(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
သူဖုန်းစားရဲ့ သောက
Labels:
poem
သံသရာခရီးတထောက်မှာ
ဘဝအပူမီးမြိုက်တော့
လူဆိုတဲ့သိက္ခာပုဒ် ကိုမြေမှာချ
သောကကို
ရင်မှာထွေးပြီး
ပါးစပ်တပေါက်ရဲ့ အတ္တအတွက်
လမ်းဆုံမှာ သဒ္ဒါကြေးကို
လက်ဝါးဖြန့်တော့
မိုးခါးမိတဲ့ ရေဆေးပန်ချီကားလို
ကောက်ကြောင်းတွေကဝေဝါးနေဆဲ
ဖြစ်ချင်ရာဖြစ် အံကိုတင်းတင်းကြိတ်ပီး
ငိုခြင်းချကာမှ ရင်၌ဖြစ်သောမိုးက
သည်းလိုက်တဲ့ဖြစ်ခြင်း
ရင်ခွင်တခုလုံးကို ရွဲရွဲစိုလို့ပေါ့...။
(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ဘဝအပူမီးမြိုက်တော့
လူဆိုတဲ့သိက္ခာပုဒ် ကိုမြေမှာချ
သောကကို
ရင်မှာထွေးပြီး
ပါးစပ်တပေါက်ရဲ့ အတ္တအတွက်
လမ်းဆုံမှာ သဒ္ဒါကြေးကို
လက်ဝါးဖြန့်တော့
မိုးခါးမိတဲ့ ရေဆေးပန်ချီကားလို
ကောက်ကြောင်းတွေကဝေဝါးနေဆဲ
ဖြစ်ချင်ရာဖြစ် အံကိုတင်းတင်းကြိတ်ပီး
ငိုခြင်းချကာမှ ရင်၌ဖြစ်သောမိုးက
သည်းလိုက်တဲ့ဖြစ်ခြင်း
ရင်ခွင်တခုလုံးကို ရွဲရွဲစိုလို့ပေါ့...။
(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)