Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ခင်ဗျားနဲ့ လောက

ဒီမှာ မိတ်ဆွေ မြစ်ချောင်းတွေကို
လွတ်လပ်စွာ စီးဆင်းခွင့်ပြုလိုက်ပါ
နောင်လာနောင်သားတွေက
ခင်ဗျားကို သာဓုခေါ်ပေးကြမှာပါ ။

ဒီမှာ မိတ်ဆွေ ကျေးငှက်တွေကို
လွတ်လပ်စွာ ပျံသန်းခွင့်ပြုလိုက်ပါ
ကောင်းကင်ကျယ်ကျယ်ကြီးက
ခင်ဗျားကို ကောင်းချီးပေးပါလိမ့်မယ် ။

ဒီမှာ မိတ်ဆွေ တောတောင်တွေကို
လွတ်လပ်စွာ စိမ်းစိုခွင့်ပြုလိုက်ပါ
လောက ကမ္ဘာမြေတခုလုံးက
ခင်ဗျားကို အမှတ်အပြည့်ပေးကြမှာပါ ။

ဒီမှာ မိတ်ဆွေ စာသားတွေကို
လွတ်လပ်စွာ ရေးဖွဲ့ခွင့်ပြုလိုက်ပါ
လူသားတွေ အားလုံးက
ခင်ဗျားကို ကျေးဇူးတင်နေကြမှာပါ ။

ဒီမှာ မိတ်ဆွေ သူငယ်တွေကို
ညဏ်ပညာအလင်း ဖွင့်ပေးလိုက်ပါ
အာရုဏ်ဦးရဲ့ အနာဂါတ်တွေက
ခင်ဗျားကို စောင့်ကြိုနေမှာပါ ။

ဒီမှာ မိတ်ဆွေ အားငယ်နေသူတွေကို
စာနာထောက်ထား ဖေးမကူညီလိုက်ပါ
သံသရာခရီးလမ်းက လာခြင်းကောင်းဖို့
ခင်းဗျားကို စောင့်ကြိုနေမှာပါဗျာ........။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS