Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

သောကမီးရဲ့ သားကောင်

ကံကြမ္မာလှည့်ကွက်ရဲ့

ဒုက္ခကဏ္ဍမှာ သရုပ်ဆောင်

အံကြိတ်ပြီးမြိုချလိုက်တဲ့

မပီပြင်တဲ့ရှိုက်ငင်သံတစ်ခု

မျက်ဝန်းထောင့်က မြစ်ရိုးမှာ

မျက်ရည်တိုးလို့ တာကျိုးလုလု

ဆီလိုအပေါက်ရှာတဲ့ သောကမီး

မျက် တောင် ခတ် တိုင်း

လျှပ် ပြက် သ လို

အုံ့မှိုင်းနေတဲ့ ပါးပြင်မှာ

ပြိုတော့မယ့် ကောင်းကင်နှယ်

ကယ်ပါယူပါ တစာစာပေါ့ ။

ကမ္ဘာတခြမ်းမှာအလင်းရချိန်

ကမ္ဘာတခြမ်းကမှောင်နေတယ်

ချိန်ခွင်တစ်ဖက်ကအသာစီးရချိန်

ချိန်ခွင်တစ်ဖက်ကရှုံးပေးရတယ်

အလှည့်မရောက်လာတဲ့

အလင်းရောင်တစ်စကိုမျှော်ရင်း

ရှုံးကြွေးကို မျက်ရည်နဲ့ထိုးဆပ်

ခိုးခိုးချခဲ့တဲ့ သက်ပြင်းတွေ

လမ်းမပေါ်မှာ ပြန့်ကြဲလျှက်ပါပဲ ။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS