Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

မိ ခ ရေ

ဝေလိုက်ပါအုံးပန်းခရေ

ဝေဝလို့ကြွေချိန်ရောက်ရင်

ယုယစွာထွေးပွေ့ဆီးကြိုမယ့်

ပန်းသီသူလက်ကိုရွေးပေါ့

ပန်း ခ ရေ ရယ် ။

တစ်ပွင့်ကြွေရင် တစ်ပွင့်ဝေပေမယ့်

အချစ်ရတက်မီးပွေလွယ်ရင်

မြေမှာခလို့ ရနံ့လျော့ပါးချိန်

သားစားကျားရဲ့ ခြေရာအောက

နင်းပြားဘဝမှာ အခြေမလှမှာဆိုးတယ်

ပန်း ခ ရေ ရယ် ။

လေပွေအနော့မှာ

ခပ်သော့သော့လေး မြေမှာခ

ရိုးရင့်ညှာကို ခြေစုံကန်ပြီး

ခဏတာသာ လေဟုန်စီး

မြေမှာခမယ့်အရေး

မတွေးမိလေရော့လား

ပန်း ခ ရေ ရယ် ။

ခလုတ်ထိမှ အမိမတလေနဲ့

နောင်တဆိုတာ ပွဲဈေးတန်းက


ရောင်ကုန်ဝယ်ကုန်မဟုတ်ဘူး

ထိုးကြွေးရမှာ တစ်ဘဝစာမို

ဝေပါ မွှေးပါ ကြွေပါ

ဒါပေမယ့် ရောက်ရာအရပ်မှာ

ကောင်းသောရနံ့နဲ့ သင်းကြူစေတော့


မိ ခ ရေ လေး ရယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS