Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ဇွဲကပင်တောင်ခြေမှာ ကြွေတဲ့အသဲ

အမှတ်တမဲ့ပါ
တကယ်ကိုအမှတ်တမဲ့လေးပါ
တဒင်္ဂအချိန်အတွင်းမှာ
အမှတ်တရတွေဖြစ်စေဖို့
ရွှန်းလဲ့လဲ့ မျက်ဝန်းတစ်စုံကို
မက်မောစွဲလန်းခဲ့မိလို့
ဇွဲကပင်တောင်ခြေရင်းမှာ
လူမသိသူမသိလိုက်ပါပဲ
ချစ်ခြင်းတွေကို မြုတ်နှံမိတယ်
ပိုးကရင်မလေးရယ် ။...

မင်းနှုတ်ခမ်းပွင့်ဖတ်လွှာနဲ့
အပြုံးတစ်စအောက်မှာ
ငါ့နှလုံးသားနဲ့ အသဲစိုင်တွေ
နိုးထရှင်သန်လာမိတယ်
မုသားမဲ့တဲ့စကားလုံးအလှကို
ဓါးသွားထက်က ပျားရည်စက်လို
ခုံမင်စွာ စားသောက်မိလို့
အသဲတစ်ညှာက မင်းခြေနင်းမှာ
တွယ်ကပ်နေရပြီပေါ့
ပိုးကရင်မလေးရယ် ။

ဒီမီးတောက်ကိုမွှေးခဲ့တာ
နွေးထွေးစေခဲ့ဖို့ပါ
အသဲတခြမ်းမီးထဲပါတာ
ကိုယ်မှ မသိလိုက်တာ
အခုတော့ အငဲဆိုသလို့
အချစ်က ခါး..ခါးလို့
ဘယ်ဖက်ရင်အုံအောက်က
နှလုံးသားကိုသာသာလေးဖိပြီး
ဆွေးနေရပြီ ပိုးကရင်မလေးရယ် ။


နှလုံးသားနုနုရဲ့ မျက်နှာစာမှာ
မင်းစစ်ကြေငြာခဲ့တာ
ဒဏ်ရာတွေဗလပွနဲ့ပါ
လေအဝှေ့မှာ မြေမခရအောင်
ကုတ်တွယ်နေရတဲ့ ငါ့အသဲညှာက
မခိုင်မခံ့ ယိုင်နဲ့နဲ့ပေါ့
ရှုံးနိမ့်ခြင်း ပက်ကြားအက်ထဲ
ထိုးကျလုလု ငါ့အနာဂတ်နဲ့
အသုံးမဝင်တဲ့မာန တစွန်းတစကို
အဖက်ဆည်ဖို့ အသိညဏ်က
ချစ်ခြင်းရဲ့ ခြေဖျားအောက်
ခခယယနဲ့ မော်ဖူးလျှက်ပါ
ပိုးကရင်မလေးရယ် ။






  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS