Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS
Showing posts with label health. Show all posts
Showing posts with label health. Show all posts

အမည် အမျိုးမျိုးနှင့် အသည်း ခြောက် ရောဂါ

အသည်း ခြောက် ရောဂါ ဟာ နာတာ ရှည် ရောဂါ တစ်ခု ဖြစ်ပြီး ရောဂါ ဟာ အသည်း တစ်ခုလုံးမှာ ပျံ့နှံ့တည်ရှိ ပါတယ်။ ဆိုလိုတာက အသည်းခြောက် ရောဂါဖြစ်ရင် အသည်း တစ်ခု မှာ ဖြစ် တယ်။ ရောဂါတွေရဲ့ နောက်ဆုံးအဆင့် ဖြစ်တယ်။ အများစုမှာ ရောဂါဟာ သက်သာသွားတယ်မရှိဘဲ တဖြည်းဖြည်း ရောဂါတိုးသွားပါတယ်။ အသည်း ခြောက်ရောဂါ ဖြစ်စေတဲ့အကြောင်း အမျိုးမျိုးရှိပါတယ်။ ဒါကြောင့် ရောဂါ လက္ခဏာတွေက အသည်းခြောက် ရောဂါရှိတဲ့လူနာ တစ်ယောက်နဲ့ တစ် ယောက်မှာ မတူကြပါဘူး။ တချို့မှာ ဘာရောဂါလက္ခဏာမှ မပြဘူး။ နည်း နည်းပါးပါး နေမကောင်းတာ၊ နုံးတာ၊ မရွှင်လန်းတာဘဲ ရှိပါတယ်။ တချို့မှာ ဘာရောဂါလက္ခဏာမှ မပြဘဲ သွေးစစ် ကြည့်တော့မှ အသည်းခြောက်ရောဂါ ဖြစ်နိုင်တဲ့အခြေအနေကို တွေ့ရပါတယ်။ တချို့လူတွေမှာတော့ သွေးအန်တယ်၊ ဝမ်းမည်းသွားတယ်၊ ဆီးချုပ်တယ်၊ သတိ လစ်တယ်၊ ဗိုက်ဖောင်းပြီး အသည်းရေ ဖျဉ်းစွဲလာတယ်။ ဒီလိုအခြေအနေဆိုး တွေနဲ့ အသည်းခြောက်ရောဂါဖြစ်နေတဲ့ လူတွေလည်း ရှိတယ်။ အသည်းခြောက် ရောဂါကို ပြောမယ်ဆိုရင် အချက် ငါးချက် ပြည့်စုံရတယ်။
၁။ အသည်းအနှံ့ အသည်းပျက်စီးမှု တွေရှိရတယ်။
၂။ အသည်းအနှံ့ Fibrosis ခ်ါတဲ့ အသည်းကျစ်တာရှိရတယ်။
၃။ အသည်းမှာ Nodular Parenchymal Regeneration ခေါ်တဲ့ အသည်း အစိတ်အပိုင်းအလုံးတွေကို တွေ့ရတယ်။ သာမန်အားဖြင့် ဒီလို အလုံးမျိုးမရှိရဘူး။
၎။ အသည်းတစ်ခုလုံးရဲ့ ဖွဲ့စည်းပုံမှာ ပုံမမှန်၊ မှားယွင်းနေတယ်။
၅။ အသည်းအတွင်း၊ သွေးကြောတွေ အတွင်း သွေးလှည့်ပတ်မှု ချို့ယွင်းနေ တယ်။
အသည်းခြောက်တာကို အမျိုးအ စား အမျိုးမျိုးခွဲခြားထားတယ်။ အရွယ် အစားကို လိုက်ပြီး -
၁။ ပုံမှန်အသည်းအရွယ်ရှိတဲ့ အသည်း ခြောက်ရောဂါ (Normotrophic Cirrhosis)
၂။ အသည်းကြီးတဲ့ အသည်းခြောက် ရောဂါ (Hypertrophic Cirrhosis)
၃။ အသည်းကျုံ့တဲ့အသည်းခြောက် ရောဂါ(Atrophic Cirrhosis) ဆိုပြီး ခွဲ ခြားထားတယ်။ အသည်းမှာ ဘယ်အခြမ်းနဲ့ ညာ အခြမ်းဆိုပြီး ရှိတယ်။ တစ်ခါတလေ ဘယ်အခြမ်းနဲ့ ညာအခြမ်းရဲ့ သဘော သဘာဝက မတူဘဲ အသည်းခြောက်ရာ မှာ တစ်ဖက်က ကျုံ့သွားပြီး တစ်ဖက်က ကြီးလာတယ်။
တချို့အသည်းခြောက် ရောဂါတွေမှာ အသည်းရဲ့မျက်နှာပြင်က လွန်းတဲ့အတွက် မျက်နှာပြင်ကြမ်းတမ်း နေတယ်။ ပြောင်ချောနေတဲ့အသည်း ခြောက်ရောဂါကို Smooth Cirrhosis လို့ ခေါ်တယ်။ အသည်းမှာLobe ခေါ် တဲ့ အသည်းအပိုင်းတွေရှိတယ်။ Caudate Lobe လို့ခေါ်တဲ့ အသည်းရဲ့ အလယ်ပိုင်းက အစိတ်အပိုင်းဟာ ကြီး နေတတ်ပြီး တခြားဘယ်ညာအသည်း အစိတ်အပိုင်းတွေဟာ ကျုံ့နေတာလည်း ရှိတယ်။ ရောဂါဖြစ်စေတဲ့အကြောင်းကို လိုက်ပြီး ခေါ်တာမျိုးလည်း ရှိတယ်။ ဥပမာ Alcoholic Cirrhosis, Haemochromatotic Cirrhosis, Primary Biliary Cirrhosis, Cardiac Cirrhosis, Cryptogenic Cirrhosis စတာတွေ ဖြစ်တယ်။ Cryptogenic Cirrhosis ဆိုတာကတော့ အကြောင်း ရှာမရတဲ့ အသည်းခြောက်ရောဂါလို့ အဓိပ္ပာယ်ရတယ်။
ဒါပေမဲ့ အခုအခါမှာ တော့ အသည်းအဆီဖုံးရောဂါ၊ သွေးချို ရောဂါ၊ ခန္ဓာကိုယ်ရဲ့ ပဋိပစ္စည်းတွေက အသည်းကို ရန်သူအဖြစ် သတ်မှတ် တိုက်ခိုက်တဲ့ရောဂါ (Autoimmune Hepatitis) စတဲ့ အကြောင်းအရာတွေ ဟာ Cryptogenic Cirrhosis ကို ဖြစ်စေတဲ့ အကြောင်းတွေဖြစ်တယ်။ သွေးကို ဓာတ်ခွဲစစ်ဆေးမှသာ၊ USG ရိုက်မှသာ သိရတဲ့ Cirrhosis ကို Latent Cirrhosis လို့ ခေါ်တယ်။ ရောဂါ လက္ခဏာရှိတဲ့ Cirrhosis ကို Manifest Cirrhosis လို့ ခေါ်တယ်။ ရောဂါလက္ခဏာပြပေမယ့် အတန် အသင့် အခြေအနေကောင်းတဲ့ရောဂါ၊ ငြိမ်နေတဲ့ Cirrhosis ကို Compensated Cirrhosis လို့ခေါ်တယ်။ ရောဂါ ဆိုးလာရင် Decompensated Cirrhosis လို့ ခေါ်တယ်။ Decompensated Cirrhosis နှစ်မျိုးရှိတယ်။Metabolic Decompensation နဲ့ Portal Decompensation ဆိုတဲ့ နှစ်မျိုးဖြစ်တယ်။
၁။ Metabolic Decompensation ဖြစ်တယ်ဆိုရင် လက်မောင်း၊ ပေါင်၊ နားထင် သိမ်ပြီး ရေဖျဉ်းစွဲတယ်။ ခြေ ထောက်ရောင်တယ်။ Jaundice ဖြစ်တယ်။ အသားဝါတယ်။ သတိလစ် တယ်။ သွေးခဲစေတဲ့ဓာတ်တွေ နည်းသွား တဲ့အတွက် သွေးမတိတ်ဘဲ ဖြစ်နိုင်တယ်။ သွေးထဲမှာ သကြားဓာတ် ကျလို့ မူးဝေ တယ်။ ရင်တုန်တယ်။ ချိုင်းမွေး၊ ဆီးခုံမွေး တွေ နည်းသွားပြီး ယောကျာ်းမှာ သား မြတ်စူတယ်။ မိန်းမမှာ သားမြတ်သိမ် တယ်။ သွေးထဲမှာ အသားဓာတ် (Albumin) နည်းတယ်။ Bacteria ပိုး၊ Virus ပိုး ဝင်လွယ်တယ်။
၂။ Portal Decompensation မှာ ဗေလုံးကြီးတယ်။ အစာရေမျြွိုပန်နဲ့ အစာ အိမ်နံရံတွေပါ Varicoses လို့ခေါ်တဲ့ သွေးကြောထုံးတွေရှိတယ်။ သတိလစ် တတ်တယ်။ ရေဖျဉ်းစွဲပြီး ခြေထောက် ရောင်တတ်တယ်။ အများစုမှာ တော့ အသည်းရောင်ဘီပိုးကြောင့်ဖြစ်စေ၊ အ သည်းရောင်စီပိုးကြောင့်ဖြစ်စေ အသည်း ခြောက်ရောဂါဖြစ်တယ်။ အရက်သောက် တဲ့အတွက်လည်း အသည်းခြောက်တာ ဖြစ်နိုင်တယ်။ ဆီးချို၊ အသည်းအဆီဖုံး ရောဂါတွေဟာလည်း အသည်းကင်ဆာ ဖြစ်စေနိုင်တယ်။
သံဓာတ်များတဲ့ ရော ဂါမှာလည်း အသည်းကင်ဆာဖြစ်တတ် တယ်။ အသည်းခြောက်တဲ့လူတွေမှာ သွေးအန်တတ်၊ ဝမ်းအမည်းသွားတတ် သလို စအိုနားက သွေးကြောထုံးပေါက် တဲ့အတွက် ဝမ်းမာမာသွားရင် တစ်ခါတ လေ သွေးလတ်လတ်ဆတ်ဆတ် ပါတတ် တယ်။ ဖျားတတ်တယ်။ အသည်းက ကြီး ရင် ကြီးမယ်၊ ကျုံ့ရင် ကျုံ့မယ်။ ဗေလုံး ကကြီးတယ်။ ခြေသလုံြးွကက်တက်တတ် တယ်။ အထူးသဖြင့် ညမှာြွကက်တက် တတ်တယ်။ ဒီလိုအသည်းခြောက်ရောဂါ ကို အမျိုးမျိုး ခေါ်ဆိုသုံးစွဲကြပါတယ်။

     ( မှ ) ကူးယူဖော်ပြသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ဘတ်အောင့် ခြင်း အကြောင်းသိကောင်းစရာ

ရင်ဘတ်အောင့်ခြင်းသည်  အရေးကြီးသောရော ဂါလက္ခ္ခ္ခဏာတစ် ခြု ဖစ်ပါသည်။
သင်၏ ရောဂါရာဇ၀င်သည်  သင်ဖြစ်သောရောဂါကို  အဖြေရှာရန်  အတွက်အလွန် အရေးပါသည်။
· ရောဂါ အမျိုးမျိုးပေါ်မူတည်ပြီး ရင်ဘတ်အောင့်မှုပုံစံ ကွဲပြားကြပါသည်။
· ထို့ကြောင့်ရောဂါကို သေချာစွာသိနိုင်ရန်အတွက် ဆရာဝန်ဖြင့်တိုင်ပင်ရန် အရေးကြီးသည်။
ဖြစ်နိုင်သောရောဂါများ …..
စူး၍ (နေရာသေချာစွာပြောနိုင်သည်) အောင့်ခြင်း
တစ်နေရာရာတွင် စူး၍ အသက်ပြင်းပြင်းရှူလိုက်လျှင် ပိုအောင့်သည်။ ချောင်းဆိုးခြင်း၊ လှုပ်ရှားခြင်းတို့ဖြင့် ပိုအောင့်သည်။
ဖြစ်နိုင်သောရောဂါများ …..
· အဆုတ်တွင်လေများ ပိတ်မိသောရောဂါ (Pneumothorax)
· အဆုတ်ရောင်ခြင်း(Pneumonia)
· အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary embolism)
· နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis)
· Bornholm disease (Coxakie B ဗိုင်းရပ်စ်ရောဂါ – ကူးစက်ခြင်းကြောင့်ဖြစ်သော အသက်ရှူကြွက်သားရောဂါ)
ရင်ဘတ်အလယ်တွင်( ကြပ်၍ ၊ ဖိထားသလို ၊ ညှစ်ထားသလို) အောင့်ခြင်း
· နှလုံးသွေးကြောကျဉ်းရောဂါ (Angina)
· နှလုံးကြွက်သားပျက်စီးရောဂါ (Myocardial Infarction, MI)
· သွေးလွှတ်ကြောမကြီးကွှဲပြတ်ရောဂါ (Dissecting aortic aneurysm) ဆွဲဖြဲထားသလိုနာသည်။
· အစာရေမျိုရောင်ခြင်း (ပူ၍နာသည်) (esophagitis)
· အစာရေမျိုကြွက်သားကျုံ့ခြင်း (Esophageal spasm)
· အစာရေမျိုစုတ်ပြဲခြင်း (Esophageal tear)
ရင်ဘတ်ပေါ်တွင်နာခြင်း
· နံရိုးကျိုးခြင်း
· ရေယုန်ကြီး (herpes zoster) အရေပြားအနာဦးစွာ ပေါက်မည်။
· ရင်ဘတ်အရိုးနု ရောင်ခြင်း (Tietze’s syndrome)
· အာရုံကြောပိမိခြင်း
ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများ
စိတ်စိုးရိမ်ပူပန်ခြင်း၊ ကျောရိုးမကြီး ပျက်စီး၍ အာရုံကြောပိမိခြင်း သို့မဟုတ် ၀မ်းဗိုက်တွင်းပြဿနာ တစ်ခုခုကြောင့် (ဥပမာ – သရက်ရွက်ရောင်ခြင်း (pancreatitis), အစာအိမ်အူလမ်းကြောင်း အနာ (peptic ulcer), သည်းခြေပြွန်ရောင် ရောဂါ (biliary tree disease) တို့ကြောင့်ဖြစ်တတ်ပါသည်။
ထို့အပြင် အထက်ကဖော်ပြခဲ့သော ရောဂါများသည်လည်း ပုံမှန်မဟုတ်သော လက္ခ္ခ္ခဏာများအနေဖြင့် ဖြစ်လာတတ်ပါသည်။
ဥပမာ အန္တရာယ်ရှိသော နှလုံးကြွက်သားပျက်စီးရောဂါ (MI) သည်ဗိုက်အောင့်ခြင်း မေးရိုးတွင်နာခြင်း အနေဖြင့်လည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်တွင် လက္ခ္ခ္ခဏာတစ်ခုခု ဖြစ်ပေါ်လာလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
ရင်ဘတ်အောင့်ခြင်း၏ ရောဂါရာဇ၀င်ပေါ်မူတည်ခြင်း
အဓိကကတော့ သင့်ရဲ့ ရာဇ၀င်ပေါ်မူတည်ပြီး သင့်ရဲ့ရောဂါကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ယခင်ကဖြစ်ခဲ့တဲ့ ရောဂါနှင့် လူနေမှုပုံစံ (ဥပမာ – သွေးတိုး၊ ဆေးလိပ်သောက်သုံးမှု) နဲ့ သင့်ရဲ့ယခင်ဆရာဝန်နဲ့ ပြသခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ဆရာဝန်က မေးပါလိမ့်မယ်။ ဒါ့အပြင် လူမှုရေးအဖြစ်အပျက်များ (အလုပ်အကိုင်၊ ဆေးဝါးများသုံးစွဲနေရခြင်းနဲ့ စိတ်ခံစားမှု အခြေအနေများ – ဥပမာ- စိုးရိမ်သောကစိတ်များ၊ စိတ်ဖိစီးမှုများ) ကိုလည်းမေးမြန်းပါလိမ့်မယ်။ ဒါတွေမေးပြီးတော့မှ အဲ့ဒီအပေါ် မူတည်ပြီး ရောဂါအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်မှာပါ။ ဒါကြောင့် ဆရာဝန်ရဲ့ တချို့မေးခွန်းတွေကို မဆိုင်တာတွေ မေးနေတယ်လို့ မထင်စေချင်ပါ။
သင့်မှာ ဘယ်လိုရင်ဘတ်အောင့်မှုမျိုးရှိလဲ
စတင်အောင့်ပုံနှင့် အောင့်မှုပုံစံ
အရေးကြီးသော နှလုံးရောဂါများသည် မိနစ်အနည်းငယ်အတွင်း တဖြည်းဖြည်းအောင့်လာသည်။ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ စိတ်ခံစားမှု၊ ရာသီဥတုအေးခြင်းတို့တွင် အောင့်လာတတ်သည်။
နှလုံးသွေးကြောကျဉ်းရောဂါတွင် ရင်ဘတ်အောင့်ခြင်းသည် အနားယူခြင်းနှင့် sub-lingual nitroglycerin (NTG) ဟုခေါ်သော လျှာအောက်တွင်ငုံရသည့် ဆေးနှင့်သက်သာသွားတတ်ပါသည်။
မတည်ငြိမ်သော နှလုံးသွေးကြောကျဉ်းရောဂါ (Unstable angina) တွင်မူ ရင်ဘတ်အောင့်ခြင်းသည် အနားယူနေစဉ်တွင်လည်း ဖြစ်ပေါ်လာနိုင်သည်။ အောင့်လိုက်ပျောက်လိုက်ဖြစ်နေပြီး တခါတရံပြင်းထန်လိမ့်မည်။
နှလုံးကြွက်သား ပျက်စီးရောဂါ (MI) တွင်ရင်ဘတ်အောင့်မှုသည် ပြင်းထန်လိမ့်မည်။ တခါတရံတွင် ပျို့ခြင်း၊ အန်ခြင်း၊ ချွေးပျံခြင်းတို့နှင့် တွဲ၍ ဖြစ်တတ်ပြီး အနဲဆုံးမိနစ် သုံးဆယ်ခန့်ကြာတတ်ပါသည်။
အဆုတ်တွင်လေပိတ်မိသောရောဂါ (pneumothorax) နှင့် အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism) တွင်မူ နာကြင်မှုသည် ရုတ်တရက်ဖြစ်ပေါ်လာသည်။
ရင်ဘတ်အောင့်ခြင်းသည် အန်ခြင်းနောက်တွင်မှ ဖြစ်ပေါ်ခြင်းနှင့် အထူးသဖြင့်တွင် သွေးအန်ခြင်းနှင့်အတူ ဖြစ်ပါက အစာရေမျိုရောဂါကြောင့် (esophageal disease) ဖြစ်တတ်ပါသည်။
သင်ရင်ဘတ်အောင့်ခြင်းသည် သင်ဘာလုပ်နေစဉ်တွင် အောင့်သည်ဆိုခြင်းသည် အရေးကြီးသည်။ ထိုအချက်မှ သင်သည် ဆရာဝန်အား တန်ဖိုးရှိသော အချက်ကိုပြောပြနိုင်ပါလိမ့်မည်။
အောင့်သောနေရာနှင့် ပျံ့နှံ့သွားပုံ
နှလုံးရောဂါများသည် ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပါသည်။ နှလုံးကြွက်သားရောဂါတွင် နာကျင်
မှုသည် မေးရိုး၊ လည်ပင်း၊ လက်မောင်းတို့ကို ပျံ့နှံ့သွားတတ်သည်။ နှလုံးသွေးလွှတ်ကြောမကြီးလွှဲပြတ်ရောဂါ (dissecting aortic aneurysm) တွင် နာကျင်မှုသည် လက်ပြင်ရိုးကြားတွင် ဆွဲဖြဲထားသလို နာတတ်သည်။
အဆုတ်နှင့်သက်ဆိုင်သောရောဂါတွင် တဖက်တည်းတွင် နာတတ်ပြီး သင်သည်ထိုနေရာကို အတိအကျထောက်ပြနိုင်လိမ့်မည်။
အစာရေမျိုရောဂါသည်လည်း ရင်ညွန့်အလယ်အောက်တွင် အောင့်တတ်ပြီး နှလုံးအောင့်ခြင်းနှင့် ဆင်တူ ပါသည်။
ကျောရိုးပျက်စီးရောဂါနှင့် ရေယုန်ကြီးတို့တွင် နာကျင်မှုသည် သက်ဆိုင်ရာ အာရုံကြောထောက်ပံ့သော နေရာတွင် ဖြစ်လိမ့်မည်။
နာကျင်မှုအခြေအနေ
သင်၏ နာကျင်မှုအခြေအနေသည် ရောဂါအရင်းအမြစ်ရှာဖွေခြင်းအတွက် အရေးကြီးသောသဲလွန်စလည်း ဖြစ်သည်။ (ဥပမာ – ကွဲပြတ်သလို၊ စူးစူးရှရှ ပူပြီးအောင့်ခြင်း၊ စူးဖြင့်ထိုးထားသလို)
သင့်တွင်တခြားဘာလက္ခ္ခ္ခဏာတွေ ရှိသေးသလဲ
အရေးကြီးတဲ့ ပူးတွဲလက္ခ္ခ္ခဏာတွေကတော့
· မောခြင်း – အဆုတ်သွေးကြောပိတ်ခြင်း (pulmonary embolism)၊ အဆုတ်ရောင်ရောဂါ(pneumonia)၊ အဆုတ် လေပိတ်မိသော ရောဂါ(pneumothorax)၊ နှလုံးရောဂါမှ အဆုတ်ရေမွန်းရောဂါ(pulmonary edema)ဖြစ်ခြင်း၊ စိုးရိမ်ပူပန်စိတ် များကြောင့် ဖြစ်သောအသက်ရှူမြန်ခြင်း။
· ချောင်းဆိုးခြင်း
o အဆုတ်ရောဂါကြောင့်ဖြစ်သော သလိပ်ကပ်ခြင်း၊
o အဆုတ်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော ချောင်းဆိုးသွေးပါခြင်း
o အဆုတ်ရေမွန်းခြင်းကြောင့်
· Rigors – အဆုတ်ရောင်ခြင်း
· ခြေသလုံးရောင်ခြင်း
o အဆုတ်သွေးကြောပိတ်ရောဂါသည် သွေးပြန်ကြောသွေးခဲကြောင့် ဖြစ်ခြင်း
o နှစ်ဖက်လုံးရောင်ခြင်းသည် နှလုံးမောခြင်း(Heart failure) ကြောင့်ဖြစ်နိုင်သည်။
· ရင်တုန်ခြင်း
o နှလုံးစည်းချက်မမှန်ခြင်းသည် နှလုံးသွေးကြောရောဂါ ဖြစ်စေသည်။
o နှလုံးကြွက်သားရောဂါကြောင့်လည်း ဖြစ်နိုင်သည်။
o အဆုတ်သွေးကြောပိတ်ခြင်း(PE) ၊ အဆုတ်ရောင်ခြင်း(pneumonia) ကြောင့်လည်း ဖြစ်နိုင်ပါသည်။
အေးခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် ချွေးစေးပျံခြင်းတို့သည် နှလုံးကြွက်သား ပျက်စီးရောဂါ(MI) သို့မဟုတ် ပြင်းထန်သောအဆုတ်သွေးကြောပိတ်ရောဂါကြောင့် ဖြစ်နိုင်ပါသည်။
ရောဂါဖြစ်ခြင်းကို အားပေးစေသောအချက်များ သင့်တွင်ရှိလား
နှလုံးကြွက်သားရောဂါ – ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးတွင်ထိုရောဂါ ရှိခြင်း၊ (cholesterol) များခြင်း၊ သွေးတိုးရောဂါ (hypertension)၊ ဆီးချိုသွေးချိုရောဂါ (Diabetes)၊ အမျိုးသားဖြစ်ခြင်း၊ အသက်ငါးဆယ်ကျော်ခြင်း။
အဆုတ်သွေးကြောပိတ်ရောဂါတွင် –
လတ်တလောတွင်ခရီးသွားလာခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ ခွဲစိတ်မှုခံထားရဖူးခြင်း၊ မျိုးရိုးရာဇ၀င်ရှိခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း။
အဆုတ်တွင်းလေပိတ်မိခြင်းတွင် – လူငယ် ပိန်ပိန်ပါးပါးအမျိုးသားများ ထိခိုက်မှုရှိခြင်း၊ အဆုတ်လေအိတ်ငယ်များ ဖောင်းပွခြင်းရောဂါ (emphysema) ရှိခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော အဆုတ်သလိပ်များသောရောဂါတမျိုး (cystic fibrosis)
ရောဂါရှာဖွေခြင်း
ရင်ဘတ်အောင့်သူများသည် ECG (Electrocardiogram)ဆွဲသင့်ပါသည်။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ နှလုံးအင်ဇိုင်းစစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်သင့်ပါသည်။
ထိုအဖြေများပေါ်မူတည်၍ တခြားစစ်ဆေးခြင်းနည်းစနစ်များ ပြုလုပ်သင့်မသင့်ကို သင့်အားစမ်းသပ်စစ်ဆေးပြီး ဆရာဝန်ကဆုံးဖြတ်ပေးလိမ့်မည်ဖြစ်သည်။

    ( မှ ) ကူးယူဖော်ပြသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ

သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ကင်ဆာ ရောဂါကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်ပွားမှုနှုန်း ဆယ်စုနှစ်အတွင်း မြင့်တက်၊ လူလတ်ပိုင်းများတွင် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလာ

၁၀ စုနှစ်တစ်ခုအတွင်း သွေးတိုး၊ နှလုံး၊ ဆီးချို၊သွေးချို၊ အဆုတ် နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ကင်ဆာ ရောဂါကဲ့သို့သော နာတာရှည် ရောဂါများ ဖြစ်ပွားမှုနှုန်းသည် မြန်မာနိုင်ငံတွင် မြင့်တက်လာကြောင်း သတင်းရရှိသည်။
အဆိုပါရောဂါများ ဖြစ်ပွားမှုသည် မြန်မာနိုင်ငံ၌ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနည်းတူ လူလတ်ပိုင်းအရွယ်တွင် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလာပြီး သက်တမ်းမစေ့မီ အသက် သေဆုံးမှုများ ရှိလာကြောင်း သိရသည်။
ယခုအခါ နှလုံးနှင့် သွေးကြောရောဂါများ (နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ခြင်း)၊ဆီးချို၊ သွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာ ရှည်အဆုတ်ပြွန်ရောင် ရောဂါများ ကို ကူးစက်မဟုတ်သော နာတာရှည် ရောဂါများ (Non-Communicable Diseases)အဖြစ် အဓိကအားဖြင့် သတ်မှတ်ထားပြီး အခြားကူးစက် မဟုတ်သော နာတာရှည်ရောဂါ အမျိုးအစားများလည်းရှိကြောင်း သိရသည်။
ကူးစက် မဟုတ်သော နာတာရှည်ရောဂါများဟု ဆိုရာတွင် လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေး နှင့် မညီညွတ်သော လူ့ဘ၀နေထိုင်မှု ဟန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေး ကို ကူးစက်မဟုတ်သော ရောဂါများ ဟု ခေါ်ဆိုကြောင်း သိရသည်။

မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသက် ၄၅ ကနေ ၆၀ အရွယ် လူလတ်ပိုင်းအရွယ်မှာ ရောဂါဖြစ်ပွားမှုတွေ့လာရတယ်။ ဒီရောဂါတွေကြောင့် သက်တမ်းစေ့ မနေနိုင်ဘဲ အသက် ၆၀ အောက်မှာ စောပြီးသေလာ တာကို တွေ့လာရတယ်။ ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းလျော့ကျစေဖို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေအပြင် ကဏ္ဍ အသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာပါပြီ
ယခင်က အဆိုပါရောဂါများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၌သာ အဖြစ်များပြီး အသက်အရွယ် ကြီးရင့်သူများသာ ဖြစ်ပွားတတ်ခြင်း၊ ရောဂါ များကို ကာကွယ်တားဆီး၍ မရခြင်း စသည့် အချက်များသည် မှန်ကန်ခြင်း မရှိတော့ဘဲ ယခုအခါကူးစက် မဟုတ်သည့် နာတာရှည်ရောဂါများ ဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အဆုတ်နှင့်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ကင်ဆာ ရောဂါများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ပါ အဖြစ်များကာ ဆင်းရဲချမ်းသာ အသက်အရွယ်မရွေး ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က sectoral Meeting on NCDs ဖွင့်ပွဲ၌ ပြောကြားခဲ့ပါသည်။
ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း ဆေးလိပ်သောက်ခြင်း၊ အဓိကအားဖြင့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော အစားအသောက်များ စားသုံးမှုများခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းလှုပ်ရှားမှု နည်းပါးခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့သည် ရောဂါဖြစ်ပွားခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။
ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများသည် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အနေဖြင့်သာ ရှုမြင်ရမည် မဟုတ်ဘဲ နိုင်ငံတစ်ခု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်ကြောင်း၊ ကမ္ဘာပေါ်၌ သေဆုံးမှုစုစုပေါင်း၏ ၆၀ ရာခိုင် နှုန်းမှာ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးနေကြောင်း၊ သေဆုံးမှု၏ ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ် ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးမှုသည် ဖွံ့ဖြိုးပြီး နိုင်ငံများထက် အသက်ပိုငယ်သည့် လူများ၌ တွေ့ရှိလာရပြီး အသက် ၆၀ မပြည့်မီ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးသူ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖြစ်ပွားနေကြောင်း ဒေါက်တာဖေသက်ခင် က ဆက်လက်ပြောကြားခဲ့သည်။
ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခချုပ် ဦးတင့်ဆွေလတ်က "ကူးစက်မဟုတ် သော နာတာရှည် ရောဂါဖြစ်ပွားမှုက မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းစီ မြင့်တက်လာပါပြီ။ ဒါ့အပြင် ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ မြန်မာနိုင်ငံကအဆင့် ရှစ်နိုင်ငံအနေဖြင့် ၀မ်းနည်းဖွယ် တွေ့ရှိရပါတယ်။ တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အသက် ၆၅ နှစ်ကျော် မှသာ ရောဂါဖြစ်ပွားမှု ရှိနေပေမယ့် မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ အသက် ၄၅ ကနေ ၆၀ အရွယ် လူလတ်ပိုင်းအရွယ်မှာ ရောဂါဖြစ်ပွားမှုတွေ့လာရတယ်။ ဒီရောဂါတွေ ကြောင့် သက်တမ်းစေ့ မနေနိုင်ဘဲ အသက် ၆၀ အောက်မှာ စောပြီး သေလာတာကို တွေ့လာရတယ်။ ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွား မှုနှုန်း၊ သေဆုံးမှုနှုန်း လျော့ကျစေဖို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေ အပြင်ကဏ္ဍအသီးသီးက ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာပါပြီ" ဟု ဆိုပါသည်။
သင်္ဃန်းကျွန်း ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် နေ့စဉ် ကုသမှုခံယူကြသည့် လူနာ ၃၀ မှ ၄၀ ကြား၏ ၆၀ ရာခိုင်နှုန်းမှာ ဆီးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ အစရှိသည့် ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကို ပြသသူများ ဖြစ်ကြောင်း၊ ဆီးချို၊ သွေးချို ရောဂါသည် အသက် ၄၀ မှ ၆၀ အတွင်း ဖြစ်ပွားမှုရှိလာသည့်အပြင် ဆယ်ကျော်သက်လူငယ်များ၌ပါ ရောဂါ ဖြစ်ပွားမှုရှိလာကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၁၉၉၆ ခုနှစ်၏စာရင်းများအရ နှလုံးသွေးကြောကျဉ်းရောဂါ ၃၀ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ ၁၃ ရာခိုင်နှုန်း၊ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ခုနစ် ရာခိုင်နှုန်း၊ ဆီးချို သွေးချိုရောဂါ နှစ်ရာခိုင်နှုန်း၊ ထိခိုက် ဒဏ်ရာရခြင်း ကိုးရာခိုင်နှုန်း၊ အခြားကူးစက်မဟုတ်သော ရောဂါများ ကိုးရာခိုင်နှုန်းရှိပြီး ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းသာရှိ ကြောင်း သိရသည်။
၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားမှုနှုန်းမှာ ကူးစက်ရောဂါများ၊ မိခင်နှင့် ကလေးရောဂါများ ၄၄ ရာခိုင်နှုန်း၊ ကူးစက်မဟုတ်သော ရောဂါများ ၄၁ ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာရခြင်းမှာ ၁၅ ရာခိုင်နှုန်း ရှိပြီး ကူးစက်မဟုတ်သော ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ ပိုမိုနေကြောင်း တွေ့ရသည်။
၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်များအရ ကူးစက်တတ်သော ရောဂါများ ၃၅ ရာခိုင်နှုန်းဖြစ်ပွားချိန်၌ ကူးစက်မဟုတ်သော ရောဂါများမှာ ၅၄ ရာ ခိုင်နှုန်း ဖြစ်ပွားနေကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကူးစက်ရောဂါများ၊ မိခင်နှင့် ကလေးရောဂါများ ၂၀ ရာခိုင်နှုန်း၊ ကူးစက်မဟုတ်သော ရောဂါများ ၆၀ ရာခိုင်နှုန်းနှင့် ထိခိုက်ဒဏ်ရာရခြင်း ၂၀ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်ကြောင်း  မျှော်မှန်းထားသည်။
ကူးစက် မဟုတ်သော ရောဂါများ ဖြစ်စေသည့် အကြောင်းအရာများအနက် ပြုပြင်ပြောင်းလဲ၍ရသော ဖြစ်နိုင်ခြေများမှာ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊  ပြုပြင်ပြောင်းလဲ၍ မရသည့် ဖြစ်နိုင်ခြေများမှာ အသက်အရွယ်၊ မျိုးရိုးဗီဇတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဓလေ့ထုံးစံ၊ ပတ်ဝန်းကျင် ဆိုင်ရာ အကြောင်းအရာများ၊ ကမ္ဘာ့ရွာဖြစ်လာခြင်း၊ မြို့ပြများ တိုးချဲ့ဆောက်လုပ်ခြင်း၊ စက်မှုကုန်ထုတ် လုပ်ငန်း များပြားလာခြင်း တို့သည်လည်း ရောဂါဖြစ်ပွားခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။
"ကျန်းမာရေး အသိပညာနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက် တွေ၊ ရှောင်ကြဉ်ရမှာတွေ အသိပညာ တွေသိလာကြပေမယ့် တကယ့်လက်တွေ့မှာတော့ ရှောင်ကြဉ်ဖို့ ခဲယဉ်းနေကြပါတယ်။ ကျန်းမာသော ပတ်ဝန်းကျင်ရရှိစေဖို့ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း နည်းပါးနေတယ်။ ကူးစက် ရောဂါတွေ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှု နှုန်းလျော့ကျလာပြီ ဆိုပေမယ့် လုံးဝ ပပျောက်သွားတာမျိုး မဟုတ်သေးတဲ့ အချိန်မှာ ကူးစက်ခြင်းကြောင့် မဟုတ်ဘဲ နာတာရှည်ရောဂါတွေ ဖြစ်ပွားမှုနှုန်းက မြင့်လာလို့ ပြိုင်တူ ကိုင်တွယ်ဖြေရှင်းဖို့ လိုလာပါပြီ" ဟု ကျန်းမာရေးဆိုင်ရာ ပညာရှင်တစ်ဦး က ဆိုပါသည်။
ထို့ပြင် ကူးစက်မဟုတ်သော ရောဂါများမှာ ရောဂါဖြစ်နိုင်ခြေ ပိုများစေသည့် အခြေအနေများ တစ်ခုနှင့်တစ်ခု ဆက်စပ်နေခြင်း၊ အချိန် ကြာမြင့်မှသာ ရောဂါလက္ခဏာများ ပေါ်လာခြင်း၊ ရောဂါမဖြစ်မီ ကာလတွင် ကာကွယ်ရန် အခွင့်အလမ်း ရှိခြင်း၊ ရောဂါ၏နောက်ဆက်တွဲ ရောဂါများကြောင့် လူစဉ်မမီဘဲ နေထိုင်ရခြင်း၊ သက်တမ်းမစေ့မီ အချိန်စောပြီးသေဆုံးနိုင်ခြင်း၊ ရောဂါ ဖြစ်ပွားမှုကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ခြင်းကို နှောင့်နှေးစေနိုင်ကြောင်း သိရသည်။

   ( မှ ) ကူးယူဖော်ပြသည်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS