Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အမည် အမျိုးမျိုးနှင့် အသည်း ခြောက် ရောဂါ

အသည်း ခြောက် ရောဂါ ဟာ နာတာ ရှည် ရောဂါ တစ်ခု ဖြစ်ပြီး ရောဂါ ဟာ အသည်း တစ်ခုလုံးမှာ ပျံ့နှံ့တည်ရှိ ပါတယ်။ ဆိုလိုတာက အသည်းခြောက် ရောဂါဖြစ်ရင် အသည်း တစ်ခု မှာ ဖြစ် တယ်။ ရောဂါတွေရဲ့ နောက်ဆုံးအဆင့် ဖြစ်တယ်။ အများစုမှာ ရောဂါဟာ သက်သာသွားတယ်မရှိဘဲ တဖြည်းဖြည်း ရောဂါတိုးသွားပါတယ်။ အသည်း ခြောက်ရောဂါ ဖြစ်စေတဲ့အကြောင်း အမျိုးမျိုးရှိပါတယ်။ ဒါကြောင့် ရောဂါ လက္ခဏာတွေက အသည်းခြောက် ရောဂါရှိတဲ့လူနာ တစ်ယောက်နဲ့ တစ် ယောက်မှာ မတူကြပါဘူး။ တချို့မှာ ဘာရောဂါလက္ခဏာမှ မပြဘူး။ နည်း နည်းပါးပါး နေမကောင်းတာ၊ နုံးတာ၊ မရွှင်လန်းတာဘဲ ရှိပါတယ်။ တချို့မှာ ဘာရောဂါလက္ခဏာမှ မပြဘဲ သွေးစစ် ကြည့်တော့မှ အသည်းခြောက်ရောဂါ ဖြစ်နိုင်တဲ့အခြေအနေကို တွေ့ရပါတယ်။ တချို့လူတွေမှာတော့ သွေးအန်တယ်၊ ဝမ်းမည်းသွားတယ်၊ ဆီးချုပ်တယ်၊ သတိ လစ်တယ်၊ ဗိုက်ဖောင်းပြီး အသည်းရေ ဖျဉ်းစွဲလာတယ်။ ဒီလိုအခြေအနေဆိုး တွေနဲ့ အသည်းခြောက်ရောဂါဖြစ်နေတဲ့ လူတွေလည်း ရှိတယ်။ အသည်းခြောက် ရောဂါကို ပြောမယ်ဆိုရင် အချက် ငါးချက် ပြည့်စုံရတယ်။
၁။ အသည်းအနှံ့ အသည်းပျက်စီးမှု တွေရှိရတယ်။
၂။ အသည်းအနှံ့ Fibrosis ခ်ါတဲ့ အသည်းကျစ်တာရှိရတယ်။
၃။ အသည်းမှာ Nodular Parenchymal Regeneration ခေါ်တဲ့ အသည်း အစိတ်အပိုင်းအလုံးတွေကို တွေ့ရတယ်။ သာမန်အားဖြင့် ဒီလို အလုံးမျိုးမရှိရဘူး။
၎။ အသည်းတစ်ခုလုံးရဲ့ ဖွဲ့စည်းပုံမှာ ပုံမမှန်၊ မှားယွင်းနေတယ်။
၅။ အသည်းအတွင်း၊ သွေးကြောတွေ အတွင်း သွေးလှည့်ပတ်မှု ချို့ယွင်းနေ တယ်။
အသည်းခြောက်တာကို အမျိုးအ စား အမျိုးမျိုးခွဲခြားထားတယ်။ အရွယ် အစားကို လိုက်ပြီး -
၁။ ပုံမှန်အသည်းအရွယ်ရှိတဲ့ အသည်း ခြောက်ရောဂါ (Normotrophic Cirrhosis)
၂။ အသည်းကြီးတဲ့ အသည်းခြောက် ရောဂါ (Hypertrophic Cirrhosis)
၃။ အသည်းကျုံ့တဲ့အသည်းခြောက် ရောဂါ(Atrophic Cirrhosis) ဆိုပြီး ခွဲ ခြားထားတယ်။ အသည်းမှာ ဘယ်အခြမ်းနဲ့ ညာ အခြမ်းဆိုပြီး ရှိတယ်။ တစ်ခါတလေ ဘယ်အခြမ်းနဲ့ ညာအခြမ်းရဲ့ သဘော သဘာဝက မတူဘဲ အသည်းခြောက်ရာ မှာ တစ်ဖက်က ကျုံ့သွားပြီး တစ်ဖက်က ကြီးလာတယ်။
တချို့အသည်းခြောက် ရောဂါတွေမှာ အသည်းရဲ့မျက်နှာပြင်က လွန်းတဲ့အတွက် မျက်နှာပြင်ကြမ်းတမ်း နေတယ်။ ပြောင်ချောနေတဲ့အသည်း ခြောက်ရောဂါကို Smooth Cirrhosis လို့ ခေါ်တယ်။ အသည်းမှာLobe ခေါ် တဲ့ အသည်းအပိုင်းတွေရှိတယ်။ Caudate Lobe လို့ခေါ်တဲ့ အသည်းရဲ့ အလယ်ပိုင်းက အစိတ်အပိုင်းဟာ ကြီး နေတတ်ပြီး တခြားဘယ်ညာအသည်း အစိတ်အပိုင်းတွေဟာ ကျုံ့နေတာလည်း ရှိတယ်။ ရောဂါဖြစ်စေတဲ့အကြောင်းကို လိုက်ပြီး ခေါ်တာမျိုးလည်း ရှိတယ်။ ဥပမာ Alcoholic Cirrhosis, Haemochromatotic Cirrhosis, Primary Biliary Cirrhosis, Cardiac Cirrhosis, Cryptogenic Cirrhosis စတာတွေ ဖြစ်တယ်။ Cryptogenic Cirrhosis ဆိုတာကတော့ အကြောင်း ရှာမရတဲ့ အသည်းခြောက်ရောဂါလို့ အဓိပ္ပာယ်ရတယ်။
ဒါပေမဲ့ အခုအခါမှာ တော့ အသည်းအဆီဖုံးရောဂါ၊ သွေးချို ရောဂါ၊ ခန္ဓာကိုယ်ရဲ့ ပဋိပစ္စည်းတွေက အသည်းကို ရန်သူအဖြစ် သတ်မှတ် တိုက်ခိုက်တဲ့ရောဂါ (Autoimmune Hepatitis) စတဲ့ အကြောင်းအရာတွေ ဟာ Cryptogenic Cirrhosis ကို ဖြစ်စေတဲ့ အကြောင်းတွေဖြစ်တယ်။ သွေးကို ဓာတ်ခွဲစစ်ဆေးမှသာ၊ USG ရိုက်မှသာ သိရတဲ့ Cirrhosis ကို Latent Cirrhosis လို့ ခေါ်တယ်။ ရောဂါ လက္ခဏာရှိတဲ့ Cirrhosis ကို Manifest Cirrhosis လို့ ခေါ်တယ်။ ရောဂါလက္ခဏာပြပေမယ့် အတန် အသင့် အခြေအနေကောင်းတဲ့ရောဂါ၊ ငြိမ်နေတဲ့ Cirrhosis ကို Compensated Cirrhosis လို့ခေါ်တယ်။ ရောဂါ ဆိုးလာရင် Decompensated Cirrhosis လို့ ခေါ်တယ်။ Decompensated Cirrhosis နှစ်မျိုးရှိတယ်။Metabolic Decompensation နဲ့ Portal Decompensation ဆိုတဲ့ နှစ်မျိုးဖြစ်တယ်။
၁။ Metabolic Decompensation ဖြစ်တယ်ဆိုရင် လက်မောင်း၊ ပေါင်၊ နားထင် သိမ်ပြီး ရေဖျဉ်းစွဲတယ်။ ခြေ ထောက်ရောင်တယ်။ Jaundice ဖြစ်တယ်။ အသားဝါတယ်။ သတိလစ် တယ်။ သွေးခဲစေတဲ့ဓာတ်တွေ နည်းသွား တဲ့အတွက် သွေးမတိတ်ဘဲ ဖြစ်နိုင်တယ်။ သွေးထဲမှာ သကြားဓာတ် ကျလို့ မူးဝေ တယ်။ ရင်တုန်တယ်။ ချိုင်းမွေး၊ ဆီးခုံမွေး တွေ နည်းသွားပြီး ယောကျာ်းမှာ သား မြတ်စူတယ်။ မိန်းမမှာ သားမြတ်သိမ် တယ်။ သွေးထဲမှာ အသားဓာတ် (Albumin) နည်းတယ်။ Bacteria ပိုး၊ Virus ပိုး ဝင်လွယ်တယ်။
၂။ Portal Decompensation မှာ ဗေလုံးကြီးတယ်။ အစာရေမျြွိုပန်နဲ့ အစာ အိမ်နံရံတွေပါ Varicoses လို့ခေါ်တဲ့ သွေးကြောထုံးတွေရှိတယ်။ သတိလစ် တတ်တယ်။ ရေဖျဉ်းစွဲပြီး ခြေထောက် ရောင်တတ်တယ်။ အများစုမှာ တော့ အသည်းရောင်ဘီပိုးကြောင့်ဖြစ်စေ၊ အ သည်းရောင်စီပိုးကြောင့်ဖြစ်စေ အသည်း ခြောက်ရောဂါဖြစ်တယ်။ အရက်သောက် တဲ့အတွက်လည်း အသည်းခြောက်တာ ဖြစ်နိုင်တယ်။ ဆီးချို၊ အသည်းအဆီဖုံး ရောဂါတွေဟာလည်း အသည်းကင်ဆာ ဖြစ်စေနိုင်တယ်။
သံဓာတ်များတဲ့ ရော ဂါမှာလည်း အသည်းကင်ဆာဖြစ်တတ် တယ်။ အသည်းခြောက်တဲ့လူတွေမှာ သွေးအန်တတ်၊ ဝမ်းအမည်းသွားတတ် သလို စအိုနားက သွေးကြောထုံးပေါက် တဲ့အတွက် ဝမ်းမာမာသွားရင် တစ်ခါတ လေ သွေးလတ်လတ်ဆတ်ဆတ် ပါတတ် တယ်။ ဖျားတတ်တယ်။ အသည်းက ကြီး ရင် ကြီးမယ်၊ ကျုံ့ရင် ကျုံ့မယ်။ ဗေလုံး ကကြီးတယ်။ ခြေသလုံြးွကက်တက်တတ် တယ်။ အထူးသဖြင့် ညမှာြွကက်တက် တတ်တယ်။ ဒီလိုအသည်းခြောက်ရောဂါ ကို အမျိုးမျိုး ခေါ်ဆိုသုံးစွဲကြပါတယ်။

     ( မှ ) ကူးယူဖော်ပြသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS