(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
Showing posts with label ethic. Show all posts
Showing posts with label ethic. Show all posts
လောကဓံတရား(၈)ပါးဆိုတာ
Labels:
ethic
၁။ လာဘော =လာဘ်ရခြင်း တနည်းအားဖြင့် ဆုလာဘ်များရခြင်း၊
၂။ အလာဘော =လာဘ်မရခြင်း တနည်းအားဖြင့် ဆုလာဘ်များမရခြင်း၊
၃။ ယသော = အခြွေအရံများခြင်း၊
၎။ အယသော = အခြွေအရံများမရှိခြင်း၊
၅။ နိန္နံ= ချီးမွမ်းခံရခြင်း၊
၆။ ပသန္နံ= ကဲ့ရဲ့ခံ၇ခြင်း၊
၇။ သုခံ = ချမ်းသာခြင်း၊
၈။ ဒုက္ခံ= ဆင်းရဲခြင်း၊

Read User's Comments(0)
ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးလုပ်ငန်း၏ရည်ရွယ်ချက်များမှာ
Labels:
ethic
၁။ ဆင်းရဲချမ်းသာမရွေး အရေး အဖတ် အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်။
၂။ ပညာသင်ကြားရာ၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်။
၃။ ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး နိုင်ငံအကျိုး သယ်ပိုးလိုသည့်သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်။
၎။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်စေရန်။
၅။ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန် ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်စေရန်။
၆။ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်။ တို့ဖြစ်ပါတယ်။

မိတ်ဆွေမှန်ရဖို့
Labels:
ethic
သုခဖြင့် အရင်းတည်ပြီး မိတ်ဆွေ ကောင်း-မကောင်း မရှာနိုင်ပါ။
ဒုက္ခဖြင့် အရင်းတည်မှသာ မိတ်ဆွေ ကောင်း-မကောင်း သိနိုင်ပါသည်။
သုခတခြမ်းကို ခွဲဝေယူနေသူသည် မိတ်ဆွေ ကောင်း-မကောင်း မဝေခွဲနိုင်သေးပါ။
ဒုက္ခတခြမ်းကို မျှဝေခံစားနေသူသည်သာ မိတ်ဆွေကောင်း ဖြစ်ပါသည်။
ဒုက္ခဖြင့် အရင်းတည်မှသာ မိတ်ဆွေ ကောင်း-မကောင်း သိနိုင်ပါသည်။
သုခတခြမ်းကို ခွဲဝေယူနေသူသည် မိတ်ဆွေ ကောင်း-မကောင်း မဝေခွဲနိုင်သေးပါ။
ဒုက္ခတခြမ်းကို မျှဝေခံစားနေသူသည်သာ မိတ်ဆွေကောင်း ဖြစ်ပါသည်။
လူတယောက်တွင် ရိုးသားမှုရှိ-မရှိ
Labels:
ethic
(၁) အတူတူနေထိုင်ခြင်း၊ ကြာမြင့်စွာနေထိုင်ခြင်းဖြင့်သာ သိနိုင်၏။ ခဏတဖြုတ်ဖြင့် မသိနိုင်ပါ။
(၂) သတိနှလုံးသွင်းကြည့်မှ သိနိုင်၏။ သတိမထား နှလုံးမသွင်းလျှင် မသိနိုင်ပါ။
(၃) ဆင်ခြင်တုံတရားမရှိလျှင် မသိနိုင်ပါ-ဟု ဟောကြားတော်မူခဲ့၏။
( အတူနေကြာ၊ ဆင်ခြင်ပါ၊ ပညာဉာဏ်ဖြင့်ကြည့်။ မကြည်ညိုထိုက်၊ ကြည်ညိုထိုက်၊ တိုက်ရိုက်အမှန်သိ။)

လူမိုက်ဆိုတာ
Labels:
ethic
လူမိုက် ဆို တာက-
၁။ လုပ်လိုက်ကြံ လိုက်ရင် မကောင်းမှု နည်းမှားတွေ ချည်းပဲ
၂။ သူတင် မဟုတ်တာလုပ် တာ- နည်မှား ကြီးကိုလုပ်တာ
မဟုတ် ဖူးသူများတွေ လဲ လိုက်လုပ်ခိုင်းတယ်
၃။ အဲဒိ နည်မှားကြီး ကို အမြတ်တနိုးတန် ဖိုး ထားနေတယ်
၎။ အကျိုးအကြောင်းနဲ့  မှား နေပါတယ်ပြောရင် စိတ်ဆိုးကြတယ်၊
ပြေူာတဲ့ သူ ကို ရန် ရှာတယ်။ ဒီတော့ နောက်ဆုံးဘာဖြစ်လဲ —
အ၀ီစိမှာမဟုတ်လား၊ သူတင် မဟုတ် သူ့  အပေါ်င်းအပါတွေ
အများ ကြီး အဲဒီမှာ…။
ဒီနေရာမှာဘုရားအလောင်းတော် အကိတ္တိ ရသေ့ ဆုတောင်းခဲ့
ပုံ ကို ကြည့်ပါ—
၁။ လူမိုက် ကို မမြင်မတွေ့ ၊မကြား ရပါစေနဲ့ 
၂။ မလွှဲသာလို့ မြင်တွေ့ ရလို့ ရှိရင် — လူမိုက်နဲ့  မဆက်ဆံ ပါရစေနဲ့ 
၃။ မလွှဲသာလို ဆက်ဆံရရင် —- လူမိုက် ကို အာပေးမှု၊ ထောက်ခံ မှု
မလုပ် ပါရစေ နဲ့။
(အကိတ္တိ ရသေ့ ဆုတောင်း ပုံ)
လူမိုက်ကို မပေါင်းနဲ့  လို့ ပဲ မင်္ဂလသုတ် မှာသိခဲ့ တာ၊ခု အ ကိတ္တိရသေ့
ဆုတောင်းကို ကြည့်တော့ လူမိုက်ဟာ ဘယ်လောက် ကြောက်ဖို့
ကောင်းတယ်၊ အန္တရယ်ရှိ တယ် ဆို တာပိုထင်ရှားပါတယ်။ ဒါကြောင့်
ဒကာ၊ ဒကာမတွေ အနေနဲ့  ဘ၀ပျက် ဆီး ကြောင်း နည်းမှားတွေ
ကို နည်းမှန် လမ်းမှန် အနေနဲ့ လွယ်လွယ်ကူကူ ပျော်ပျော် ပါးပါး
စည်းစည်းရုံးရုံး သူများလုပ်တိုင်း လိုက် မလုပ်မိဖို့  နဲ့  အမှား ကို
မှား ကြောင်း တင်ပြလာရင် ကျေးဇူးတင်ဝမ်းမြောက်နိုင်ရ မယ်ဆို
တာဒီတရားကို နာပြီး၊ သင်ခန်းစာယူကြပါ။
(စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက
ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာအရှင်ဥာဏိဿရ၊ ဟောကြားတော်မူသော -
"လူမိုက်တို့ ၏သွားရာလမ်း” တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်။ —

ကိုယ်တိုင် ဖြေသင့်တဲ့ မေးခွန်း
Labels:
ethic
၁.
ကိုယ်ကျင့်တရားဆိုတာ ဘာလဲ။ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့
ဘာလို့လိုအပ်တာလဲ။ ဘာကြောင့် ကိုယ်ကျင့်တရားကို လောကပါလ တရားလို့
သတ်မှတ်ရတာလဲ ။
၂. ကိုယ်ကျင့်တရား အကောင်းနဲ့ ကိုယ်ကျင့်တရားအဆိုး ဆိုတာ ဘာတွေလဲ ။
၃. ကိုယ်ကျင့်တရားကောင်းဖို့ ဘာတွေ လိုအပ်လဲ။ ကိုယ်ကျင့်တရား ဆိုးဖို့ရော ဘာတွေလိုအပ်လဲ ။
၎. ကိုယ်ကျင့်တရားကောင်းဖို့လိုတာ ဘာကြောင့်လဲ ။
၅. ကိုယ်ကျင့်တရားကောင်းလို့ လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ ။
၆. ကိုယ်ကျင့်တရားဆိုးရင်ရော လောကီ၊ လောကုတ္တရာ၊ လူမှုအသိုင်းအ၀ိုင်း နဲ့ သမိုင်းကြောင်းမှာ ရော ဘာကောင်းကျိုးရလဲ ။

လိုက်နာသင့်သော ကိုယ်ကျင့်တရားများ
Labels:
ethic
၁။ လူတစ်ယောက်ရဲ့ဘ၀ ကောင်းခြင်း၊ မကောင်းခြင်းဟာ သူရဲ့စိတ်နဲ့
ကိုယ်ကျင့်တရားပေါ်မှာပဲ ရပ်တည်တယ်။ အခြားဘာဆိုတာနဲ့မှ ပတ်သက်စရာမရှိဘူး။
၂။ ဘ၀ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဟာ ကိုယ်ကျင့်တရားဆိုတာမသိထားကြလို့ လူတွေဟာ အောင်မြင်သူနည်းလှတယ်။
၃။ ကြီးမားခိုင်ခံ့တဲ့ ကိုယ်ကျင့်တရားဟာ ရိုးစင်းသေးငယ်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်လေးတွေက ပေါက်ဖွားလာတာဖြစ်တယ်။
၎။ ကိုယ်ကျင့်တရားကောင်းကို ဘယ်ကုသိုလ်ကောင်းမှုကမှ လိုက်မမီဘူး။
၅။ လူငယ်တစ်ယောက်ကို ပညာသင်ပေးနေရခြင်းဟာ သူပညာတက်ဖို့ထက် စာရိတ္တပြုပြင်ဖို့သာဖြစ်တယ်။
၆။ သူတစ်ပါး ကိုယ်ကျင့်တရားတွေ၊ ပြုပြင်ပေးချင်တဲ့ စိတ်ရှိရင် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ကိုယ်အရင်ဆုံးခိုင်မာအောင်ပြင်ပါ။
၇။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားက ဖြစ်ချင်ရာမဖြစ်ရ၊ ဖြစ်သင့်တာပဲဖြစ်ရပါမယ်။
၈။ အသက်ရှင်နေထိုင်ခြင်းမှာ အသက်ရှူရန်နှင့် စားသောက်ရန်အတွက်သာမဟုတ်ဘဲ အမြဲတစေပဲ ကိုယ်ကျင့်တရားကို မွေးဖွားပြုစုရမှာဖြစ်တယ်။
၉။ စိတ်ထားညံ့ပြီး ကိုယ်ကျင့်တရားပျက်တဲ့သူဟာ ကိုယ်လုံးတီး လမ်းလျှေက်တဲ့လူထက် ပိုပြီး ရှက်ဖွယ်လိလိ။
၁၀။ အရာရာတိုင်းရဲ့ သော့ချက်ဟာ ကိုယ်ကျင့်တရားပဲ။ အဲဒီသော့သာကိုင်ထား၊ လိုတာတွေ အကုန်ဖွင့်ယူလို့ရတယ်။
၁၁။ လူတစ်ယောက်ဒုက္ခရောက်ခြင်းဟာ ကံမကောင်းလို့ထက် အကျင့်မကောင်းလို့ဖြစ်မှာ။
၁၂။ အကျင့်မကောင်းသူမှန်သမျှ ကိုယ်အင်္ဂါစုံပြီး တောင့်တင်းချောမောလှပပေမယ့် ဒုက္ခိတတစ်ယောက်သာဖြစ်တယ်။
၁၃။ စိတ်ချမ်းသာရင် ကိုယ်ကျန်းမာတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားပျက်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနေတဲ့သူဟာ အကုသိုလ်လည်း ချမ်းသာပြီးရင်း ချမ်းသာနေလိမ့်မယ်။
၁၄။ ကိုယ်ကျင့်တရားဆိုတဲ့ အဓိပ္ပာယ်က ရှင်းရှင်းကလေးပါပဲ။ ကိုယ်ကျင့်တဲ့တရားမို့ ကိုယ်ကျင့်တရားလို့ဆိုတယ်။ သူများကျင့်တဲ့တရားက ကိုယ်ကျင့်တရားဖြစ်မလာဘူး။
၁၅။ ကောင်းတဲ့ အကျင့်ကို အတုယူပါ။ မကောင်းတဲ့ အကျင့်ကို မပြုမူပါနဲ့။
၁၆။ ဘယ်နေရာကိုပဲရောက်ရောက်၊ ဘာဒုက္ခပဲတွေ့တွေ့၊ ဘယ်လိုလူနဲ့ ဆုံဆုံ၊ အသက်ထက် ကိုယ်ကျင့်တရားကိုစောင့်ရှောက်ပါ။
၁၇။ ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ တော်တော်နဲ့မသေဘူးတဲ့။ ဘုန်းကြီးလို့အသက်ရှည်သတဲ့။ အချို့ဆို သေကိုမသေဘူးတဲ့။ လူကိုမမြင်တာပဲရှိသတဲ့။
၁၈။ ဒုက္ခဆိုတာ ကိုယ်ကျင့်တရားကောင်းတဲ့သူဆီလည်း အ၀င်အထွက်ရှိတာပဲ။ သူလာလည်တဲ့အခါ ကိုယ်ကျင့်တရား နေမကောင်းမဖြစ်ရန် အရေးကြီးတယ်။
၁၉။ နာမည်၊ ခန္ဓာကိုယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ၊ ဆွေမျိုးဉာတိထက် အဖိုးတန်ဆုံးအရာကတော့ ကိုယ်ပိုင်ကိုယ်ကျင့်တရားပဲ။ ကောင်းနိုင်သမျှ တန်ဖိုးမြင့်တယ်။
၂၀။ ကိုယ်ကျင့်တရားထက်ပိုပြီး အရေးကြီးတာဘာများရှိသေးလို့လဲ။
၂၁။ ကိုယ်ကျင့်တရားကောင်းသောသူဟာ သေခြင်းကို ဂရုစိုက်စရာမလိုဘူး။
၂၂။ အရွယ်(၃)ပါးထိန်းသိမ်းရမှာက ပထမအရွယ်- ကိုယ်ကျင့်တရား၊ ဒုတိယအရွယ်-ပိုမိုတည်ငြိမ်တဲ့ ကိုယ်ကျင့်တရား၊ တတိယအရွယ် - ဘ၀ပြတ်နိုင်တဲ့ကိုယ်ကျင့်တရား။
၂၃။ ကိုယ်ကျင့်တရားကို မွေးမြူတတ်ဖို့လိုတယ်။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်ဖို့က ပိုပြီးလိုတယ်။ ကိုယ်ကျင့်တရားကို မြှင့်တင်တတ်ဖို့က သာ၍လိုတယ်။

လူသားတိုင်း စောင့်စည်းသင့်သော ကျင့်ဝတ် (ငါးပါးသီလ)
Labels:
ethic
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။))
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။))
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သူ့အိမ်ယာလည်း မပြစ်မှားဘဲ အမြဲရှောင်ကြဉ်မည်။))
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။))
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
((သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။))

ဇာတက ဇာတ်တော်လာ မင်းကျင့်တရား (၁၀) ပါး (ရာဇဓမ္မ)
Labels:
ethic
ပါဋိ
၁။ ဒါန
၂။ သီလ
၃။ ပရိစာဂ
၎။ အဇ္ဖ၀ံ
၅။ မဒ္ဒ၀ံ
၆။ တပံ
၇။ အကောဇံ
၈။ အ၀ိဟိံသံ
၉။ ခန္တီ
၁၀။ အ၀ိရောဓနံ
၁။ ရက်ရောမှု လွပ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း။
၂။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း။
၃။ တိုင်းသူပြည်သားများ၏ ဘ၀သက်သာချောင်ချိရေးအတွက် မိမိ၏ကိုယ်ကျိုးအတ္တကို စွန့်လွတ်အနစ်နာခံခြင်း။
၎။ ရိုးသားဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း။
၅။ ကြင်နာသနားတတ်ခြင်း။
၆။ တိုင်းသူပြည်သားများအားကျလောက်အောင် မိမိ၏ ဘ၀အနေအထိုင်ရိုးသားခြင်း။
၇။ အမျက်ဒေါသကင်းစင်ခြင်း။
၈။ အကြမ်းမဖက်ခြင်း။
၉။ သည်းခံတတ်ခြင်း။
၁၀။ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့်ညီညွတ်မှုကို မြှင့်တင်ခြင်း။

ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈) ပါးသော ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်
Labels:
ethic
၁။ ရှိဦးစွာ ရတနာသုံးပါးအား မမိမလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ရန်တပါး။
၂။ မိဘဆရာသမားရို့၏ဆုံးမသြဝါဒကို မြီဝယ်မကျမှတ်သားနာယူ ကျင့်သုံးစောင့်ယှောက်ရန်လည်း တပါး။
၃။ မိမိရို့၌မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်များကို ပါယ်ယှားရန်လည်း တပါး။
၎။ ပညာသိပ္ပ တတ်မြောက်စီရန်ကြိုးစားအားထုတ်လျှက် သင်အံလေ့လာရန်လည်း တပါး။
၅။ အသက်သိက္ခာကြီးရင့်သောသူရို့နှင့် မိဘ၊ ဆရာ၊ ရီမြီအသျှင်
ဘုရင်မင်းမြတ်ရို့အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို
အထူးယှောင်ကြည်ရန်လည်း တပါး။
၆။ မိမိကိုယ်ကို ပညာနှင့်ပေါင်းယှဉ်လျှက် လောဘ၊ ဒေါသ၊ မောဟစသော မကောင်းသောဆန္ဒများကို ပယ်ယှားခြင်းသည်လည်း တပါး။
ရ။ ငါးပါးသီလကို စောင့်ယှောက်ပြီးလျှင် မိမိရို့အားလျှော်စွာ အလှူဒါနကုသိုလ်များကို နိညမပြတ် စိုက်ပျိုးရခြင်းသည်လည်း တပါး။
၈။ လောက၌ သူတပါးရို့အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊
ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ယှားပြီး
စိတ်ကြည်လင်စွာဖြင့် မိတ္တာတရားကိုရှိထားလျှက် သဘောဖြောင့်မတ်စွာဖြင့်
နီရခြင်းသည်လည်း တပါး။
၉။ ထို့အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကို
ပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော
ပညာဟိပုဂ္ဂိုလ်များအား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းသည်လည်း
တပါး။
၁၀။ ၎င်းမိတ်ကျွမ်းဝင်သော ပုဂ္ဂိုလ်ရို့၌ ပညာဖြင့်ပေါင်းဖော်ပြီးလျှင်
တရားလက်လွတ်လျှက် ကျင့်ဝတ်တရား မှောက်မှားသောသူရို့သည် လောကတွင်
သတ္တဝါရို့၌လည်း အကျိုးစီးပွါးမဟိ၊ သံသရာ၌လည်း အကျိုးမဟိသောသူများကို
ဝီးစွာရန်သူကဲ့သို့ မိမိစိတ်၌ထားပြီး ယှောင်ကြည်ရခြင်းသည်လည်း တပါး။
၁၁။ သူတပါး ဥစ္စာပစ္စည်းများကို ခိုးယူခြင်းမှလည်းကောင်း၊ သူတပါးသားမယားရို့အား လွန်ကျူးခြင်းမှ အထူး ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၁၂။ မိမိအား သူတပါးရို့သည် လွန်ကျူးခြင်းဖြင့် ကြိမ်းမောင်းငြားသော်လည်း
မျက်မာန်ဒေါသတိထိန်းချုပ်လျှက် သည်းခံခြင်းဖြင့် ယှောင်ကြဉ်ရခြင်းသည်လည်း
တပါး။
၁၃။ လူရို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုဆိုအပ်သော လက္ခဏာရေးသုံးပါးကို
အလေ့အလာအားဖြင့် အခါခါအောက်မိပြီး မိမိခန္ဓာကိုယ်ကို ပညာမျက်စိဖြင့်
ကြည့်ရှုဆင်ခြင်ဆုံးမကာ တပြောင်းပြန်ပြန် စက်အဟန်သို့ ဖြစ်ပျက်နီခြင်းကို
ဒုက္ခတရားဖြင့်သိမြင်ကာ ကြောက်ရွံထိတ်လန့်စီရန် ရှာမှီးရခြင်းသည်လည်း တပါး။
၁၄။ ထို့အပြင် လောဘ၊ ဒေါသ၊ မောဟဟုဆိုအပ်သော စိတ်ဆင်ရိုင်းကို နိညမပြတ်
ယိုင်ကျေးစီခြင်းငှာ ပညာဖြင့် ထိန်းသိမ်းစောင့်ယှောက်လျှက်
ငြိမ်သက်တည်တံ့စွာဖြင့် နီရခြင်းသည်လည်း တပါး။
၁၅။ ထို့ပြင် အမိ၊ အဘရို့အား ချစ်ခင်မြတ်နိုးပြီးလျှင် ဘုရားတဆူ၊
ဂူတလုံးကဲ့သို့ နိညမပြတ် အရိုအသေ အလေးအမြတ် ရှိခိုးဦးတင်လျှက်
ပြုစုလုပ်ကျွေး မွီးမြူရခြင်းသည်လည်း တပါး။
၁၆။ ထို့အပြင် မိမိရို့ ဆွီမျိုးညာတိရို့၌ သက်ကြီးရွယ်အိုရို့အား အရိုအသေ အလေးအမြတ်ပြု လုပ်ဆောင်ရွက်ခြင်းသည်လည်း တပါး။
၁၇။ ထိုမှတပါး အရပ်လေးမျက်နှာမှ ရောက်လာကုန်သော ရဟန်း၊ ပုဏ္ဏားစသည်ရို့တွင်
အဝတ်အစားရိက္ခာ ချို့တဲ့သော ပုဂ္ဂိုလ်များအား
ကောင်းမွန်စွာပီးကမ်းထောက်ပံ့ခြင်းဖြင့် ကုသိုလ်ဥစ္စာထုပ်ကို
သိုမှီးပြုလုပ်ရခြင်းသည်လည်း တပါး။
၁၈။ ထို့အပြင် လယ်လုပ်၊ ကုန်သွယ်၊ ကုန်ရောင်း၊ ကုန်ဝယ်၊ ဖောက်ကား
ပြုလုပ်ကုန်သောသူရို့၌ မိမိ လုပ်ကိုင်လျှက်ဟိသော အလုပ်ရို့တွင် နိညမပြတ်
အစီးအပွါးတွက်ချက်ပြီး မယုတ်မလျှော့စီအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း
တပါး။
၁၉။ ထိုသို့လုပ်ကိုင်ခြင်းမှ စောင့်ယှောက်ပြီးလျှင် အစာရိက္ခာရို့ကို
ပြည့်ဝှမ်စွာ ကျီကျရို့ဖြင့်သိုမှီး၍ ဆွီမျိုးရို့အား
ထောက်ပံ့မစရခြင်းသည်လည်း တပါး။
၂၀။ ထိုသို့ထုံးနည်းရို့ကို ပညာဟိတိထံ ချဉ်းကပ်ပြီး သူရို့အားထောက်ပံ့ကာ သင်ယူမှတ်သားရခြင်းသည်လည်း တပါး။
၂၁။ ဆရာထံမှရသော ထုံးနည်းများကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားနာယူပြီး သူ့ကျေးဇူးကို သိရခြင်းသည်လည်း တပါး။
၂၂။ ၎င်းအပြင် ဖိုး၊ ဖီး၊ စိုင်ဆက် မိမိရို့မျိုးရိုးမှ ဆင်းသက်လာသော
ဓမ္မတာကျင့်ရိုးများကို မဖောက်မပြန် ကျင့်သုံးစောင့်ယှောက်ရခြင်းသည်လည်း
တပါး။
၂၃။ အစဉ်တရားစောင့်ယှောက်ခြင်းဖြင့် အိမ်ထောင်ပြုရာတွင် ရှိသူဟောင်း
သက်ကြီးဝါကြီးရို့၏ ထုံးနည်းနာများကိုယူဆောင်၍ ပြုလုပ်ရခြင်းသည်လည်း တပါး။
၂၄။ တပါးသောအမျိုးရို့က လှည့်ပတ်ဖြားယောင်သော်လည်း
မိမိရို့မျိုးရိုးဇာတိများ မပျောက်ပျက်စီရန် ရဲဝံ့စွာ အဝီးမှ
ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၂၅။ နိုင်ငံတော်ဝယ် အတတ်ပညာလုံခြုံစွာ မတတ်သူရို့အား တစုံတခုသော
လူမှုအိမ်ထောင်စီးပွါးဆောင်ရန် ပေါင်းဖော်ခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း
တပါး။
၂၆။ တစုံတခုသော အတတ်ပညာမဟိသောသူရို့အား ညဥ့်မှောင်မသိ၊
ကြက်မျက်အိပ်သောသူရို့နှင့် အလားတူဘိသကဲ့သို့  လူမှုစီးပွါးဆောင်ခြင်းကို
ယှောင်ကြဉ်ခြင်းသည်လည်း တပါး။
၂၇။ အိမ်ထောင်သားမွီးပြုလုပ်ရာ၌ လူမှုရေးကိစ္စအ၀၀ကို ကျီပွန်စွာ နားလည်လိမ္မာသိတတ်ခြင်းဖြင့် ပြည့်စုံရခြင်းသည်လည်း တပါး။
၂၈။ ထိုသို့ သိတတ်ပြီးမှ အိမ်ထောင်သားမွီးရာဝယ် ကြံစည်တွက်ဆလုံ့လထုတ်ကာ စီးပွါးချမ်းသာခြင်းဖြင့် ပြည့်စုံရခြင်းသည်လည်း တပါး။
၂၉။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားများကို ထိန်းချုပ်လျှက် သူတပါးက
မကောင်းသောဆန္ဒဖြင့် ပျက်စီးစီရန် နည်းပီးသော်လည်း မိမိက
ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၀။ မိဘရို့၏ကျေးဇူးတရားသည် မြင့်မိုရ်တောင်နှင့်နှိုင်းဆငြားသော်လည်း
အတိုင်းမသိ ကြီးမားသော ကျေးဇူးတရားပင်တည်းဟု ဖန်တလဲလဲ
အောက်မိသတိရခြင်းသည်လည်း တပါး။
၃၁။ အသင့်ပေါင်းဖက်ကုန်သော သားမယား၊ မြီး၊ မြစ်၊ ဆွီမျိုး၊ ကျေးကျွန်စသည်များကို စောင့်ယှောက် ထောက်ပံ့ရခြင်းသည်လည်း တပါး။
၃၂။ လူပယ်၊ လူပြက်ရို့က ကဲ့ရဲ့ကတ်သော်လည်း ဝမ်းထဲသံဝေဂစိတ်ဖြင့်ဖြေလျှက် ထိုသူရို့အား ဝီးစွာယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၃။ လူကောင်းရို့က ချီးမွမ်းခြင်းဖြစ်စီရန် ဆွီမျိုး၊ ခင်ပွန်း၊
အခြံရံသင်းပင်းရို့အား ချစ်ပန်းဖြင့် မပျက်စီခြင်းငှာ
စောင့်ယှောက်ရခြင်းသည်လည်း တပါး။
၃၄။ အိမ်ထောင်စီးပွါးသိုမှီးရာတွင် မြီအိုး၊ မြီခွက်များဖြင့် တံစက်ရီကို
ခံယူဘိသကဲ့သို့လည်းကောင်း၊ ခြကောင်ရို့သည် မိမိ၏ပါးစဖြင့် ကိုက်ချီယူလျှက်၊
တောင်ပို့ပြုလုပ်သကဲ့သို့လည်းကောင်း၊ စီးပွါးဥစ္စာကို ကောင်းစွာလုံစွာ
စုဆောင်းရခြင်းသည်လည်း တပါး။
၃၅။ လူရို့၌ ပညာ၊ ဝီရိယဖြင့် မြဲမြံခိုင်မာစွာ ကြံဆောင်လုပ်ဆောင်ရခြင်းသည်လည်း တပါး။
၃၆။ ထိုသို့လုပ်ကိုင်ရာတွင် သေသပ်စွာသော ယောက်ျားမြတ်ရို့လုပ်ကိုင်ခြင်းသည်
မိမိထင်မှတ်သည့်အတိုင်း ပြည့်ဝစွာ ချမ်းသာစီးပွါးပြုခြင်းသည်လည်း တပါး။
၃၇။ ထို့ပြင် ပညာချို့တဲ့သောသူရို့၌ လုံ့လမဲ့မှု၊ အများသူရို့၏ကဲ့ရဲ့ပြစ်တင်မှုကို ခံနိုင်ရခြင်းသည်လည်း တပါး။
၃၈။ ကိုယ်ကိုမချစ်၊ အကျင့်စာရိတ္တပျက်စီးခြင်းဖြင့် လူသွမ်းရို့က
မည်ကဲ့သို့မသိ၊ ပျင်းရိရိနှင့် ကြမ္မာပိုက ငါရို့နီရာ စီးပွါးလာအံ့ဟု
ကြမ္မာကို ယိုးစွပ်လျှက်နီခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၉။ နိုင်ငံတော်၌ သူဌီး၊ သူကြွယ်၊ ကုန်သွယ်လယ်လုပ်ရို့က
သူတပါးမှီခိုရာဖြစ်သည့် လက္ခဏာသည်ကား အလွန်အရိပ်အာဝါသကောင်းသော
ပြိုင်ညောင်ပင်ကြီး၏လက္ခဏာနှင့် အလားတူ ဖြစ်စီရခြင်းသည်လည်း တပါး။
၄၀။ ထိုပြိုင်ညောင်ပင်ကြီး၏သဘောသည် လမ်းခရီး၌ လားလာသူအပေါင်းအား
အရိပ်ခိုအောင်းရာဖြစ်သကဲ့သို့၊ ထိုနည်းတူစွာ လူသုံးပါရို့
မှီခိုချမ်းသာရစီရန် နီထိုင်ဆောင်ရွက်ရခြင်းသည်လည်း တပါး။
၄၁။ ပြိုင်ညောင်ပင်ကြီး၏ အသီးအပွင့်ရို့ကို မှီခိုလာသော ငှက်အပေါင်းသည်
သာယာအီးချမ်းစွာ စားသောက်ရသကဲ့သို့ ငါရို့အမျိုးလေးပါး
မှီခိုစားသောက်ခြင်း၌ ချမ်းသာသုခပြည့်စုံစီရန် ဆောင်ရွက်ရခြင်းသည်လည်း
တပါး။
၄၂။ သူဆင်းရဲရို့သည် သူဌီး၊ သူကြွယ် အသီးသီး ညာတိသင်္ဂဟများအား မှီခိုလျှက် လုပ်ကိုင်စားသောက်ရစီရန်လည်း တပါး။
၄၃။ မှီခိုလုပ်ကိုင်သူများအား စောင့်ယှောက်သူရို့က သွန်သင်ပြောဆိုရာတွင်
သူတပါးရို့ ချစ်မြတ်နိုးစိမ့်သောငှာ သာသာချိုချိုပြောဆို၍
စောင့်ယှောက်ရခြင်းသည်လည်း တပါး။
၄၄။ ကြမ်းတမ်းယုတ်မာစွာ ပညာမဲ့စောင့်ယှောက်ခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၄၅။ မိမိ၌ မှီခိုသူရို့အား လောကဝတ်ထိုက်သည့်အားလျှော်စွာ ပြည့်ဝစီ၍ အမှုခပ်သိမ်းများကို ဆောင်ရွက်ထိန်းသိမ်းရခြင်းသည်လည်း တပါး။
၄၆။ သူစိမ်းသူပျက်ပင်ဖြစ်သော်လည်း မှီခိုနီသူရို့အား စောင့်ယှောက်ရာတွင် မိဘသဖွယ် သာသာကြည်ကြည် စောင့်ယှောက်ခြင်းသည်လည်း တပါး။
၄၇။ မိမိရို့၌ ဆွီရင်း၊ သားမြီး၊ ကျေးကျွန်သင်းပင်းရို့အား
ပျော်ပျော်ပါးပါးဖြစ်စီရန် နှုတ်ချိုသာစွာဆုံးမလျှက် အဝတ်အစား
ပီးကမ်းဆောင်ရွက်ပြီးလျှင် မညှိုးမနွမ်းစီရန် မွီးမြူရခြင်းသည်လည်း တပါး။
၄၈။ ရက္ခိုင်မျိုးရိုးများ၌ အစိုင်ဆင်းသက်လျှက် ကျင့်သုံးဆောက်တည်ရကုန်သော
ပညတ်တရားများကို မမိမလျော့ဘဲ စောင့်ယှောက်ရခြင်းသည်လည်း တပါး။
အထက်ဖော်ပြပါ ရက္ခိုင်မဟာရာဇဝင်တော်လာဖြစ်သည့် ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ်
(၄၈) ဖြာကို စာရှုသူများ ဖတ်ရှုခြင်းဖြင့် ရက္ခိုင်လူမျိုးရို့၏
ယိုင်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကျင့်ဝတ်များကို သိဟိကာ လောကီ၊လောကုတ္တရာ
နှစ်ဖြာသောကောင်းကျိုး တိုးတက်ကြီးပွါးနိုင်ကတ်ပါစီဟု လေ့လာမှတ်သားကာ
ရွီးသားဖော်ပြလိုက်ရပါသည်။
ပဉ္စဂုဏံ အဟံဝန္ဒာမိ သဗ္ဗဒါ။
(သန္တာမြီ မောင်သော်တာ)
ကျမ်းကိုးစာရင်း
၁။ ကွယ်လွန်သူ ရက္ခိုင်ရာဇဝင်ဆရာကြီး ဦးဦးသာထွန်း (မြောက်ဦး) ၏ ဟောပြောချက်များ။
၂။ ရက္ခိုင်ရှိဟောင်း ဂါထာမန္တန်ထူးများ (အသျှင်ဝါသဝ)
-------------
ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော တပ်မတော်သား ကျင့်ဝတ်
Labels:
ethic

(ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၂၉ သောကြာနေ့တွင်
ပြည်သူ့တပ်မတော်သားများ လိုက်နာကျင့်ကြံရမည့် စည်းကမ်းချက်များကို
ချမှတ်ပြဋ္ဌာန်း လိုက်နာကျင့်သုံး ဆောင်ရွက်စေခဲ့သည်)
(၁) ပြည်သူအပေါင်းတို့အား အရာရှိအရာမဲ့၊ လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊
လူမျိုးမရွေး ဘာသာမရွေး ဆက်ဆံတတ်ပါစေ။ ဖော်ရွေကြပါ။ ယဉ်ကျေးကြပါ။
ကိုယ့်အမှား မရှိပါစေနှင့်။ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။
(၂) ကိုယ်နှင့်မဆိုင်သော အခြားသူတို့၏ အလုပ်များကို အနှောင့်အယှက်
မပြုပါနှင့်။ သို့သော် ကိုယ့် ၀တ္ထရား အချိန်အပတွင် မည်သူကိုမဆို အထူးသဖြင့်
လူအို၊ ကလေး၊ မိန်းမ၊ ဆင်းရဲသားတို့ကို ကူညီနိုင်သမျှ ကူညီပါ။ ကူညီရာတွင်
တရားနည်းလမ်းကျပါစေ။
(၃) ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့တပ်တွင်းသော်
လည်းကောင်း၊ ပြင်ပသော် လည်းကောင်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ။
၎င်းတို့အား အစ်ကိုကြီးများက ညီငယ်များကို အလိုလိုက် သကဲ့သို့
အလိုလိုက်ကြပါ။ ၄င်းတို့ကပင် ဆိုးစေကာမူ သည်းခံနိုင်အောင် ကြိုးစားကြပါ။
၎င်းတို့၏ ဘာသာစကား အလေ့အထ၊ အယူဝါဒ ထုံးစံများကို ရိုသေလေးစားပါ။ ၄င်းတို့၏
အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း ပြောဆိုခြင်း ဝတ်စားခြင်း နေထိုင်ခြင်း
အစရှိသည်များကို မကဲ့ရဲ့ပါနှင့်။ မပြောင်လှောင်ပါနှင့်။
မနှောင့်ယှက်ပါနှင့်။ ၄င်းတို့ မခံချင်သည့် အပြောအဆို အသုံးအနှုံးမျိုးကို
ရှောင်ပါ။ ၄င်းတို့ကို ကူညီနိုင်လျှင် ကူညီပါ။

(၄) ရဲဘော်စိတ် အချင်းချင်းထားကြပါ။ တပ်မှူးက တပ်သားများကို လေးစားပါ၊
ချစ်ခင်ပါ၊ စောင့်ရှောက်ပါ။ တပ်မှူးထက် အသက်ကြီးသော တပ်သားများကို
လေးစားစွာခေါ်ပါ၊ တာဝန်အပြင်အပတွင် ရဲဘော်ချင်း ဆက်ဆံသကဲ့သို့ ဆက်ဆံပါ။
အချင်းချင်းလည်း တစ်ဦးကို တစ်ဦးပဲ့ပြင်ပါ။ ကူညီပါ၊ မတတ်သူကို တတ်သူက
ကူညီပါ။ အလုပ်မပြီးသူကို ပြီးသူက ကူညီပါ။ အကျင့်မကောင်းသူကို ကောင်းသူက
ကူညီပါ။ ရဲဘော်မတရား ဒုက္ခရောက်လျှင် ကူပါ။ ရဲဘော်ဖျားနာလျှင် ကူပါ။
အားမဲ့နေသော ရဲဘော်ကို ပစ်မထားပါနှင့်။ ရဲဘော် အချင်းချင်း မြို့သားတောသား
ပညာတတ်မတတ် အစရှိသဖြင့် အထင်မသေးပါနှင့်။ တစ်ဦးကို တစ်ဦး ကူညီပါ။ တစ်ဦးထံမှ
တစ်ဦး သင်ယူကြပါ။ ရှက်စရာ မရှိ။ တပ်မှူးထံမှာလည်း တပ်သားများက သင်ရမည်။
တပ်သားများ ထံမှ တပ်မှူးများက သင်ရမည်။ တစ်ဦးနှင့် တစ်ဦး အရာရာမှာ အပေးအယူ
ရှိရမည်။
(၅) အကျင့်စာရိတ္တ ကောင်းကြပါ။ အရက်သေစာ သောက်စားမူးယစ်၍
လူမြင်ကွင်းတွင် တပ်မတော် နာမည်ပျက်စရာ အလုပ်များ မလုပ်ပါနှင့်။
မိန်းမလိုက်စား၊ သုံးမရသည့် တပ်မတော် မဖြစ်ပါစေနှင့်။ မိန်းမမြင်လျှင်
ထိန်းမရသိမ်းမရ ရမ်းကားသော တပ်မတော် မဖြစ်ပါစေနှင့်။ သူတပါး ပစ္စည်းများကို
လုယက် ခိုးယူခြင်း မပြုပါနှင့်။ လူများအပေါ် မတရား အာဏာမပြပါနှင့်။

(၆) ဆန္ဒအားကြီးအောင် ကြိုးစားကြပါ။ အမောခံနိုင်အောင်
အပင်ပန်းခံနိုင်အောင် အငတ်ခံနိုင်အောင် အဆင်းရဲခံနိုင်အောင်
အနိုင်မခံရအောင် အရှုံးမပေးရအောင် ဆန္ဒအားများကြပါ။ တတ်နိုင်သမျှ ရိုးရိုးနေ
ရိုးရိုးကျင့် မြင့်မြင့်ကြံကြပါ။ အရက် ဆေးလိပ် မိန်းမ စည်းစိမ်များ
ရှောင်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင် သည့်အခါ စိတ်ကို
ထိန်းသိမ်းနိုင်ပါစေ။ ကိုယ်နှုတ်ကို ထိန်းသိမ်းနိုင်ပါစေ။
သံယောဇဉ် မှန်သမျှ ဖြစ်တောက်နိုင်ရမည်။ ငါတို့သည် သားမယား
ဆွေမျိုး မိဘများကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ရန် ကြိုးစားမည်။
၎င်းတို့အား လေးစားချစ်ခင်ကြခြင်းမှာလည်း နည်းမှန်ပင် ဖြစ်သည်။ သို့သော်
၎င်းတို့တွယ်တာမှုကြောင့် ငါတို့ အလုပ်တာဝန်ကြီးကို မထိခိုက်ပါစေနှင့်။
၎င်းတို့အား ရက်စက်စွန့်ခွာ ရမည့် အခါမျိုးတွင် စွန့်ခွာ၍ တာဝန်ကို
ထမ်းဆောင်ရန် အသင့်ရှိရမည်။
(ပြည်သူ့တပ်မတော်သားတိုင်း လိုက်နာကျင့်သုံးရန် ဖြစ်သည်)
တပ်နှင့်ပြည်သူ ကျင့်ဝတ်(၆၀)
Labels:
ethic
ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါး
၁။ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ။
၂။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။
၃။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ။ ရေလို/လလိုကျင့်ပါ။
၎။ ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။
၅။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း မထီမဲ့မြင်ပြုခြင်း စော်ကားမော်ကားပြုခြင်း ဆဲရေးတိုင်းထွာခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှ င့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။
၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။
၇။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။
၈။ ပြည်သူလူထုကိုဦးစားပေးပါ။ မိမိမှ အခွင့်အရေးပိုမယူပါနှင့်။
၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။
၁၀။ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။
လက်အောက်ငယ်သားများအပေါ်ပြုကျင့် ရမည့် ကျင့်ဝတ်(၅)ပါး
၁။ ငယ်သားများအား ကျောသားရင်သားမခွဲခြားပဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ပါ။
၂။ ငယ်သားများအား စံနမူနာကောင်းပြပါ။ အနစ်နာခံ၍ မှန်ကန်စွာခေါင်းဆောင်ပါ။
၃။ ငယ်သားများ၏ တင်ပြချက်များကို အရေးတယူမှတ်သား နားထောင်ပါ။
၎။ ငယ်သားများအပေါ် သစ္စာစောင့်သိ၍ အပြည့်အ၀ယုံကြည်အားကိုပါ။
၅။ ငယ်သားများ၏သက်သာချောင်ချိရေး ပျော်ရွှင်ရေး ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါ။
အကြီးအကဲများပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါး
၁။ အကြီးအကဲများ၏ အမိန့်ကိုတိကျစွာလိုက်နာပါ။ သွက်လက်ဖျတ်လတ်စွာ နာခံပါ။
၂။ အကြီးအကဲများကို ချစ်ကြည်လေးစားပါ။
၃။ အထက်ကပေးအပ်သော တာဝန်ကို ကြည်သူရွှင်ပျစွာ ကျေပွန်အောင်ထမ်းဆောင်ပါ။
၎။ သင်ကြားပေးသည့် အတတ်ပညာကို ဆည်းပူးသင်ယူပါ။
၅။ အကြီးအကဲများကို ကိုယ့်ဆရာသမားအဖြစ် အမြဲသဘောပိုက်ပါ။
၆။ အကြီးအကဲများအပေါ်တော်တည့်မှန်ကန်စွာ သစ္စာစောင့်ပါ။
၇။ ဆုံးမနာယူလွယ်တတ်ပါစေ။
၈။ အကြီးအကဲများသည် မိမိထက်ကြီးလေးသော တာဝန်ကိုထမ်းဆောင်နေကြရသူများ ဖြစ်ကြောင်း အစဉ်အသိအမှတ်ပြုပါ။
၉။ မည်သည့် ကိစ္စမဆို အကြီးအကဲထံ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ တင်ပြပါ။
၁၀။ အကြီးအကဲများသည် ကျောသားရင် မခွဲခြားပဲ မိမိတို့၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက် နေကြောင်း အမြဲသတိပြုပါ။
အခြားရဲဘော်များအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀)ပါး
၁။ ရဲဘော်စိတ်မွေး၍ ကိုယ်ချင်းစာပါ။
၂။ ရဲဘော်အချင်းချင်းအပေါ် သစ္စာစောင့်သိပါ။
၃။ ရဲဘော်အချင်းချင်း အသက်ပေးဆောင်ရွက်ရသူများဟုမှတ်ပါ။
၎။ ရဲဘော်အချင်းချင်းမကောင်းမှုကို တားမြစ်ပါ။ ကောင်းမှုကို တိုက်တွန်းပါ။
၅။ ရဲဘော်အချင်းချင်း တိုင်ကြားသက်သေခံရာတွင် အမှန်အတိုင်း ထွက်ဆိုပါ။
၆။ ရဲဘော်အချင်းချင်း အေးအတူ ပူအမျှ အားအကိုးရဆုံးဟု မှတ်ပါ။
၇။ ခိုက်ရန်ဒေါသဖြစ်ခြင်းကို ရှောင်ကြဉ်ပါ။
၈။ ရဲဘော်အချင်းချင်း အခက်အခဲမှတ်သမျှကို မိမိတတ်စွမ်းသရွေ့ ကူညီပါ။
၉။ စစ်ပညာတတ်ကျွမ်းနားလည်စေရန် အချင်းချင်း သင်ကြားပြသပေးပါ။
၁၀။ တည်းခိုရာ၌ စည်းကမ်းရှိပါ။ တည်းခိုရာနေရာများကို သန့်သန့်ရှင်းရှင်းထားခဲ့ပါ။ နောက်ထပ်လာရောက်တည်းခိုမည့် ရဲဘော်များကို ထောက်ထားပါ။
ရန်သူအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၅) ပါး
၁။ စစ်မြေပြင်တွင် ရန်သူကို နေလို/မီးလိုကျင့်ပါ။
၂။ ရန်သူကို ရန်သူလိုသဘောထားပါ။
၃။ ရန်သူက အညံ့ခံလျှင် မိမိက ခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံပါ။
၎။ ရန်သူကို အထင်လည်းမကြီး အထင်လည်းမသေးမိစေရန် သတိပြုပါ။
၅။ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရန်သူကို မတိုက်လျှင် မဖြစ်၍သာ တိုက်နေရကြောင်း နားလည်ပါစေ။
စစ်သည်တော်တစ်ဦးချင်းပြုကျင့်ရ မည့် ကျင့်ဝတ် (၂၀) ပါး
၁။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါ။
၂။ နိုင်ငံတော်၏တရားဥပဒေများကို လိုက်နာစောင့်ထိန်းပါ။
၃။ တို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပါ။
၎။ စွမ်းရည်သုံးရပ်ထက်မြက်အောင် အစဉ်ကြိုးစားပါ။
၅။ စစ်စည်းကမ်းကို တိကျစွာ လိုက်နာပါ။
၆။ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါ။
၇။ လုံ့လ ၀ိရိယရှိပါ။
၈။ ကျန်းမာအောင် နေပါ။ သန်စွမ်းအောင်လေ့ကျင့်ပါ။
၉။ မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ။ မိမိကိုယ်ကို အားကိုးယုံကြည်ပါ။
၁၀။ ဘေးအန္တရာယ်ကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့်ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။
၁၁။ စစ်မှုကိစ္စများတွင် နှုတ်လုံပါ။ နှုတ်ကြောင့်သေတတ်သည်ကို သတိပြုပါ။
၁၂။ စစ်သားကောင်းတစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံပြီး တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ပါ။
၁၃။ အမျိုးသားရေးကို ဦးစားပေးပါ။
၁၄။ တပ်တွင်း စည်းလုံးညီညွှတ်ရေးကို တည်ဆောက်ပါ။
၁၅။ ပါးစပ်ကသာ တိုင်းပြည်ကိုမချစ်ဘဲ အလုပ်ဖြင့် တိုင်းပြည်ကိုချစ်ပါ။
၁၆။ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးပြေပြစ်ပါစေ။
၁၇။ မိန်းကလေးများနှင့် ကင်းကင်းရှင်းရှင်းနေပါ။
၁၈။ မူးယစ်ဆေးဝါး သုံးစွဲခြင်း အရက်သေစာ သောက်စားခြင်းနှင့် လောင်းကစားခြင်း ရှောင်ပါ။
၁၉။ တံစိုးလက်ဆာင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါ။
၂၀။ ရိုးရိုးပဲနေထိုင်စားသောက်ပါ။ ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေ ညီပါစေ။
၁။ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေပါ။
၂။ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ
၃။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ။ ရေလို/လလိုကျင့်ပါ။
၎။ ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပါ။
၅။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း မထီမဲ့မြင်ပြုခြင်း စော်ကားမော်ကားပြုခြင်း ဆဲရေးတိုင်းထွာခြင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှ
၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။
၇။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။
၈။ ပြည်သူလူထုကိုဦးစားပေးပါ။ မိမိမှ အခွင့်အရေးပိုမယူပါနှင့်။
၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။
၁၀။ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။
လက်အောက်ငယ်သားများအပေါ်ပြုကျင့်
၁။ ငယ်သားများအား ကျောသားရင်သားမခွဲခြားပဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ပါ။
၂။ ငယ်သားများအား စံနမူနာကောင်းပြပါ။ အနစ်နာခံ၍ မှန်ကန်စွာခေါင်းဆောင်ပါ။
၃။ ငယ်သားများ၏ တင်ပြချက်များကို အရေးတယူမှတ်သား နားထောင်ပါ။
၎။ ငယ်သားများအပေါ် သစ္စာစောင့်သိ၍ အပြည့်အ၀ယုံကြည်အားကိုပါ။
၅။ ငယ်သားများ၏သက်သာချောင်ချိရေး ပျော်ရွှင်ရေး ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါ။
အကြီးအကဲများပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါး
၁။ အကြီးအကဲများ၏ အမိန့်ကိုတိကျစွာလိုက်နာပါ။ သွက်လက်ဖျတ်လတ်စွာ နာခံပါ။
၂။ အကြီးအကဲများကို ချစ်ကြည်လေးစားပါ။
၃။ အထက်ကပေးအပ်သော တာဝန်ကို ကြည်သူရွှင်ပျစွာ ကျေပွန်အောင်ထမ်းဆောင်ပါ။
၎။ သင်ကြားပေးသည့် အတတ်ပညာကို ဆည်းပူးသင်ယူပါ။
၅။ အကြီးအကဲများကို ကိုယ့်ဆရာသမားအဖြစ် အမြဲသဘောပိုက်ပါ။
၆။ အကြီးအကဲများအပေါ်တော်တည့်မှန်ကန
၇။ ဆုံးမနာယူလွယ်တတ်ပါစေ။
၈။ အကြီးအကဲများသည် မိမိထက်ကြီးလေးသော တာဝန်ကိုထမ်းဆောင်နေကြရသူများ ဖြစ်ကြောင်း အစဉ်အသိအမှတ်ပြုပါ။
၉။ မည်သည့် ကိစ္စမဆို အကြီးအကဲထံ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ တင်ပြပါ။
၁၀။ အကြီးအကဲများသည် ကျောသားရင် မခွဲခြားပဲ မိမိတို့၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက် နေကြောင်း အမြဲသတိပြုပါ။
အခြားရဲဘော်များအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀)ပါး
၁။ ရဲဘော်စိတ်မွေး၍ ကိုယ်ချင်းစာပါ။
၂။ ရဲဘော်အချင်းချင်းအပေါ် သစ္စာစောင့်သိပါ။
၃။ ရဲဘော်အချင်းချင်း အသက်ပေးဆောင်ရွက်ရသူများဟုမှတ်ပ
၎။ ရဲဘော်အချင်းချင်းမကောင်းမှုကို တားမြစ်ပါ။ ကောင်းမှုကို တိုက်တွန်းပါ။
၅။ ရဲဘော်အချင်းချင်း တိုင်ကြားသက်သေခံရာတွင် အမှန်အတိုင်း ထွက်ဆိုပါ။
၆။ ရဲဘော်အချင်းချင်း အေးအတူ ပူအမျှ အားအကိုးရဆုံးဟု မှတ်ပါ။
၇။ ခိုက်ရန်ဒေါသဖြစ်ခြင်းကို ရှောင်ကြဉ်ပါ။
၈။ ရဲဘော်အချင်းချင်း အခက်အခဲမှတ်သမျှကို မိမိတတ်စွမ်းသရွေ့ ကူညီပါ။
၉။ စစ်ပညာတတ်ကျွမ်းနားလည်စေရန် အချင်းချင်း သင်ကြားပြသပေးပါ။
၁၀။ တည်းခိုရာ၌ စည်းကမ်းရှိပါ။ တည်းခိုရာနေရာများကို သန့်သန့်ရှင်းရှင်းထားခဲ့ပါ။ နောက်ထပ်လာရောက်တည်းခိုမည့် ရဲဘော်များကို ထောက်ထားပါ။
ရန်သူအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်(၅) ပါး
၁။ စစ်မြေပြင်တွင် ရန်သူကို နေလို/မီးလိုကျင့်ပါ။
၂။ ရန်သူကို ရန်သူလိုသဘောထားပါ။
၃။ ရန်သူက အညံ့ခံလျှင် မိမိက ခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆက်ဆံပါ။
၎။ ရန်သူကို အထင်လည်းမကြီး အထင်လည်းမသေးမိစေရန် သတိပြုပါ။
၅။ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရန်သူကို မတိုက်လျှင် မဖြစ်၍သာ တိုက်နေရကြောင်း နားလည်ပါစေ။
စစ်သည်တော်တစ်ဦးချင်းပြုကျင့်ရ
၁။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပါ။
၂။ နိုင်ငံတော်၏တရားဥပဒေများကို လိုက်နာစောင့်ထိန်းပါ။
၃။ တို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပါ။
၎။ စွမ်းရည်သုံးရပ်ထက်မြက်အောင် အစဉ်ကြိုးစားပါ။
၅။ စစ်စည်းကမ်းကို တိကျစွာ လိုက်နာပါ။
၆။ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါ။
၇။ လုံ့လ ၀ိရိယရှိပါ။
၈။ ကျန်းမာအောင် နေပါ။ သန်စွမ်းအောင်လေ့ကျင့်ပါ။
၉။ မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ။ မိမိကိုယ်ကို အားကိုးယုံကြည်ပါ။
၁၀။ ဘေးအန္တရာယ်ကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့်ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။
၁၁။ စစ်မှုကိစ္စများတွင် နှုတ်လုံပါ။ နှုတ်ကြောင့်သေတတ်သည်ကို သတိပြုပါ။
၁၂။ စစ်သားကောင်းတစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံပြီး တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ပါ။
၁၃။ အမျိုးသားရေးကို ဦးစားပေးပါ။
၁၄။ တပ်တွင်း စည်းလုံးညီညွှတ်ရေးကို တည်ဆောက်ပါ။
၁၅။ ပါးစပ်ကသာ တိုင်းပြည်ကိုမချစ်ဘဲ အလုပ်ဖြင့် တိုင်းပြည်ကိုချစ်ပါ။
၁၆။ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေးပြေပြစ်ပါစေ။
၁၇။ မိန်းကလေးများနှင့် ကင်းကင်းရှင်းရှင်းနေပါ။
၁၈။ မူးယစ်ဆေးဝါး သုံးစွဲခြင်း အရက်သေစာ သောက်စားခြင်းနှင့် လောင်းကစားခြင်း ရှောင်ပါ။
၁၉။ တံစိုးလက်ဆာင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါ။
၂၀။ ရိုးရိုးပဲနေထိုင်စားသောက်ပါ။ ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေ ညီပါစေ။
သူတော်ကောင်း တို့ ကျင့်ဝတ်
Labels:
ethic
(လူသားအားလုံး ငြိမ်းချမ်းဖို့ စိတ်ကောင်းမွေးဖို့ကြိုးစားစို့)
အချိန်မရွေး စိတ်ကောင်းမွေး
နေရာမရွေး စိတ်ကောင်းမွေး
အရွယ်မရွေး စိတ်ကောင်းမွေး
ပုဂွိုလ်မရွေး စိတ်ကောင်းမွေး
စိတ်ကောင်းမွေးဘို့် ပထမ
စိတ်ကောင်းမွေးဘို့ တစ်ဘဝ
စိတ်ကောင်းမွေးဘို့ ထာဝရ
စိတ်ကောင်း ရှိမှ နုတ်ကောင်းရ
စိတ်ကောင်းရှိမှ ကိုယ်ကောင်းရ
စိတ်ကောင်းရှိသာ မင်္ဂလာ
နုတ်ကောင်းရှိသာ မင်္ဂလာ
ကိုယ်ကောင်းရှိသာ မင်္ဂလာ
စိတ်ကောင်းတခု ရှိအောင်ပြု
ပြည့်မှု မင်္ဂလာ အရာရာ
ကိုယ်နုတ်စိတ်ပါ ယဉ်ကျေးသာ
ပြည့်မှာ မင်္ဂလာ အရာရာ
ဘယ်သူတရား ပျက်ပျက်ကိုယ် မပျက်နဲ့
သူမကောင်းလည်း ကိုယ်ကောင်းပါ
သူကကောင်းလည်း ကိုယ်ကောင်းပါ
အရာရာကို အရှူံး ပေးက နှလုံးအေး၏။
အညံ့ပန်း(ပတ္တာမြားမြေ)
အချိန်မရွေး စိတ်ကောင်းမွေး
နေရာမရွေး စိတ်ကောင်းမွေး
အရွယ်မရွေး စိတ်ကောင်းမွေး
ပုဂွိုလ်မရွေး စိတ်ကောင်းမွေး
စိတ်ကောင်းမွေးဘို့် ပထမ
စိတ်ကောင်းမွေးဘို့ တစ်ဘဝ
စိတ်ကောင်းမွေးဘို့ ထာဝရ
စိတ်ကောင်း ရှိမှ နုတ်ကောင်းရ
စိတ်ကောင်းရှိမှ ကိုယ်ကောင်းရ
စိတ်ကောင်းရှိသာ မင်္ဂလာ
နုတ်ကောင်းရှိသာ မင်္ဂလာ
ကိုယ်ကောင်းရှိသာ မင်္ဂလာ
စိတ်ကောင်းတခု ရှိအောင်ပြု
ပြည့်မှု မင်္ဂလာ အရာရာ
ကိုယ်နုတ်စိတ်ပါ ယဉ်ကျေးသာ
ပြည့်မှာ မင်္ဂလာ အရာရာ
ဘယ်သူတရား ပျက်ပျက်ကိုယ် မပျက်နဲ့
သူမကောင်းလည်း ကိုယ်ကောင်းပါ
သူကကောင်းလည်း ကိုယ်ကောင်းပါ
အရာရာကို အရှူံး ပေးက နှလုံးအေး၏။
အညံ့ပန်း(ပတ္တာမြားမြေ)
လူမှု ကျင့်ဝတ်၊ မချွတ် မှန်စွာ၊ ကျင့်ဆောင်ရာ
Labels:
ethic
သားသမီး ကျင့်ဝတ်
ကျွေးမွေး မပျက်၊ ဆောင်ရွက် စီမံ၊ မွေခံ ထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေ မျိုးနွယ်၊ ဝတ်ငါးသွယ်
ကျင့်ဖွယ် သားတို့ထာ။
မိဘ ကျင့်ဝတ်
မကောင်းမြစ်တား၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေ နှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင် မယ်တို့ထာ။
တပည့် ကျင့်ဝတ်
ညီညာ ထကြွ၊ ဆုံးမနာယူ၊ လာမူ ကြိုဆီး၊ ထံနီး လုပ်ကျွေး၊ သင်ကြွေး အံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။
ဆရာ ကျင့်ဝတ်
အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာ အပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။
မိတ်ဆွေ ကျင့်ဝတ်
ပေးကမ်း ချီးမြှင့်၊ ကိုယ်နှင့် ယှဉ်ထား၊ စီးပွား ဆောင်ရွက်၊ နှုတ်မြွတ် ချိုသာ၊ သစ္စာ မှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ
အကြီးအကဲ ကျင့်ဝတ်
ထကြွ နိုးကြား၊ သနား သည်းခံ၊ ဝေဖန် ထောက်ရှု၊ ဤခြောက်ခု၊ ကြီးသူ ကျင့်ဝတ်သာ
လင် ကျင့်ဝတ်
မထီမဲ့ကင်း၊ အပ်နှင်း ဥစ္စာ၊ မိစ္ဆာ မမှား၊ ၀တ်စား ဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
မယား ကျင့်ဝတ်
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ် သေချာ၊ မိစ္ဆာ ကြဉ်ရှောင်၊ လျော်အောင် ဖြန့်ချိ၊ ပျင်းရိ မမူ ၀တ်ငါးဆူ
အိမ်သူ ကျင့်အပ်စွာ။

Subscribe to:
Posts (Atom)