Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ဒီ ည အ တွက် အိမ် မက် ဆိုး က


ဝမ်းစာရေးအတွက် ကံတရားပေါ်ခြေချလိုက်တာနဲ့
ပုတ်အဲ့အဲ့အနံ့သက်ဆိုးက နှာခေါင်းဝကို
ထိုးနှက်တိုက်ခိုက်တယ် ခေါင်းပေါ်ကသူရိန်နေမင်းကြီး
ဟန်ပါပါမာန်ဝင့်နေပုံက သူ့တာဝန်သူကျေဖို့ထင်ပါရဲ့
ငါ့ဝမ်းထဲမှာတော့ အသူရာတွေစစ်ခင်းနေလျော့လား
ဆာလောင်မှု့တွေက နားထင်မှာလာရိုက်ခတ်တယ်
လေးလံတဲ့မိသားစုတာဝန်ကို ဘယ်သူမှထိုးမပေးပဲ
ငါ့ပခုံးထက်ကို တအိအိ ပြိုဆင်းလာတာ
အိပ်ယာထဲနှစ်ရှည်လများ လဲလျောင်းနဲ့တဲ့
ဖေကြီးကြောင့်လား ဒါမှမဟုတ် တစ်အိမ်တက်တစ်အိမ်ဆင်း
အဝတ်လျှော်ရတဲ့ မေကြီးကဝင်ငွေနည်းခဲ့လို့လာ
သေချာတာကတော့ ကားလမ်းဖက်ကို မျက်နှာမူထားတဲ့
စာသင်ကျောင်းကိုတော့ ငါကျောခိုင်းခဲ့ရတယ် ။

ဒီအချိန်ဆို ငါ့သူငယ်ချင်းတွေမုန့်စားဆင်းချိန်
ဝိုင်းဖွဲ့စားသောက်ရင်းနဲ့ ပြေးလွှားဆော့ကစားနေတာ
ကျောင်းနောက်ခွေးတိုးပေါက်က ငေးမောခဲ့ရတာအကြိမ်ကြိမ်
အဝေးဆီကလွင့်ပျံလာတဲ့ စာအံသံကိုမဝံ့မရဲနဲ့
တီးတိုးခဲ့တာလည်း အဖန်ဖန်ခါခါ ဘဝဆိုတဲ့ဝေါဟာရကို
နာကျင်စွာ တောက်ခေါက်လိုက်တော့မပီမသ
နေပါစေလို့မရှိမဲ့ရှိမဲ့ မာနလေးကို မြေမှာချနင်းလိုက်တော့
ဟောင်လိုက်တဲ့ခွေးကွာ ။

အရပ်ထဲမှာလည်း တံစတ်မြိတ်ကို မဆိုထားနဲ့
အိမ်ရှေသစ်ရိပ်ဝါးရိပ် မနားခိုဝင့်အောင်
ခွေးတကောင်လို့ သူတို့မောင်ထုတ်ကြတယ်
နူရာဝဲဆွဲ လဲကျရာသူခိုးထောင်း မရှိတော့ခိုးနိုးနိုး
မလှတော့ဆိုးနိုးနိုးနဲ့ ငွေစက္ကူတွေကိုသာတန်ဖိုးထားတဲ့
လောကကြီးမှာ ငါ့ဘဝက ကဗျာဆရာတွေအတွက်ကုန်ကြမ်းတခ
ပန်ချီဆရာအတွက် ကောက်ကြောင်းတခုကလွဲကလို့
ဘာဆိုဘာမှ အသုံးမတည့် လက်သီးကိုတင်းတင်းဆုတ်
အံကိုကြိတ် လူမမြင်မှာရင်နာနာနဲ့ မျက်ရည်ချွေဖို့ကြံ
ဒါ ပေ မယ့် လက် ကျန် နှ လုံး သွေး တွေ
ဒီ နေ့ အ တွက် မျက် ရည် မ ဖြစ် လာ ခဲ့ ဘူး ။

ပါးထက်မှစိုရွှဲသော အထိအတွေ့ကြောင့်
ကျွန်တော် အိပ်ယာမှရုတ်တရက်လန့်နိုးလာတယ်
ပါးနှစ်ဖက်မှာမျက်ရည် အရွှဲသားအတိုင်းသား
အလန့်တကြား ဘေးဘီကိုငဲ့ကြည့်မိတော့ ညကမပိတ်မိတဲ့
ကွန်ပြူတာ မှန်သားပြင်ပေါ်က ချာတိတ်ငယ်
မျက်ရည်အတိုင်းသားနဲ့ ဝေဝါးနေတဲ့ သူ့အနာဂါတ်ကို
ငေးမောနေပုံကကျတော်အဖို့ ဒီညအတွက်တော့
အိမ်မက်ဆိုးဆိုးကို မွေးထုတ်လိုက်သလိုပါပဲဗျာ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS