Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ချစ်တယ်မေမေ

တကယ်ဆိုရင်
သားလေးလေ မေမေ့ကို
နတ်ဘုံနတ်နန်းလေးတခု
ဖန်တီးပေးချင်သူတစ်ယောက်ပါ
~~ဒါပေမယ့်~~
ပုံပြင်ရိုင်းတွေကိုသာ
ကြုံတွေ့စေခဲ့တယ်။

အမှန်ဆိုရင်
သားလေးလေ မေမေ့ကို
အသဲနှလုံးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
ထာဝရ သိမ်းထားချင်ခဲ့တာပါ
~~ဒါပေမယ့်~~
မမျှော်မှန်းထားတဲ့ ကံကြမ္မာဆိုးကြောင့်
ရေမြေရပ်ခြား တိုင်းတပါးမှာ
ဝေးနေခဲ့ရတယ် ။

မှားခဲ့တယ်ဆိုရင်
သားလေးလေ မှားခဲ့ပါတယ်
အဲ့ဒီအမှားတွေအတွက်
ဝန်ချတောင်းပန်ပါတယ်
ထာဝရခွင့်မလွှတ်ပါနဲ့
ဒါပေမယ့် မေမေရယ်
သားလေးမှားခဲ့တာ
ဘဝကိုနာကျဉ်လွန်းလို့
ဓနဥစ္စာရှာဖွေဖို့
တပြည်တရွာကို ထွက်ခဲ့မိတာပါ။

(ချစ်တယ်မေမေရယ်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS