Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

မာန်ဝင့်တဲ့ နှင်းဆီ

အနီရင့်ရင့်နဲ့ ပွင့်ဖတ်တွေစီ

ရိုးတံရင်းမှာ ဆိပ်ဆူးကိုသီ

လေအဝှေ့မှာ တလှပ်လှပ်နဲ့

ဘယ်ညာရမ်း ကခုန်နေပုံက

အလှမာန်ဝင့်တဲ့ ပျိုကညာနှယ်

အမြင့်မှာစံ မြေမလူးတော့မည်ဟန်

ကြွေချိန်ကို မေ့နေလေရော့လား

နှင်းဆီငယ်လေးရယ် ။

မင်းအလှ မင်းအဆင်းကြောင့်

မင်းဘဝလေး လှနိုင်သလို

တလွဲကောက်တဲ့ မင်းမာနကြောင့်

မင်းဘဝအခြေပျက်နိုင်တယ်

ခြွေမယ့်သူတွေ ဝိုင်းဝိုင်းလည်လို့

အဟုတ်မထင်လိုက်နဲ့ နှင်းဆီရယ် ။

နေညိုလို့ တိမ်တောက်ချိန်ထိ

အလှဆုံးပွင့်ဖို့ မမေ့နဲ့နှင်းဆီ

တွေ့ရာပျားပိတုန်းလက် အကြွေစောရင်

ငြှိုးငယ်ခြောက်ချိန် စွန့်ပစ်ခြွေချ

အမှိုက်ပုံးထဲမှာ ရနံ့ပြယ်တဲ့ဘဝ

အနေမလှမှာဆိုးမိတယ် နှင်းဆီငယ်ရယ် ။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS