ကြွေ လု လု ထန်း သီး ပေါ်
ကျီးအိုတစ်ကောင်နားခဲ့တဲ့
ချိနဲ့နဲ့ကံတရားက မျက်နှာသာမဲ့စွာ
မြေနိမ့်ရာလှံစိုက်တဲ့ရှင်သန်မှု့နဲ့
ထွက်ပေါက်ဆိုတာ ကမ်းနားမှာပေါက်တဲ့
သစ်ပင်ငယ်တစ်ပင်ရဲ့ ရပ်တည်ခြင်းလို
အရာရာမသေချာမရေရာစွာပဲ
ရုန်းရင်းကန်ရင်း ဝါးမြိုလာတဲ့
သောကအပူမီး ပြင်းလိုက်တာကွယ် ။