(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ပန်း တိုင် သို့
Labels:
poem
မလျှောက်လှမ်းနိုင်ရမှာလည်း
ပန်း တိုင် ရှိ နေ မှ တော့
ရောက်အောင်လှမ်းရမှာပေါ့
မီး ပင် လယ် တွေ
လှိုင်းထန်နေစေအုံးတော့
ငါ့ မာ န လှေ အောက်
ရောက်ကိုရောက်ရမှာပေါ့
ဓါး တောင် တွေ
ပိတ်ဆို့နေစေအုံးတော့
ငါ့လုံးလ ခြေအောက်
ဖဝါအောက်မှာ ပြားပြားဝပ်စေ
ငုတ်မိမှတော့ သဲကိုင်စေမယ်
တက်ခဲ့မှတော့ အဖျားထိလှမ်းမယ်
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ခူး
သာမာန်လူ မထူးသော်လည်း
ငါလိုလူ ဒီဇဗ္ဗူမှာရှိသေးလားလို့
ခေါင်းကိုမော့ ရင်ကိုကော့ပြီး
ဘယ်ညာလက်ခမောင်းခက်အံ့
ဟဲ့ ကံကြမ္မာဆိုး ရှောင်တော့
ငါ့လုံးလမာနဓါးသွားအောက်
အသက်မပျောက်ခင်
မမြင်ကွယ်ရာကိုရှောင်တော့ကွာ ။