Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

သူငယ်ချင်းထံသို့

 
ဘဝရဲ့လိုအပ်ချက်အတွက်

မျှော်လင့်ချက်ပန်းတိုင်ဆီသို့

ဦးတည်ချက်တွေနဲ့စီးဆင်းကြတော့

ပန်း တိုင် ရဲ့ ကမ်း ပါး တွေ က

ငါ တို့ နှစ် ယောက် ရဲ့ ကြား မှာ
 
စာမလာသတင်းမကြားအောင်

စည်းအထပ်ထပ်နဲ့ ခြားနားခဲ့တယ်

ပြတ်တောက်သွားတဲ့ နေ့စွဲတွေက

မနေ့တနေ့ကသာဆိုတယ်

ဒိုင် ယာ ယီ ထဲ မှာ တော့

မှင်စက်တွေကအေးခဲလုပြီ

တကယ်ဆို သတိရရုံဆိုတာထက်

ငယ်သံယောဇဉ်လေး မအေးခဲဖို့

အတွေးနယ်ထဲ ဆုတောင်းရုံကလွဲပြီး

ဘာ များ တတ် နိုင် မှာ တဲ့ လဲ ။

ဖြူစင်တဲ့မျက်ဝန်းအကြည့်တွေ

ကိုယ့် အ ကြောင်း နဲ့ ကိုယ်

အရောင်ပြောင်းတက်ခဲ့ပေမယ့်

အ ဖြူ အ မည်း တွဲ လျှက်

ဓါတ် ပုံ ဟောင်း လေး က တော့

ကလေးဘဝကလို အရင်အတိုင်းပါပဲ ။

သတိရတယ် သူငယ်ချင်းရယ်

အရောင်ပြောင်းတဲ့ သံယောဇဉ်ကြောင့်

အလွမ်းတွေ ပန်းနှရောင်သန်းလုလု

သတိရခြင်းနဲ့အလွမ်းပန်းတွေ

ရင်ခွင်ထဲ ပင်လုံးကျွတ်ဝေတော့

ပူဆွေးခြင်းတွေ တစ်ပွင့်ခြင်းချွေချမိတာ

နေ့စဉ်နေ့တိုင်းပါပဲ သူငယ်ချင်းရယ် ။

ရေမြေရပ်ခြား ကွဲပြားနေလည်း

ဘဝဇာတ်ခုံတွေထဲ သဏ္ဌန်လုပ်ရင်း

ငယ်ငယ်တုန်းက ပြောခဲ့ဖူးသလိုပဲ

ငါတို့တစ်နေ့နေ့ ပြန်ဆုံမယ်ဟာ ။
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS