(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
မြန်မာဟာ မြန်မာပါ
Labels:
poem
မင်း ဘာလူမျိုးလည်းလို့ အမေးခံရတိုင်း
ခေါင်းလေးငုံ့ပြီး ဆိတ်ဆိတ်နေတဲ့ ညီငယ်ရေ
ခေါင်းကိုမော့ ရင်ကိုကော့ပြီး ဖြေလိုက်စမ်းပါ
ရွှေမြန်မာ ဆိုတာကိုလေ
ကံခေလို့ အရောင့်လွင့် မှေးမှိန်ခဲ့ပေမယ့်
မြန်မာဟာ ရွှေမြန်မာပါ..............
ညီလေး မင်းဘယ်မြေကို ရောက်ရောက်
ဘယ်ရေကိုပဲ သောက်သောက်
မည်သို့သော စကားကို ဆိုနေဆိုနေ
ညီငယ်လေးရေ မင်းမမေ့လိုက်ပါနဲ့
မင်းဟာ မြန်မာတယောက်ပါပဲ
~~~ဟုတ်တယ်~~~
မြန်မာဟာ မြန်မာပါပဲ ညီလေး.........။
ခေါင်းလေးငုံ့ပြီး ဆိတ်ဆိတ်နေတဲ့ ညီငယ်ရေ
ခေါင်းကိုမော့ ရင်ကိုကော့ပြီး ဖြေလိုက်စမ်းပါ
ရွှေမြန်မာ ဆိုတာကိုလေ
ကံခေလို့ အရောင့်လွင့် မှေးမှိန်ခဲ့ပေမယ့်
မြန်မာဟာ ရွှေမြန်မာပါ..............
ညီလေး မင်းဘယ်မြေကို ရောက်ရောက်
ဘယ်ရေကိုပဲ သောက်သောက်
မည်သို့သော စကားကို ဆိုနေဆိုနေ
ညီငယ်လေးရေ မင်းမမေ့လိုက်ပါနဲ့
မင်းဟာ မြန်မာတယောက်ပါပဲ
~~~ဟုတ်တယ်~~~
မြန်မာဟာ မြန်မာပါပဲ ညီလေး.........။