(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မေ မေ ရယ်
Labels:
poem
ကြင်နာမည့်လက်
ပုခက်လွှဲတယ်
လူကလေးမှေးဖို့လေ
ယုယသည့်လက်
ထွေးပွေ့မြူတယ်
လူကလေး ရွှင်ဖို့လေ
မို့တဲ့ရင်ခွင်
အုပ်မိုးစီးတယ်
လူကလေး နိုချိုကျွေးဖို့လေ
ကွေးညွှတ်နှုတ်ဖျား
သားချော့တေးသီ
လူကလေး အငိုတိတ်ဖို့လေ
ဘယ်ညာခြေလှမ်း
ထိန်းညှိပေးတယ်
လူကလေး ရပ်တည်ဖို့လေ
ညစဉ်မပျက်
ပုံပမာပေးတယ်
လူကလေး အတုယူဖို့လေ
ချော့တခါ ခြောက်တလှည့်
အဖြူအစိမ်း ဆင်မြန်းစေတယ်
လူကလေးနောင်ရေး အေးဖို့လေ
ကြိမ်းမောင်ဂရုဏာ
ဆိုဆုံးမတယ်
လူကလေး အမှားသိဖို့လေ
လူလားမြောက်စ
မြောက်ကြွကြွနဲ့
အိမ်ပြန်လမ်းဝေး
သားဆိုးငယ်လေး
သာယာစေငြား
ဆုတွေပွားရင်း
ရွှန်းလဲ့မျက်ရည်
လက်ဖမိုးငယ်နဲ့
သိမ်းကာသုပ်ယူ
အတွေးပူကို
ဟန်လုပ်ယူရင်း
ရွာဝင်လမ်းလေး
မျှော်ကာ ငေးလို့ပေါ့.................။
ပုခက်လွှဲတယ်
လူကလေးမှေးဖို့လေ
ယုယသည့်လက်
ထွေးပွေ့မြူတယ်
လူကလေး ရွှင်ဖို့လေ
မို့တဲ့ရင်ခွင်
အုပ်မိုးစီးတယ်
လူကလေး နိုချိုကျွေးဖို့လေ
ကွေးညွှတ်နှုတ်ဖျား
သားချော့တေးသီ
လူကလေး အငိုတိတ်ဖို့လေ
ဘယ်ညာခြေလှမ်း
ထိန်းညှိပေးတယ်
လူကလေး ရပ်တည်ဖို့လေ
ညစဉ်မပျက်
ပုံပမာပေးတယ်
လူကလေး အတုယူဖို့လေ
ချော့တခါ ခြောက်တလှည့်
အဖြူအစိမ်း ဆင်မြန်းစေတယ်
လူကလေးနောင်ရေး အေးဖို့လေ
ကြိမ်းမောင်ဂရုဏာ
ဆိုဆုံးမတယ်
လူကလေး အမှားသိဖို့လေ
လူလားမြောက်စ
မြောက်ကြွကြွနဲ့
အိမ်ပြန်လမ်းဝေး
သားဆိုးငယ်လေး
သာယာစေငြား
ဆုတွေပွားရင်း
ရွှန်းလဲ့မျက်ရည်
လက်ဖမိုးငယ်နဲ့
သိမ်းကာသုပ်ယူ
အတွေးပူကို
ဟန်လုပ်ယူရင်း
ရွာဝင်လမ်းလေး
မျှော်ကာ ငေးလို့ပေါ့.................။