Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အ မွေ ဆိုး လား

ကဲ နိဒါန်းတော့ပျိုးနေပြီ
အနောက်ဖျားမှာ စခဲ့တဲ့မီး
ဂျာကာတာက သံရုံးတောင်
မီးတောက်ဗုံးရန်က
ကံဖယ်လို့ သီသီကလေး ။

မလေးရှားက ရွှေမြန်မာတွေဆို
မသားနားတဲ့ အခန်းအနားကို
နှလုံးသွေးနဲ့ရင်းခဲ့ရတယ်
ဗုဒ္ဓဂါယာမှာ အစချီ
ရှင်တော်ဝီရသူရဲ့ တရားပွဲမှာ
စစ်ဘီးလူးတို့ စစ်ကြေငြာ
သွေးဆာတဲ့ မီးတောက်ကို
ပုံဖော်ကြူးနေကြပြီ ။

ပြည်မြန်မာရဲ့ အနောက်ဖျားမှာ
စစ်သင်တန်းတွေ ပေးတယ်ဆို
ကမ္ဘာအော်ကျောလန်တွေရဲ့
သွေးဆာတဲ့ အကြည့်တွေက
ကကြိုးသွယ်တဲ့ ပြည်ကညာကို
ဝါးမြို အမဲဖျက်ဖို့ ကြံကြတယ် ။

ဒါတောင် ညာဏ်ကြီးရှင်တွေ
လူမျိုးရေး လူမျိုးရေးနဲ့
မီးတောက်တစကို အစပျိုးဖို့
အနာဂတ်ရဲ့ရင်သွေးကို
သွေးနံ့ညှီတဲ့ အမွေဆိုးပေးမယ့်
ရောင်းမကောင်းတဲ့ အသိညာဏ်နဲ့
အွန်လိုင်းမှာ ဝါဒဖြန့်ကောင်းတုန်ပဲ
အကျိုးမရှိတဲ့ မီးတောက်တခုကို
အသက်သွင်းဖို့ သူတို့မို့
ကြံရက်တယ်ဗျာ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS