Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

လေထဲ၌ ကွဲသောအသဲ

လက်ဝဲဖက် ရင်အုံအောက်က

နှလုံးသားရဲ့ စည်းချက်အလိုကျ

အလွမ်းလေးတွေပြေဖို့

အတူတွဲလျှောက်ခဲ့ဖူးတဲ့

လမ်းတွေလည်း မရှိခဲ့ပါဘူး

အဆွေးလေးတွေပြေဖို့

အတူတွဲထိုင်ခဲ့ဖူးတဲ့

ထိုင်ခုံလေးတွေလည်းမရှိပါဘူး

တမ်းတစရာဆိုလို့

နှစ်ယောက်အတူ ကြည်စယ်ခဲ့တဲ့

ကွန်မန့်လေးတွေရယ်

နှစ်ယောက်အတူ ကြည်နူးခဲ့တဲ့

ချက်ဘောက်က စကားအလှတွေရယ်

ပြီးတော့ ဗိုက်ဘာက

ညညတော်ရုံနဲ့မအိပ်ရအောင်

ချစ်ကြိုးသွယ်အပြန်အလှန်ရေးခဲ့တဲ့

စကားအနုအလှတွေရယ်ကလွဲလို့

အကောင်အထည် ပြစရာ

ဘာဆိုဘာမှမရှိခဲ့ပါဘူး

အခုတော့ unfriendဆိုတဲ့

စာတန်းလေးက မင်းနဲ့ငါကြား

သူ့တာဝန်သူကျေလိုက်ရုံနဲ့

အဝေးဆုံးဝေးရပြီပေါ့ ချစ်သူရယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS