Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ဟောက် စား များ တဲ့ လော က

မနက်မိုးလင်းတာနဲ့

ပဲပြုတ်သည်က အကြွေးမယူဖို့

ကုမ္ပဏီပိုင်ရှင် မျက်နှာပေးနဲ့

ဟောက်စားလုပ်တယ် ။

ရုံးသွားတော့လည်း
 
ကားစပယ်ရာက မရှိတဲ့

နေရာလွတ်ကို အတင်းထိုးသိပ်ပြီး

ဟောက်စားလုပ်တယ် ။

ရုံးရောက်တော့လည်း

အထက်အရာရှိက

အကြောင်းမရှိအကြောင်းရှာ

ဟောက်စားလုပ်တယ် ။

ရုံးပြန်တော့လည်း

အောက်ဆိုက်ကားဆရာက

တွယ်စီးရကောင်းလားလို့

ဟောက်စားလုပ်တယ် ။

ရပ်ကွက်ထဲရောက်တော့

ဆိုက်ကားဆရာက

လမ်းဘေးကပ်လျှောက်ဖို့

ဟောက်စားလုပ်တယ် ။

လမ်းထိပ်ရောက်တော့

ဟင်းရောင်းတဲ့အဒေါ်ကြီးက

ဟင်ရည်အပိုတောင်းမိလို့

ဟောက်စားလုပ်တယ် ။

လမ်းထဲဝင်လာတော့

အရက်သမားကိုသာကျော်က

မူးမူးရူးရူးနဲ့တွေ့ရာလူကို

ဟောက်စားလုပ်တယ် ။

အိမ်ရှေ့ရောက်တော့

ရာအိမ်မှုးကြီးက

ဒီည မီးကင်းလာစောင့်ဖို့

ဟောက်စားလုပ်တယ် ။

အိမ်ထဲဝင်ဖို့ပြင်တော့

အိမ်ရှင်အပျိုကြီးမမက

အိမ်လခပေးဖို့ ပွစိပွစိနဲ့

ဟောက်စားလုပ်တယ် ။

အိပ်ရာထဲဝင်တော့

ငါ့ဟဲ့ယောက်ျားကွလို့အားခဲပြီး

မကျေနပ်သမျှကို ခေါင်းအုံးပေါ်မှာ

ဟောက်လိုက်မိတော့တယ်ဗျာ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS