Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

မ ဝင်း မော် ဦး သို့

 ကုလသမ္မက စင်မြင့်ပေါ်က
မာလာလာရဲ့ စကားတခွန်းကို
ထောင်သောင်းသိန်းသန်းများစွာသော
လက်ခုတ်သံတွေ ချီးမြှောက်ခဲ့တယ်
သူပြောခဲ့တာက ဘောပင်နဲ့စာအုပ်တအုပ်က
သူ့ရဲ့လက်နှက်တဲ့ ။

  ရန်ကုန်မြို့ ပြည်သူ့ဆေးရုံရဲ့
အရေးပေါ်ခန်း လူနာတင်ကုတင်ပေါ်က
ကျောင်းသူမလေး မဝင်းမော်ဦး ပြောခဲ့တယ်
ဒီမိုကရေစီပန်းတိုင် မရောက်မချင်း
အမျှမဝေပါနဲ့တဲ့ ။


  ကဲဘယ်သူ ငိုကြွေးပေးမှာလည်း
ဘယ်သူက စာနာပေးမှာလည်း
ဆူးလေလမ်းနဲ့ ကုန်သည်လမ်းထောင့်က
ပလက်ဖောင်းလေးကတော့
တအိအိငိုကြွေးနေတယ်
သူ့နှလုံးသားတွေ လောင်ကျွမ်း
တစစီပဲ့ကြွေနေလို့ ထင်ပါရဲ့ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS