Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

နေရစ်ခဲ့တော့ ဒီဇင်ဘာ


နေရစ်ခဲ့အုံးတော့ ဒီဇင်ဘာရေ

ဖွဲ ဖွဲ ငို ချ တဲ့ နှင်း စက် တွေ နဲ့

ချယ်ရီဝေတဲ့ နေ့ရက်တွေကို
 
မ ချစ် လို့ မ ရ ဟုတ် ပါ ဘူး

ဆောင်တော်ကူးနဲ့ ညမွှေးပန်းတွေကို

မမြတ်နိုးလို့လည်းမဟုတ်ပါဘူး

ကျိမ်စာသင့်သလို တစိမ့်စိမ့်အေးတဲ့

ဆောင်းညတွေကို မုန်းလို့မဟုတ်ရပါဘူး

ကော်ဖီခါးခါးတခွက်နဲ့ ကျော်ဖြတ်ခဲ့တဲ့

ဆောင်း နံ နက် ခင်း တွေ ကို

မတွယ်တာလို့လည်း မဟုတ်ရပါဘူး

ပုဇင်းရင်ကွဲကောင်တွေနဲ့ တစီစီညံပြီး

ရွှေ အို ရောင် သဲ့ သဲ့ သန်း တဲ့

ပန်း ပိ တောက် တွေ ဝေ တဲ့

အတာကူးတဲ့ နှစ်ဦးသင်္ကြန်ကို

အ ရောက် လှမ်း ရ အုံး မှာ မို့

နေရစ်ခဲ့အုံးတော့ ဒီဇင်ဘာရယ်

နေ ရစ် ခဲ့ အုံး တော့ ကွယ်

နောင်နှစ်များမှ ဆုံကြအုံးစို့ကွယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS