Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

သား ကြီး

မပြေလည်တဲ့ကြားက

ထွက်ကျလာတဲ့

အမေ့ဈေးဆွဲခြင်းက

ဘောင်းဘီအသစ်ကို

မက်မက်မောမော

ပြေးလုခဲ့ဖူးတယ်

သို့သော်ငြားလည်း

ဘယ်နကြိမ်မှန်းမသိတဲ့

မေမေရဲ့ ဆင်ခြေ

သားက အကြီးလေဆိုတဲ့

စကားလုံးတွေအတွက်

အိမ်အောက်မှာတိတ်တိတ်လေး

ရှိုက်ငင်ခဲ့ရတဲ့ အဖြစ်က

ဘယ်ခေတ်ဘယ်ကာလက

ချမှတ်ခဲ့မှန်းမသိတဲ့

အငယ်ကိုဦးစားပေး

စနစ်ဆိုးကိုကြောင့်

ခေါင်အုံးအောက်မျက်နှားထိုးလဲ

ချွေခဲ့တဲ့ရှိုက်သံတွေနဲ့

ကလေးဘဝကို အပီပြင်ဆုံး

သရုပ်ဆောင်မိတယ်

ကလေးဘဝရဲ့ ထိုးစစ်ကို

အသားစီးမရတဲ့ စစ်တပွဲမှာ

ကစားစရာလုမိလို့

တင်ပါးပေါ်ရောက်လာတဲ့

ဂရုဏာဒေါသတွေ

နာကျင်လိုက်တာကွယ်

ရှိပါစေတော့လို့ စိတ်ကိုဖြေ

လူကြီးအမြန်ဖြစ်ဖို့အရေး
 
ထမင်းကိုပဲ အားပါးတရ

မဲပြီးစားမိတော့တယ် ။







  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS