Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

တဖက်သက် အချစ်

မှန်းဆလိုက်ရင် တွယ်ငင်နှောင်ဖွဲ့
သူ့ရဲ့မေတ္တာ အကြင်နာကို
တောင်ဆိုပန်ဆင့် မျှော်လင့်ခြင်းသာ 

ရင်မှာမပြတ် တဖက်သက်
အချစ်က ဆိုးပါသည် ။

တမ်းတလိုက်လျှင်
သံယောဇဉ်ဦး အသဲဖူးမှာ
သူ့ကိုသာထား ဒေဝီတဆူ
မှတ်ယူ ကိုးကွယ်
တွယ်ငြိထပ်ထပ် တဖက်သက်
အချစ်က ဆိုးပါသည် ။


ကျွမ်းမြလိုက်လျှင်
လမင်းဝါ ချစ်နတ်သမီးရယ်မို့
ကိုယ့်ဘဝတွင် အလိုလိုက်ကာပ
အရိပ်တကြည့်ကြည့်နဲ့ ထားချင်ပါရဲ့
သိမ်ငယ်ရတဲ့ အချစ်က
တဖက်သက်မို့ ဆိုးပါသည် ။

လွမ်းပြလိုက်ချင်
ဒီရင်ကအချစ် သူသိဖြစ်ပါ
ကဗျာအလွမ်း စာနာစမ်းပါ
သဲညှာခိုင်လုံး လိုရာသုံးဖို့
ပေးအပ်နှင်းမယ့် ဆွေးမြေ့ရတဲ့
တဖက်သက် အချစ်ပါ သခင် ။





 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS