(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
လက် တွေ့ ဘ ဝ
Labels:
poem
အတန်းထဲမှာ ဂျစ်ကန်ကန်နဲ့
လစဉ်ရတဲ့ ရမှတ်တွေက
စံချိန်ချိုးရလောက်အောင်
အောက်ဆုံးကို ထိုးကျနေတယ်
အတန်းရှေ့ထွက်ပြီးလူပုံအလည်
ဒူးထောက်ခဲ့ရတဲ့ အပြစ်ဒဏ်ရဲ့
နောက်ဆက်တွဲ ပစ်မှတ်က
လက်ညှိုးလေးကို ကွေးလိုက်
ဆန့်လိုက်နဲ့ ကရော်ကရော်ဆိုတဲ့
ခနဲ့တဲ့တဲ့ လှောင်ပြောင်တဲ့
မျက်လုံးတွေနဲ့ စကားလုံးတွေက
ညံ့လိုက်တာတဲ့ကွာ။
ရန်ကုန်မြို့ရဲ့ တနေရာ
ကြီးပွားရေး ရပ်ကွက်ထဲက
အန်တီဒေစီကျော်ဝင်းရဲ့
တိုက်ဆောက်ကာစ
ညဆိုင်းမှာ ကွန်ကရစ်လောင်းတော့
အန်တီက ကျောင်းနေလားတဲ့
မျက်ရည် အဝိုင်းသားနဲ့
ခြောက်တန်းတက်နေကြောင်းကို
ဖြေခဲ့မိတယ် အန်တီကပြောခဲ့တယ်
တော်လိုက်တာ ကြိုးစားပေါ့တဲ့ ။
ကံတရားရဲ့ အငြိုးတစ်စကို
အတန်းပိုင်ဆရာမက မသိခဲ့လို့လား
ဒါမှမဟုတ်
အတန်းဖော် သူငယ်ချင်းတွေက
သိနေပါလျှက်နဲ့ လျစ်လျူရှုတာလား
သေချာတာတခုက အိမ်နီးချင်း
မနီးမဝေးက စာအံသံတွေကို
အမုန်းကြီးမုန်းနေမိတော့တယ်ကွယ် ။
လစဉ်ရတဲ့ ရမှတ်တွေက
စံချိန်ချိုးရလောက်အောင်
အောက်ဆုံးကို ထိုးကျနေတယ်
အတန်းရှေ့ထွက်ပြီးလူပုံအလည်
ဒူးထောက်ခဲ့ရတဲ့ အပြစ်ဒဏ်ရဲ့
နောက်ဆက်တွဲ ပစ်မှတ်က
လက်ညှိုးလေးကို ကွေးလိုက်
ဆန့်လိုက်နဲ့ ကရော်ကရော်ဆိုတဲ့
ခနဲ့တဲ့တဲ့ လှောင်ပြောင်တဲ့
မျက်လုံးတွေနဲ့ စကားလုံးတွေက
ညံ့လိုက်တာတဲ့ကွာ။
ရန်ကုန်မြို့ရဲ့ တနေရာ
ကြီးပွားရေး ရပ်ကွက်ထဲက
အန်တီဒေစီကျော်ဝင်းရဲ့
တိုက်ဆောက်ကာစ
ညဆိုင်းမှာ ကွန်ကရစ်လောင်းတော့
အန်တီက ကျောင်းနေလားတဲ့
မျက်ရည် အဝိုင်းသားနဲ့
ခြောက်တန်းတက်နေကြောင်းကို
ဖြေခဲ့မိတယ် အန်တီကပြောခဲ့တယ်
တော်လိုက်တာ ကြိုးစားပေါ့တဲ့ ။
ကံတရားရဲ့ အငြိုးတစ်စကို
အတန်းပိုင်ဆရာမက မသိခဲ့လို့လား
ဒါမှမဟုတ်
အတန်းဖော် သူငယ်ချင်းတွေက
သိနေပါလျှက်နဲ့ လျစ်လျူရှုတာလား
သေချာတာတခုက အိမ်နီးချင်း
မနီးမဝေးက စာအံသံတွေကို
အမုန်းကြီးမုန်းနေမိတော့တယ်ကွယ် ။