Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

~~~ ချစ် သူ သို့ ~~~

ဒီမောင့်အသည်းဖူးမှာ မင်းမှမင်းပါ

ရူးလောက်တဲ့သံယောဇဉ်တွေနဲ့

အကြည့်ခြင်းဆုံတိုင်း ရင်ခုန်ရတဲ့

နှလုံးသားမှာ ဒဏ်ရာများလာတော့

ထွက်သက်ဝင်သက်တွေတိုင်း

နာကျင်မှု့တွေက တိုးတိုးလာတယ်

ဒါတွေကို မင်းလေးခံစားတက်ရဲ့လား

ချစ်ရသူလေးရယ် ။

မင်းအကြောင်း ခဏခဏမတွေးဖြစ်ဖို့

တားမြစ်ထားတယ် ယာယီပေါ့

တစ်ခါတစ်လေ တွေ့ချင်စိတ်တွေပြင်းပြလို့

လမ်းထိပ်အုတါခုံမှာ ဂစ်တာသံပေးတာ

မင်းအိမ်ကအကိုတွေ ဆူရအောင်လို့

ပ ညာ ပြ တာ မ ဟုတ် ဘူး

ဒီမောင့်အလွမ်းတွေကို ချပြတာပါ

ဒါကိုမင်းလေးသိရဲ့လား ချစ်သူ ။

တွေ့ချင်လျှက်နဲ့ အွန်လိုင်းမထိုင်မိဖို့

ကြိုးစားပါတယ် မချက်ချင်လို့မဟုတ်ဘူး

မင်းရဲ့ပို့အောက်မှာ ငါမသိတဲ့သူစိမ်းတွေ

သာယာနေတဲ့ အQကွန်မန့်တွေကို

မျက်စိစုံမှိတ်ဖို့ အားအင်တွေမရှိလို့ပါ

ဒါတွေကို မင်းလေးစာနာတက်ရဲ့လား

ချစ်ရသူလေးရယ် ။

holidayတိုင်းမှာ ချိန်မတွေ့ဖြစ်အောင်

အလွမ်းတွေကို ချောင်ထိုးထားတယ်

မတူညီတဲ့ဘဝတွေ ညီမျှခြင်းမဖြစ်ခင်

အများမကဲ့ရဲ့အောင် ငါ့ချစ်ခြင်းတွေ

ဒိုင်ယာယီလို သော့ခတ်ထားမြဲ

ငါ့လောက်ချစ်တဲ့ ဒီရင်ကချစ်ခြင်း

ငါတောင်လိုက်မမှီတော့တာ

မင်းသိရောသိရဲ့လား ချစ်သူငယ်ရယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS