Blogger news

အားလုံးကျန်းမာချမ်းသာကြပါစေ...ဘေးအန္တရာယ်ကင်းကြပါစေ....ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေ....ဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ...... အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ဘဝသမားလေးမှ နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်ခင်ဗျာ အားလုံးကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ်ကင်းကြပါစေဒုက္ခခပ်သိမ်းငြိမ်းကြပါစေ...သောကခပ်သိမ်းကင်းဝေးကြပါစေဒီနေ့ဟာ အနက်ဖြန်အတွက် အင်အားဖြစ်ပါစေ......
ဒီနေ့ဟာ မနက်ဖြန်အတွက် အင်အားဖြစ်ပါစေ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်တဲ့ စစ်သူရဲကောင်းတယောက်ဖြစ်ပါစေ. Powered by Blogger.
RSS

ကျတော်ဟာ လူသားစစ်စစ်ပါ

ဘန်ကောက်မြိုရဲ့ ကုန်တိုက်တခုပေါ်မှာ
မြန်မာစကားသံ သဲ့သဲ့ကြားလို့
ဦးက မြန်မာလားလို့ နှုတ်ဆက်မိတဲ့
ရလဒ်အကျိုးဆက်ဆိုးက
လူပုံအလည် ထွီ..ဆိုတဲ့ အသံနဲ့အတူ
မျက်နှာပေါ် ချွဲကျိကျိအထိအတွေ့နဲ့
 မျက်နှာကို ဓါးနဲ့မွှန်းခဲ့တာ
ကျတော်ဟာ လူသားမဟုတ်လို့လား ။

ကျတော်ဟာ လူသားစစ်စစ်ပါ
မသားနားတဲ့ အခန်းအနားမှာ
ကံကြမ္မာရိုင်းတွေဖရိုဖရဲနဲ့
ဒုက္ခတွေကြား ခက်ခက်ခဲခဲ
ပုခုံးနှစ်ဖက်ပေါ်ကို
ခေါင်းတိုးထွက်လာရတာလွဲလို့
အများနည်းတူ ဇတ်ဆရာရဲ့အလိုကျ
ဖတ်မကောင်းတဲ့ ဘဝရဲ့
သင်ရိုးတမ်းထဲက ဒုက္ခသင်ခန်းစာကို
သမာအာဇီဝကျကျ သင်ယူခဲ့တာပါ
ချစ်ခြင်းမုန်းခြင်းတွေနဲ့ နာကျဉ်ခြင်းတွေ
ခံစားတက်တဲ့ အသွေးအသားတွေနဲ့
နှလုံးသားကို ရင်မှာထွေးပွေ့ထားလျှက်ပါ
ဂုဏ်ဓနမဲ့တာကလွဲလို့
ကျတော်ဟာ လူသားစစ်စစ်ပါဗျာ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS