(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ကျ ရှုံး ခြင်း
Labels:
poem
မင်းတပတ်လှည့်ရင်
ချာချာလည်မှန်း သိခဲ့လို့လား
အသဲကွဲတဲ့ ကဗျာတပုဒ်
စာရွက်ပေါ်ကြွေကျဖို့အရေး
ပေးဆပ်လိုက်ရတဲ့ အရင်းနှီးက
ငါ့ရင်ဘတ်ကြီးတခုလုံးကို
မြေမှာချပြီး စတေးလိုက်ရတာပါ
မိုးကောင်းကင်က
ကြယ်တာရာတွေကြွေတိုင်းသာ
ဆုတောင်းပြည့်ခဲ့ရင်
ကောင်းကင်တခုလုံး အမှောင်ဖုံး
ကြယ်တွေ အကုန်ငိုတဲ့အထိ
ထိုင်ရာမထ ဆုတောင်းချင်မိတယ်
မင်း မကမ်းခဲ့တဲ့ပန်းတပွင့်အတွက်
လှမ်းခဲ့မိတဲ့ ငါ့လက်ကလေး
အခုတော့ ဆူးစူးရပြီထင်ရဲ့ကွယ်
မလုပ်လိုက်ပါနဲ့ မင်းမလှည့်ခင်ထဲက
ငါ့ နှလုံးသားတွေက
ချာချာလည်နေပြီးသားပါ
အော်~~မင်းမလှည့်ခင်ထဲက
ငါချာချာလည်နေပြီးသားမို့ပါကွာ ။
ချာချာလည်မှန်း သိခဲ့လို့လား
အသဲကွဲတဲ့ ကဗျာတပုဒ်
စာရွက်ပေါ်ကြွေကျဖို့အရေး
ပေးဆပ်လိုက်ရတဲ့ အရင်းနှီးက
ငါ့ရင်ဘတ်ကြီးတခုလုံးကို
မြေမှာချပြီး စတေးလိုက်ရတာပါ
မိုးကောင်းကင်က
ကြယ်တာရာတွေကြွေတိုင်းသာ
ဆုတောင်းပြည့်ခဲ့ရင်
ကောင်းကင်တခုလုံး အမှောင်ဖုံး
ကြယ်တွေ အကုန်ငိုတဲ့အထိ
ထိုင်ရာမထ ဆုတောင်းချင်မိတယ်
မင်း မကမ်းခဲ့တဲ့ပန်းတပွင့်အတွက်
လှမ်းခဲ့မိတဲ့ ငါ့လက်ကလေး
အခုတော့ ဆူးစူးရပြီထင်ရဲ့ကွယ်
မလုပ်လိုက်ပါနဲ့ မင်းမလှည့်ခင်ထဲက
ငါ့ နှလုံးသားတွေက
ချာချာလည်နေပြီးသားပါ
အော်~~မင်းမလှည့်ခင်ထဲက
ငါချာချာလည်နေပြီးသားမို့ပါကွာ ။