(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ရှိစုမဲ့စု မာန
Labels:
poem
ရောင်းပန်းမလှတဲ့ မာနတစ်စုံရဲ့
ပုတ်အဲ့အဲ့ သွေးညှီနံက
အချိန်လင့်တဲ့ ဈေးတောင်းလို
ရရာဈေးနဲ့ ထိုးရောင်းဖို့
နာရီလက်တံတွေက
တောင်းဆိုတယ်........
ငါလဲပြိုမယ့် ထိုးနှက်ချက်တွေ
ဘယ်ညာဝိုက်တဲ့ ကံလက်သီးက
ရှုထောင့်မျိုးစုံ မရိုးအီအောင်
ထောင့်ပေါင်းစုံက ထိုးနှက်
အရောင်းထိုင်းတဲ့ မာနကို
မတန်တဆ ဈေးပေးပြီး
မြေမှာသဂြိုလ်ဖို့ ကြံတယ်........
ခပ်ကြီးကြီး မာနကို
စုတ်ချာချာ ရင်မှာထွေးပြီး
ကမ္ဘာမြေရဲ့ ထောင့်တထောင့်မှာခို
ပြိုမယ့်မိုးရဲ့ အငြိုးလျှက်တန်းကို
ရှိစုမဲ့စု မာနကို ဒိုင်းပြု အန်တုပြီး
တန်ပြန်တော့လည်း
ခံစစ်ကလည်း မခိုင်လေတော့
ယိုင်နဲ့နဲ့ပေါ့........................။
ပုတ်အဲ့အဲ့ သွေးညှီနံက
အချိန်လင့်တဲ့ ဈေးတောင်းလို
ရရာဈေးနဲ့ ထိုးရောင်းဖို့
နာရီလက်တံတွေက
တောင်းဆိုတယ်........
ငါလဲပြိုမယ့် ထိုးနှက်ချက်တွေ
ဘယ်ညာဝိုက်တဲ့ ကံလက်သီးက
ရှုထောင့်မျိုးစုံ မရိုးအီအောင်
ထောင့်ပေါင်းစုံက ထိုးနှက်
အရောင်းထိုင်းတဲ့ မာနကို
မတန်တဆ ဈေးပေးပြီး
မြေမှာသဂြိုလ်ဖို့ ကြံတယ်........
ခပ်ကြီးကြီး မာနကို
စုတ်ချာချာ ရင်မှာထွေးပြီး
ကမ္ဘာမြေရဲ့ ထောင့်တထောင့်မှာခို
ပြိုမယ့်မိုးရဲ့ အငြိုးလျှက်တန်းကို
ရှိစုမဲ့စု မာနကို ဒိုင်းပြု အန်တုပြီး
တန်ပြန်တော့လည်း
ခံစစ်ကလည်း မခိုင်လေတော့
ယိုင်နဲ့နဲ့ပေါ့........................။