(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
အာ ရှ ကျား
Labels:
poem
လာကြဟေ့ တို့ညီအကို
လာကြဟေ့ တို့ညီအမ
စည်းလုံးကြလော့
သူတစ်ခါ ငါတစ်လှည့်
ပြည်အကျိုး သယ်ပိုး
အရေးကြီး သွေးနီးကြမယ်
လှမ်းလာခဲ့လေ သူငယ်ချင်း
အတူလက်တွဲ ရှေ့ဆက်ရအောင်
ပြီးခဲ့သမျှကို တွေဝေမနေပဲ
တောက်ပတဲ့ အာရုဏ်ဦးကို
တွဲလက်ညီညီ လျှောက်လှမ်းကြမယ်
အကြောင်းမညီ ကံခေလို့
မွဲခဲ့ရပေမယ့် နောင်တချိန်မှာ
ငါတို့ဟာ အာရှကျားပါ......
ကျားတကောင်ရဲ့ အားမာန်
လင်းရုံငှက်ရဲ့ တောင်ပံတစ်စုံနဲ့
ကောင်းကင်သစ်ဆီ
တိုးလို့တိုးလို့ ချီတက်
လွတ်လက်ခြင်း အသီးအပွင့်တွေ
ခွဲဝေစားသုံးရအောင်
အချိန်မနှောင်းခင်
ခရီးနှင် ရှေ့ဆက်ရအောင်
လှမ်းလာခဲ့လေ သူငယ်ချင်း
တချိန်မှာ ငါတို့ဟာအာရှကျားပါ
...ဟုတ်တယ်...
ငါတို့ဟာ အာရှကျားပါ......
လာကြဟေ့ တို့ညီအမ
စည်းလုံးကြလော့
သူတစ်ခါ ငါတစ်လှည့်
ပြည်အကျိုး သယ်ပိုး
အရေးကြီး သွေးနီးကြမယ်
လှမ်းလာခဲ့လေ သူငယ်ချင်း
အတူလက်တွဲ ရှေ့ဆက်ရအောင်
ပြီးခဲ့သမျှကို တွေဝေမနေပဲ
တောက်ပတဲ့ အာရုဏ်ဦးကို
တွဲလက်ညီညီ လျှောက်လှမ်းကြမယ်
အကြောင်းမညီ ကံခေလို့
မွဲခဲ့ရပေမယ့် နောင်တချိန်မှာ
ငါတို့ဟာ အာရှကျားပါ......
ကျားတကောင်ရဲ့ အားမာန်
လင်းရုံငှက်ရဲ့ တောင်ပံတစ်စုံနဲ့
ကောင်းကင်သစ်ဆီ
တိုးလို့တိုးလို့ ချီတက်
လွတ်လက်ခြင်း အသီးအပွင့်တွေ
ခွဲဝေစားသုံးရအောင်
အချိန်မနှောင်းခင်
ခရီးနှင် ရှေ့ဆက်ရအောင်
လှမ်းလာခဲ့လေ သူငယ်ချင်း
တချိန်မှာ ငါတို့ဟာအာရှကျားပါ
...ဟုတ်တယ်...
ငါတို့ဟာ အာရှကျားပါ......