ့ 
အစဆုံး မရှိတဲ့  မြစ်မင်းသံလွင်ရယ်
 မိုးဦးကာလ
ဝါးခမောက် အစုတ်ကို ဆောင်း
ပလိုင်း ကိုလွယ် လယ်ကွင်းထဲ ခရုကောင်းဆင်းလို့ 
သူငယ်ချင်း များရဲ့  မြူးကြွတဲ့ ဟန်
မိုးရွာလို့  မိုးချိုန်းသံကြားရင်
ကြောက်စိတ် ၀င်တတ် တဲ့  ကျွန်တော်
သူငယ်ချင်းတွေကြား တိုးဝှေ့ နေတဲ့ 
ကျွန်တော်ရဲ့ ငယ်ဘဝအကြောင်း
ပြန်တွေးမိရင် ရှက်စနိုး ကြည်းနူးမိ တယ်
သတိရနေပါတယ် မွေးရပ်မြေရယ်
ဖုန်ထူထူ နေပူပူထဲ အပူပင်ကင်းမဲ့ 
ငယ်ကဘ၀ ပြန်လိုချင်ပေမယ့်
အချိန်က ဟောင်းလို့ 
အသစ်ပြန်မဖြစ်ခဲ့တဲ့  ဘ၀ ကို ငေး
ဟိုး........................ဝေးဝေး က ကျွန်တော်
သတိရ မှု့  ကို မြိုသိပ့်
အလွမ်း ရဲ့  အရိပ်ကို ခို
ကျွန်တော် ကြီးပြင်း ခဲ့တဲ့  ဒေသ နဲ့  တောင်တန်းစိုစို
ဘယ်လိုပင် ကြည့်ကြည့် မရိုးနိုင်တဲ့ 
တောတန်းလေးရဲ့ အလှနဲ့  အမေရှိတဲ့  နေရာလေးကို
ကျွန်တော် လွမ်းမိတယ်ဗျာ...



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS