(ဘဝသမားလေးမှ အားလုံးကိုလေးစားလျှက်)
ထွက် ပေါက်
Labels:
poem
နံရံပေါ်က နာရီတွေ
အသိစိတ်ကို စည်းချက်ပေး
လက်တံတွေရဲ့ ဦးတည့်ရာကို
ခြေလက်တွေက ခပ်သွပ်သွပ်
ခုတ်မောင်းနှင်ရတယ်
သူကြွယ်တယောက်ရဲ့ အလိုကျပေါ့
ကာရန်မညီ စည်းဝါးမကျတဲ့
ဝင်ထွက်သက် ရှိုက်သံတွေရဲ့
နောက်ကွယ်က ဘဝအမောကို
ခြေလက်တွေ ဖေးကူရတယ်
ဝမ်းစာ အတွက်ပေါ့
အရောင်ဖျော့တဲ့ မျက်ဝန်းတွေမှာ
နောက်ကျောကို ဓါးနဲ့ထိုးမဲ့
အနာဂတ်တွေကို ဆိုးရွံ့နေတယ်
ဆတ်ဆတ်ခါနေတဲ့ နှုတ်ဖျားတွေ
မလှမ်းမကမ်း မူလတန်းက
စာအံသံတွေ သူတီးတိုးတယ်
မဝံ့မရဲ လျော့ရဲရဲနဲ့
အခွင့်ရှိရင် မနက်ဖြန်ရဲ့
အချိန်သစ်ကို ရောင်းချချင်တယ်
အခန်းကျဉ်းထဲက ညစာအတွက်ပေါ့
အသစ်တခုသာ ရွေးချယ်ခွင့်ရရင်
ဒုက္ခကို စာစီလို့ကောင်းတဲ့
လောကကြီးအတွက် လက်တွေ့မှာ
ဘုရားပေးတဲ့ဆုလို ကြီးမြတ်
ကောင်းကင်သစ်ဆီသို့
တခါပြန် ကူးပြောင်ချင်မိတယ်.......။
အသိစိတ်ကို စည်းချက်ပေး
လက်တံတွေရဲ့ ဦးတည့်ရာကို
ခြေလက်တွေက ခပ်သွပ်သွပ်
ခုတ်မောင်းနှင်ရတယ်
သူကြွယ်တယောက်ရဲ့ အလိုကျပေါ့
ကာရန်မညီ စည်းဝါးမကျတဲ့
ဝင်ထွက်သက် ရှိုက်သံတွေရဲ့
နောက်ကွယ်က ဘဝအမောကို
ခြေလက်တွေ ဖေးကူရတယ်
ဝမ်းစာ အတွက်ပေါ့
အရောင်ဖျော့တဲ့ မျက်ဝန်းတွေမှာ
နောက်ကျောကို ဓါးနဲ့ထိုးမဲ့
အနာဂတ်တွေကို ဆိုးရွံ့နေတယ်
ဆတ်ဆတ်ခါနေတဲ့ နှုတ်ဖျားတွေ
မလှမ်းမကမ်း မူလတန်းက
စာအံသံတွေ သူတီးတိုးတယ်
မဝံ့မရဲ လျော့ရဲရဲနဲ့
အခွင့်ရှိရင် မနက်ဖြန်ရဲ့
အချိန်သစ်ကို ရောင်းချချင်တယ်
အခန်းကျဉ်းထဲက ညစာအတွက်ပေါ့
အသစ်တခုသာ ရွေးချယ်ခွင့်ရရင်
ဒုက္ခကို စာစီလို့ကောင်းတဲ့
လောကကြီးအတွက် လက်တွေ့မှာ
ဘုရားပေးတဲ့ဆုလို ကြီးမြတ်
ကောင်းကင်သစ်ဆီသို့
တခါပြန် ကူးပြောင်ချင်မိတယ်.......။