(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ဘ ဝ သ မား လေး
Labels:
poem
ဒုက္ခကို ကာလာချယ် သကာလူးပြီး
ဓါးသွားထက်က ပျားရည်စက်လို
ချိုမြိန်မယ်အထင်နဲ့ ငါစားသုံး
နှဖူးထက်က ချွေးစက်တွေ
ဝမ်းဝရုံကလွဲ ခါးမလှခဲ့ဘူး ။
ကံတရားရဲ့ ရောင်းပန်းမလှတဲ့
ပါးပြင်ထက်က မျက်ဝန်းပြခန်းမှာ
ဘယ်ဖက်နှလုံးအိမ်က ထုပ်လုပ်တဲ့
ကုန်ပစ္စည်းကို မျက်တောင်အောက်မှာ
အစီအရီ ခင်းကျင်းထားတယ်
ရောင်းဝယ်ရေးသမားတွေ
လှည့်မကြည့်ခဲ့ဘူး ။
ငအတယောက်ရဲ့ အတွေးပုံရိပ်
အိမ်မက်တွေကို ပုံဖော်ဖို့
သိုက်စာမကျွမ်းတဲ့ သိုက်ဆရာလို
မပီမသ သိုက်စာရွတ်တယ်
ဘဝသမားတယောက်ရဲ့
နှဖူးကချွေးစက်တွေ မြေမှာခါချ
~~~~ဒါပေမယ့် ~~~~
ဝမ်းစာ စပါးတွေက ရေမဝခဲ့ဘူးဗျာ။
ဓါးသွားထက်က ပျားရည်စက်လို
ချိုမြိန်မယ်အထင်နဲ့ ငါစားသုံး
နှဖူးထက်က ချွေးစက်တွေ
ဝမ်းဝရုံကလွဲ ခါးမလှခဲ့ဘူး ။
ကံတရားရဲ့ ရောင်းပန်းမလှတဲ့
ပါးပြင်ထက်က မျက်ဝန်းပြခန်းမှာ
ဘယ်ဖက်နှလုံးအိမ်က ထုပ်လုပ်တဲ့
ကုန်ပစ္စည်းကို မျက်တောင်အောက်မှာ
အစီအရီ ခင်းကျင်းထားတယ်
ရောင်းဝယ်ရေးသမားတွေ
လှည့်မကြည့်ခဲ့ဘူး ။
ငအတယောက်ရဲ့ အတွေးပုံရိပ်
အိမ်မက်တွေကို ပုံဖော်ဖို့
သိုက်စာမကျွမ်းတဲ့ သိုက်ဆရာလို
မပီမသ သိုက်စာရွတ်တယ်
ဘဝသမားတယောက်ရဲ့
နှဖူးကချွေးစက်တွေ မြေမှာခါချ
~~~~ဒါပေမယ့် ~~~~
ဝမ်းစာ စပါးတွေက ရေမဝခဲ့ဘူးဗျာ။