အရိုးကင်ဆာ ရောဂါသည် ပျံ့နှံ့လွယ်သော ရောဂါဖြစ်
အရိုးကင်ဆာသည် သွေးမှ အခြား နေရာများသို့ အလွန် ပျံ့နှံ့လွယ်သော ရော၈ါ
ဖြစ်ပြီး အရိုးကင်ဆာ ရောဂါခံစားရသူ၏ ၂ဝ ရာခိုင်နှုန်းသည် ရောဂါဖြစ်ကြောင်း
သိချိန်တွင် အဆုတ်သို့ ပျံ့နှံ့နေပြီဖြစ်ကြောင်း သိရသည်။ အရိုးကင်ဆာကြောင့်
သေဆုံးသူ၏ ၉ဝ ရာခိုင်နှုန်းတွင် အဆုတ်၊ အခြားအရိုးနှင့် ဦးနှောက်သို့
ပျံ့နှံ့နေသည်ကို တွေ့ရကြောင်း၊ ရောဂါဖြစ်ကြောင်း သိချိန်တွင် အဆုတ်သို့
ပျံ့နှံ့နေပါက ခြောက်လအတွင်း သေဆုံးနိုင်ကြောင်း အသိ နောက်ကျခြင်းကြောင့်
သေဆုံးမှုနှုန်း အလွန်မြင့်မားကြောင်း ၁ဝ ရာခိုင်နှုန်းခန့်သာ ငါးနှစ် အထိ
အများဆုံး နေနိုင်ကြကြောင်း အထူး ကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။
အရိုးကင်ဆာသည် အလျင်အမြန် ကြီးထွားလာသော အလုံးအကျိတ်ဖြစ်ပေါ် လာတတ်သည်။
နာကျင်မှုသည် အစပိုင်းတွင် နာလိုက် ပျောက်လိုက်ဖြစ်ပြီး နောက်ပိုင်းတွင်
အပြင်းအထန် နာကျင်တတ်သည်။ အလုံးအကျိတ်ကိုလည်း လက်နှင့်စမ်း၍ ရနိုင်သည်။
အဆစ်နားတွင်ဖြစ်ပါက အဆစ်၏လှုပ်ရှားနိုင်မှု လျော့နည်းသွားနိုင်သည်။
ကင်ဆာအများစု၏လက္ခဏာများ အတိုင်းမအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ ပိန်
သွားခြင်းများကိုခံစားရမည်ဖြစ်သည်။ ယင်းရောဂါကို စောစီးစွာသိရှိပါက
ကင်ဆာဖြစ်သော အရိုးကို ခွဲစိတ်ဖြတ် တောက်ခြင်း၊ ဓာတ်ကင်ခြင်း၊ ကင်ဆာ
ဆေးများပေးခြင်းဖြင့်ကုသနိုင်ကြောင်းသိရ သည်။