(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
အဖြူရောင် စည်း
Labels:
poem
အဖြူရောင်ရဲ့ သန့်ရှင်းတဲ့
အဝင်းအဝိုင်းမှာ အနားသက်ကို
တည်ကြည်ခြင်းဆိုတဲ့ အပြာရာင်နဲ့
စည်းတားထားတယ်
အလည်ဗဟိုမှာ ရင်းနှီးကျွမ်းဝင်တဲ့
ငါတို့ သူငယ်ချင်း တသိုက်ရှိတယ်
ဟန်ပန်တွေကို ခဝါချပြီး
ပျော်ရွှင်ခြင်း အသီးပွင့်တွေ
အညီအမျှ ခွဲဝေစားသောက်
အပြုံးပန်းတွေ ကိုယ်စီနဲ့ပေါ့
လွတ်လတ်မှုတွေ ရှိသလို
ပေါ့ပါးမှုတွေ သရုပ်ဆောင်တယ်
ယုန်ထင် ကြောင်ထင် တွေ မရှိဘူး
အားလုံးဟာ ရိုးသားကြတယ်
ရိုင်းပင်းကူညီမှုကို အသားပေး
ယုံကြည့်မှုနဲ့ တည်ဆောက်တဲ့
ခိုင်မြဲမယ့် ချစ်ခြင်းနဲ့ တည်တယ်
သယ်ရင်း မင်း မယုံရင်
ငါတို့ စည်းဝိုင်းထဲ မင်းလှမ်းလာခဲ့ပေါ့
ကြိုဆိုလျှက်ပါ သူငယ်ချင်း .................။
အဝင်းအဝိုင်းမှာ အနားသက်ကို
တည်ကြည်ခြင်းဆိုတဲ့ အပြာရာင်နဲ့
စည်းတားထားတယ်
အလည်ဗဟိုမှာ ရင်းနှီးကျွမ်းဝင်တဲ့
ငါတို့ သူငယ်ချင်း တသိုက်ရှိတယ်
ဟန်ပန်တွေကို ခဝါချပြီး
ပျော်ရွှင်ခြင်း အသီးပွင့်တွေ
အညီအမျှ ခွဲဝေစားသောက်
အပြုံးပန်းတွေ ကိုယ်စီနဲ့ပေါ့
လွတ်လတ်မှုတွေ ရှိသလို
ပေါ့ပါးမှုတွေ သရုပ်ဆောင်တယ်
ယုန်ထင် ကြောင်ထင် တွေ မရှိဘူး
အားလုံးဟာ ရိုးသားကြတယ်
ရိုင်းပင်းကူညီမှုကို အသားပေး
ယုံကြည့်မှုနဲ့ တည်ဆောက်တဲ့
ခိုင်မြဲမယ့် ချစ်ခြင်းနဲ့ တည်တယ်
သယ်ရင်း မင်း မယုံရင်
ငါတို့ စည်းဝိုင်းထဲ မင်းလှမ်းလာခဲ့ပေါ့
ကြိုဆိုလျှက်ပါ သူငယ်ချင်း .................။