Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ရှက်တက်မယ်ဆိုရင်ပေါ့လေ

အမိယုတ်တော့ နှုတ်ကြမ်း၏

အဖယုတ်သော် ကိုယ်ကြမ်း၏

ဟုတ်သော်ရှိမဟုတ်သော်ရှိ

ထိုးကျွေးလိုက်ရတာကအမိနဲ့အဖပါ

ညစ်ညမ်းတဲ့ စကားလုံးတွေကို

ခဏတာစိတ်ပြေဖို့ လှိုင်လှိုင်သုံးပြီး

လိုင်းပေါ်မှာပဲ မြင်ရတာမှမဟုတ်တာတဲ့

ဆင်သေကိုဆိတ်သရေနဲ့ဖုံး

မလုံလောက်တဲ့ ဆင်ခြေအတွက်

ရှက် တက် မယ် ဆို ရင် တော့

ဘာသာရေးသင်တန်းတခုခုမှာ

နံမည်စရင်း ပြေးပေးလိုက်ကွာ ။

ယီးပဲတဲ့ မပီကလာပီကလာနဲ့

မမကျားကျားတွင်ကျယ်စွာသုံးလာတာ

စာသင်ခန်းထဲမှာ အိပ်ပျော်ခဲ့လို့လား

တရားဓမ္မနဲ့ ဝေးနေခဲ့လို့လား

ဒါမှမဟုတ် ခေတ်ရေစီးကြောင်းကြောင့်လား

ဘယ်ကစိမ့်ဝင်လာမှန်းမသိတဲ့

မျိုးပွားမြန်တဲ့ စရိုက်ဆိုးကို

မြိန် ရည် ယှက် ရည် နဲ့

ခံတွင်းတွေ့နေတဲ့ ချာတိတ်ရေ

ရှက် တက် မယ် ဆို ရင် ပေါ့ လေ

မျက်နှာကိုသာ ဓါးနဲ့လှီးလိုက်ပါတော့ကွာ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS