(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
နောင် တ
Labels:
poem
နားလည်မှု့နဲ့ ချမှတ်ထားတဲ့
လူ ကျင့် ဝတ် ဘောင် ကို
တစ် ခါ တစ် လေ ပါ လို့
မှား နေ မှန်း သိ သိ ကြီး နဲ့
ရယ်မောသံနဲ့အတူ ရှေ့တိုးမိလို့
နောင်မှရခဲ့တဲ့ နောင်တအတွက်
သူများတံတွေးခွက်တွေမှာ
အမှားတစ်ခုအတွက် လက်ပစ်ကူး
နောင်တတွေကို ပင့်သက်ရှိုက်ပြီး
မျက်စိရှေ့က အိပ်ဆေးပုလင်းရယ်
ထုတ်တန်းက ကလေးပုခတ်ကြိုးရယ်
ပိုးသတ်ဆေး ပုလင်းတွေက
မင်းထွက်ပေါက်ပါလို့ မြူသံပေးတယ် ။
နောင်မှရတဲ့ နောင်တတွေကိုရင်မှာထွေး
နောက်ဆုံး ဆုံးဖြတ်ချက်က
င့ါညီလေး ငါ့ညီမလေးတွေ
ငါ့လိုမဖြစ်ရအောင် ပညာပေးဖို့
နောက်ဆုံးအပြုံးတွေကို အလှဆုံးပြုံးပြီး
အမှားတစ်ခုရဲ့ ရင့်ကျက်မှု့တွေနဲ့
ပညာပေးစင်မြင့်ပေါ်သို့ တက်လှမ်းရင်း
ငါ့လိုအမှား သူတို့မမှားရအောင်
ဟောပြောမိပါတော့တယ် ။
လူ ကျင့် ဝတ် ဘောင် ကို
တစ် ခါ တစ် လေ ပါ လို့
မှား နေ မှန်း သိ သိ ကြီး နဲ့
ရယ်မောသံနဲ့အတူ ရှေ့တိုးမိလို့
နောင်မှရခဲ့တဲ့ နောင်တအတွက်
သူများတံတွေးခွက်တွေမှာ
အမှားတစ်ခုအတွက် လက်ပစ်ကူး
နောင်တတွေကို ပင့်သက်ရှိုက်ပြီး
မျက်စိရှေ့က အိပ်ဆေးပုလင်းရယ်
ထုတ်တန်းက ကလေးပုခတ်ကြိုးရယ်
ပိုးသတ်ဆေး ပုလင်းတွေက
မင်းထွက်ပေါက်ပါလို့ မြူသံပေးတယ် ။
နောင်မှရတဲ့ နောင်တတွေကိုရင်မှာထွေး
နောက်ဆုံး ဆုံးဖြတ်ချက်က
င့ါညီလေး ငါ့ညီမလေးတွေ
ငါ့လိုမဖြစ်ရအောင် ပညာပေးဖို့
နောက်ဆုံးအပြုံးတွေကို အလှဆုံးပြုံးပြီး
အမှားတစ်ခုရဲ့ ရင့်ကျက်မှု့တွေနဲ့
ပညာပေးစင်မြင့်ပေါ်သို့ တက်လှမ်းရင်း
ငါ့လိုအမှား သူတို့မမှားရအောင်
ဟောပြောမိပါတော့တယ် ။