(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
လူမိုက်ဆိုတာ
Labels:
ethic
လူမိုက် ဆို တာက-
၁။ လုပ်လိုက်ကြံ လိုက်ရင် မကောင်းမှု နည်းမှားတွေ ချည်းပဲ
၂။ သူတင် မဟုတ်တာလုပ် တာ- နည်မှား ကြီးကိုလုပ်တာ
မဟုတ် ဖူးသူများတွေ လဲ လိုက်လုပ်ခိုင်းတယ်
၃။ အဲဒိ နည်မှားကြီး ကို အမြတ်တနိုးတန် ဖိုး ထားနေတယ်
၎။ အကျိုးအကြောင်းနဲ့  မှား နေပါတယ်ပြောရင် စိတ်ဆိုးကြတယ်၊
ပြေူာတဲ့ သူ ကို ရန် ရှာတယ်။ ဒီတော့ နောက်ဆုံးဘာဖြစ်လဲ —
အ၀ီစိမှာမဟုတ်လား၊ သူတင် မဟုတ် သူ့  အပေါ်င်းအပါတွေ
အများ ကြီး အဲဒီမှာ…။
ဒီနေရာမှာဘုရားအလောင်းတော် အကိတ္တိ ရသေ့ ဆုတောင်းခဲ့
ပုံ ကို ကြည့်ပါ—
၁။ လူမိုက် ကို မမြင်မတွေ့ ၊မကြား ရပါစေနဲ့ 
၂။ မလွှဲသာလို့ မြင်တွေ့ ရလို့ ရှိရင် — လူမိုက်နဲ့  မဆက်ဆံ ပါရစေနဲ့ 
၃။ မလွှဲသာလို ဆက်ဆံရရင် —- လူမိုက် ကို အာပေးမှု၊ ထောက်ခံ မှု
မလုပ် ပါရစေ နဲ့။
(အကိတ္တိ ရသေ့ ဆုတောင်း ပုံ)
လူမိုက်ကို မပေါင်းနဲ့  လို့ ပဲ မင်္ဂလသုတ် မှာသိခဲ့ တာ၊ခု အ ကိတ္တိရသေ့
ဆုတောင်းကို ကြည့်တော့ လူမိုက်ဟာ ဘယ်လောက် ကြောက်ဖို့
ကောင်းတယ်၊ အန္တရယ်ရှိ တယ် ဆို တာပိုထင်ရှားပါတယ်။ ဒါကြောင့်
ဒကာ၊ ဒကာမတွေ အနေနဲ့  ဘ၀ပျက် ဆီး ကြောင်း နည်းမှားတွေ
ကို နည်းမှန် လမ်းမှန် အနေနဲ့ လွယ်လွယ်ကူကူ ပျော်ပျော် ပါးပါး
စည်းစည်းရုံးရုံး သူများလုပ်တိုင်း လိုက် မလုပ်မိဖို့  နဲ့  အမှား ကို
မှား ကြောင်း တင်ပြလာရင် ကျေးဇူးတင်ဝမ်းမြောက်နိုင်ရ မယ်ဆို
တာဒီတရားကို နာပြီး၊ သင်ခန်းစာယူကြပါ။
(စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက
ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာအရှင်ဥာဏိဿရ၊ ဟောကြားတော်မူသော -
"လူမိုက်တို့ ၏သွားရာလမ်း” တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်။ —