Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အိုကွယ် ကံတရားရယ်

ခေါင်း ငိုက် စိုက် ချ ပြီး

နောက်ကျောကိုထိုးမယ့်

ဓား တ လက် အ တွက်

နှလုံးသားကျောက်ပေါ်

ငါကိုယ်တိုင် ဓားသွားတင်ပြီး

မျက်ရည်တွေနဲ့ သွေးနေတယ်

တရှပ်ရှပ်နဲ့ တိုက်စားတဲ့ဓားသွား

နှလုံးသားမှာ တဆစ်ဆစ်နဲ့ပါ

ယိုစီးကျလာတဲ့ မျက်ရည်တွေ

မထူးပေမယ့် ဆန်းပြားတဲ့ဘဝ

မြေ နိမ့် နေ ပါ တယ် ဆို

ထပ်ခါထပ်ခါကျလာတဲ့ လှံသွား

ကံတရာပေါ်ဒူးထောက်ပြီး

လူသားရဲ့သိက္ခာကို ဆည်ယူတော့

ကပ် ပါ လာ တဲ့ သဲ တွေ က

အဆင့်အတန်းကို ခွဲပေးတယ်

ဘာတဲ့ .....အနိမ့်ခံလူသားတဲ့

အ နိမ့် ခံ လူ သား တဲ့ ဗျာ

ကိုယ်တိုင်မရေးတဲ့ဘဝအဘိဓာန်

အဓိပ္ပာယ်တွေမှားယွင်းနေပေမယ့်

ရုန်းကန်ခြင်းနဲ့ ရှင်သန်ခွင့်ရှိလည်း

အများနည်းတူ စာသင်ခန်းလေးထဲ

...... အို ကံ တ ရား ရယ် .......

စာ အံ ချင် သေး တယ် ကွယ် ။






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS