Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

တောင်းဆုပြုတယ် သူငယ်ချင်း

သူငယ်ချင်း နှစ်သစ်မှာ
ပု ခုံး နှစ် ဖက် ကြား
ခေါင်းပေါက်တာခြင်းအတူတူ
ဂုတ်ပေါ်ခွစီးခံရခြင်းမှ
ကင်း ဝေး ပါ စေ ။

သူငယ်ချင်း နှစ်သစ်မှာ
နှာေ ခါ င်း ဝ က
အသက်ရှူတာခြင်းအတူတူ
မျက် ခုံး မွှေး ပေါ်
စင်္ကြန်လျှောက်ခံရခြင်းမှ
ကင်း ဝေး ပါ စေ ။

သူငယ်ချင်း နှစ်သစ်မှာ
ထ မင်း စား ပြီး
လူဖြစ်တာခြင်းအတူတူ
ကတုံးပေါ်ထိပ်ကွက်ခံရခြင်းမှ
ကင်း ဝေး ပါ စေ ။

သူငယ်ချင်း နှစ်သစ်မှာ
ခြေထောက်နှစ်ချောင်းပေါ်
ရပ်တည်ရခြင်းအတူတူ
လှည့်ဖြားလိမ်ညာခံရခြင်းမှ
ကင်း ဝေး ပါ စေ ။

သူငယ်ချင်း  နှစ်သစ်မှာ
ပျော် ရွှင် ခြင်း ဆို တဲ့
အ သီး အ ပွင့် တွေ
ဖူး ပွင့်ဝေ ဆာ ပြီး
အောင်မြင်ခြင်းဆိုတဲ့
ပန်း တိုင် သစ် ဆီ သို့
အရောက်တက်လှမ်းနိုင်ပါစေ ။

သူငယ်ချင်း ဒီနှစ်ဟာ
နှစ် သစ် အ တွက်
အားအင်ဖြစ်ထွန်းပြီး
နှစ်ဟောင်းက သင်ခန်းစာ
အကောင်းအဆိုးတွေကို
နှစ်သစ်မှာ အသုံးချနိုင်ပါစေလို့
တောင်း ဆု ပြု ပါ တယ် ။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS