Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

အသဲကွဲတဲ့ ကဗျာငယ်

နင်မပါပဲ ငါ့ဘဝကို
ဘယ်လိုလျှောက်လှမ်းရမှာလည်း
ဒီလိုဆိုရင် ငါတို့ဆောက်တည်ခဲ့တဲ့
ငါတို့ရဲ့အိမ်မက်ကလေးတွေကို
ဘယ်ချောင်မှာ သွားထိုးထားရမှာလည်းကွာ ။

နင်ပျော်တယ်ဟုတ်မှတ်လား
နင်ကျေနပ်မယ်ဆိုရင် ငါဝမ်းသာရမှာပါ...
ငါ့မျက်ရည်နဲ့ နင်အသက်ဆက်မယ်ပေါ့
အဟုတ်တကယ်ပဲလား ချစ်သူ
နင်ရှင်သန်ဖို့အတွက်ဆိုရင်
ငါ့ရဲ့အလင်းတွေ ကွယ်သွားပါစေ
မရပ်မနား ငါငိုကြွေးနေပေးပါ့မယ်
နင်ဝမ်းသာစေတော့ကွယ် ။

နင်ပေးခဲ့တဲ့ ဒဏ်ရာများစွာအတွက်
ကြင်နာမယ့် လက်တဖက်ကို
ငါဘယ်တော့မှမရှာဘူး နင်ပေးခဲ့တဲ့
ချစ်ခြင်းရဲ့လက်ဆောင်
ဒဏ်ရာအပိုင်းအစတွေ အားလုံးကို
မပျောက်မပျက် သိမ်းထားချင်လို့လေ ။

နင့်ဆီက အကြင်နာတွေကို
ချိုမြိန်မယ်အထင်နဲ့ စားသုံးခဲ့တာ
အခုမှ ခါးသီးနေမှန်း သိရတယ်
သွားပါတော့ကွာ ထွက်သွားပါတော့
နင်ပျော်မယ်ထင်တယ်မဟုတ်လား
နောက်ကိုလှည့်ကြည့်ပါနဲ့
ငိုကြွေးနေတဲ့ငါ့ကို မင်းမြင်မှာဆိုးတယ်
...........ဒါပေမယ့်...........
ငါတခုတော့ သိချင်မိတယ်
နင်ကျစ်တဲ့ကြိုး ခိုင်ရဲ့လား
တဖက်ကြိုးကရော မြဲမှာတဲ့လား
ဟူးးး ..............ရင်မောတယ်ကွယ်
ဒါပေမယ့် ငါဆုတောင်းပေးလိုက်တယ်
နင်ရွေးတဲ့လမ်း ဖြောင့်ဖြူးစေတော့
ကံကောင်းစေတော့ ချစ်သူ.........။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS