(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ထွက် သက်
Labels:
poem
ဘဝနေညိုချိန် မရဏမင်းနဲ့စစ်ခင်း
ပင့်သက်တွေကြား ဝေဝေဝါးဝါး
ပြုခဲ့ဖူးတဲ့ ကောင်းမှုအတိုအထွာ
ကောက်ရိုးအမျှင့် သေးသွယ်သွယ်ကို
တောင်းလိုရာဆု ပြည့်မည့်အထင်
နောက်ဆုံးခရီး မပြီမပြင်
ငယ်ရွယ်စဉ်က ငါမှငါလို့
မသေအံ့သွင် ပြုံးပန်းဆင်၍
မိုးလေမမြင် ချစ်ပိုးဆင်လျှက်
သည်လင်သည်သား သည်မယား
သည်ကားသည်မြေ သည်ရွှေငွေ
သည်ဆွေသည်မျိုး သည်အိုးသည်အိမ်
သည်စည်းစိမ်ကို တမက်တမော
အရူးအမူး တနေ့နေ့သော်
သေမင်းခေါ်မည့် မေ့လျှော့သည့်ငါ
ယခုထွက်သက်က ဆိုးဝါးလှပါလား။