Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

မာလာလာယူ ဆက်ဖ်ဇာအီ သို့

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုနဲ့

တေ့လွဲလေး လွဲခဲ့ရလို့

အားမလျော့နဲ့ မိန်းမပျိုငယ်

အမျိုးသမီးနဲ့ကလေးငယ်များ 


ပညာသင်ကြားရေးအတွက်

ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တဲ့ မင်းအတွက်


စစ်ဘီလူး မီးကျဉ်ဖူးက

ဦးညွှတ်ခဲ့ပြီးပါပြီ ။

အားမတန်လို့ မာန်လျော့တဲ့

ကျောက်ခေတ်က အယူတွေကို

ဒီန့မှာ မင်းလိုမိန်းကလေးက

ခေတ်တခေတ်ရဲ့ သမိုင်းအတွက်

မှတ်ကျောက်ဖြစ်ခဲ့ပြီပေါ့

ဦးမော့တဲ့ခြေလှမ်းတွေ 

အနာဂါတ်ရဲ့ စာမျက်နှာမှာ

မင်းအစွမ်းက တာထွက်နေပါပြီ

မင်းအတွက် ငါ့ရင်မှာဖြစ်တဲ့

အသည်းတဖဲ့စာနဲ့ ထုထွင်းအပ်တဲ့

ထူးချွန်တဲ့ဆု နိုဘယ်လ်ရုပ်ထု

နှင်းအပ်ချင်ရဲ့ လက်ခံယူလော့

အိုကွယ် အာဂအမျိုးသမီးငယ်

လက်ခံယူလော့ကွယ် ။

(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS