(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
လူ ငယ် ဆို တာ
Labels:
poem
လူငယ်ဆိုတာ
အနာဂတ်ရဲ့ သားကောင်း ရတနာတွေပါ
လူငယ်ဆိုတာ
တက်ကြွလန်းဆန်းနေတဲ့ အားအင်သစ်ပါ
လူငယ်ဆိုတာ
အရောင်မတင်ရသေးတဲ့ ကျောက်ရိုင်းတပွင့်ပါ
လူငယ်ဆိုတာ
အရိပ်အာဝါသကောင်းပေးမည့် မျိုးစေ့တစေ့ပါ
လူငယ်ဆိုတာ
ထွန်းလင်းမည့် ကြယ်ပွင့်လေးတွေပါ
လူငယ်ဆိုတာ
နေ့သစ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းမည့် သူတွေပါ
လူငယ်ဆိုတာ
မွှေးကြူပွင့်လန်းမည့် ပန်းဖူးတွေပါ
လူငယ်ဆိုတာ
လောကကိုတာဝန်လွှဲပြောင်းယူမည့် ပခုံးကောင်းတွေပါ
လူငယ်ဆိုတာ
တိုင်းပြည်ရဲ့ သွေးသစ်လောင်းမည့် သူရဲကောင်းပါ
လူငယ်ဆိုတာ
အသစ်အသစ်သော ပြဿနာကို ဖြေရှင်းမည့်သူတွေပါ
လူငယ်ဆိုတာ
နေ့သစ်တွေကို ဦးဆောင်မည့် ခေါင်းဆောင်လောင်းတွေပါ
လူငယ်ဆိုတာ
ဆန်းပြားမှု့တွေကို ဖန်တီးပြီး လောက ကမ္ဘာမြေကို ထိန်းသိမ်းမည့်
ကောင်းကင်မှာ ထိန်ထိန်ညီမယ့် ကြယ်တာရာတွေပါ...............။